Mercedes AMG G63 ကားအတွက် Manhart Tuning ပိုင်းရဲ့ Inferno Body Kit အလန်းစားကို လွန်ခဲ့တဲ့ ၃ နှစ် လောက်ကတည်းက စတင် ထုတ်ပေးခဲ့ဖူးပါတယ်။ အခုဆိုရင်တော့ အဆိုပါကားကိုပဲ ကာဗွန် ဖိုက်ဘာ Components အလန်းစားတွေနဲ့အတူ G800 Inferno အဖြစ် ကောင်းကောင်းကြီးကို အဆင့်မြှင့်တင်ပေးလိုက်ပြန်ပါပြီ။ အခုကား အတွက်အသစ် ဖန်တီးပေးလိုက်တဲ့ ကာဗွန်ဖိုက်ဘာတွေမှာ ဆိုရင် ပိုကျယ်လာတဲ့ Fenders ‌တွေ ၊ ကျစ်ကျစ်လစ်လစ် နဲ့ အတော်မိုက်တဲ့ ဘန်ဘာတွေ ၊ Vented Hood အင်ဂျင်စက်ဖုံး ၊ အမိုးအတွက် LED မီးတွေ ၊ Diffuser အသစ်နဲ့အတူ Sports Car တွေမှာလို အနောက်ဘက်မှာ တပ်ဆင်ထားတဲ့တောင်ပံ စသဖြင့် တော်တော်လေးကို စုံစုံလင်လင် ပါဝင်လာခဲ့တာ တွေ့ရပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အပြင်ပိုင်းမှာပဲ ကြည့်ရတာ ‌မိုက်နေတာတင်မဟုတ်ပဲ အတွင်းခန်းပိုင်းထဲမှာကို လှလှပပပြင်ဆင် ထားပါသေးတယ်။ Alcantara သားနဲ့ Perforated လယ်သာသားတွေကို အတွင်းခန်းအပြည့် အသုံးချထားပြီး Manhart ရဲ့ အမှတ်သညာလို ဖြစ်နေတဲ့ ရွှေရောင် Decal Set အပြင်အဆင်တွေကိုလည်း အနက်ရောင် အတွင်းခန်း ပေါ်မှာ လိုက်ဖက်ညီစွာနဲ့ကို ထည့်ပေးထားလိုက်တာ တွေ့ရမှာပါ။ အခုကားသစ်ကို မြေပြင်နား ပိုနိမ့်စေဖို့အတွက် H&R Springs အသစ်တွေ ထည့်သုံးပေးထားပြီး ကားကို ကိုင်တွယ်ထိန်းသိမ်းရတာ ပိုကောင်းစေမယ့် Handling ပိုင်းကိုလည်း ပြင်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ကားရဲ့ဘီးတွေမှာ Manhart ရဲ့ ရွှေရောင် Forged Line တွေကို ထည့်ပေးထားတာကြောင့် ကားက ကြည့်လိုက်တာနဲ့တင် သာမန်ထက် ကြွတက်လှပနေတာမျိုး တွေ့ရပါတယ်။

Photo Credit: AllAutoExperts

ဒီဇိုင်းတင်မကပဲ ဆော့်ဖ်ဝဲ နဲ့ Turbo Performance တွေပါ ပေါင်းထားတာကြောင့် ကားရဲ့ သာမန် Twin Turbo 4.0 Liter V8 Engine ဆီကနေ ပိုကောင်းတဲ့ 798 hp နဲ့ 863 lb-ft Torque အထိကို စွမ်းဆောင် လာနိုင်တာ တွေ့ရပါတယ်။ မူလ ကားရဲ့ စွမ်းဆောင်ရည်တုန်းကတော့ 577 hp နဲ့ 627 lb-ft Torque အထိပဲ ရှိထားတာကြောင့် အတော်လေးကို တိုးတက်လာတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ အခု Tuning Package အသစ်အတွက် ကုန်ကျစရိတ်တွေကို မသိရသေးပေမယ့် လမ်းကြမ်းပိုင်းကောင်းပြီးသား အခုလို ကားကောင်းတစ်စီးကိုမှ ပိုလန်းအောင် ပြင်ဆင် ပေးထားနိုင်တာကြောင့် သေချာပေါက် ဝယ်ယူချင်ကြမယ့် ကားကောင်းတစ်စီးအဖြစ်တော့ ရှိနေမှာ ဖြစ်ပါတယ်။

Ref: AllAutoExperts