2021 Ram 1500 TRX ကို စွမ်းဆောင်ရည်မြှင့်တင်ပေးခဲ့ပြီးနောက် Hennessey Performance Engineering က ထိုင်ခုံတွေပိုမို ထည့်သွင်းပေးနိုင်ဖို့ ဆုံးဖြတ်ခဲ့ကာ TRX ကားကို ထိုင်ခုံ ၇ လုံးပါဝင်ပြီး ဂဏန်းလေးလုံး ပမာဏ စွမ်းဆောင်ရည်ရှိတဲ့ Hennessey Mammoth SUV 1000 ကားအဖြစ် ပြောင်းလဲ ဖန်တီးပေးလိုက်ပါတယ်။ Mammoth 1000 ကားက TRX Pickup ကားရဲ့ကိုယ်ထည်ကို ဆက်လက်ထိန်း သိမ်းထားပေမယ့် အတွင်းပိုင်း ပိုမိုကျယ်ဝန်းအောင် Bed ကို လဲလှယ်လိုက်ပြီး အရွယ်ရောက်ပြီးသူ ၇ ယောက် သက်တောင့်သက်သာစီးနင်းနိုင်စေမယ့် ထိုင်ခုံ ၇ လုံးကို ထည့်သွင်းပေးလိုက်သလို တတိယခုံတန်း နောက်မှာတော့ Luggage ထည့်စရာနေရာ ပါဝင်လာမှာပါ။ ဒါ့အပြင် ကားက 0-60 mph အထိ အရှိန်တင် နိုင်ဖို့ အချိန် ၃.၂ စက္ကန့်သာ လိုအပ်မှာဖြစ်ပြီး 120 mph အရှိန်နှုန်းနဲ့ တစ်မိုင်ရဲ့ လေးပုံတစ်ပုံကို ၁၁.၄ စက္ကန့်နဲ့ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။
Mammoth SUV 1000 ကားက Off-Road Package ကိုလည်း ရရှိနိုင်အုံးမှာဖြစ်ပြီး ၂.၅ လက်မ Lift ၊ LED မီးလုံးတွေတပ်ဆင်ထားမယ့် Custom Front Bumper ၊ Front-Suspension Leveling Kit နဲ့ ၃၅ လက်မရှိတဲ့ Off-Road တာယာတွေ ဝန်းရံထားမယ့် လက်မ ၂၀ ဘီးတွေလည်း တပ်ဆင်ပေးထားပါတယ်။ အဆိုပါကားကိုတော့ အစီးရေ ၂၀ သာ ကန့်သတ်ထုတ်လုပ်လာမှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၃၇၅,၀၀၀ ကျသင့်မှာဖြစ်တာကြောင့် Mammoth 1000 Pickup အတွက်ကျသင့်မယ့် ဒေါ်လာ ၁၃၅,၃၅၀ နဲ့ နှိုင်းယှဉ် မယ်ဆိုရင် ဈေးနှုန်းက ၂ ဆ မက မြင့်မားနေတာ ဖြစ်ပါတယ်။ Hennessey ကတော့ TRX ကို အခြေခံထား မယ့် Mammoth 6×6 ကားကိုလည်း ဖန်တီးဖို့ စီစဉ်နေပြီး အဆိုပါကားမှာတော့ 1,200 hp စွမ်းဆောင်ရည် ရှိတဲ့ Hellephant Crate Engine ကို တပ်ဆင်ပေးထားမှာ ဖြစ်ကာ အစီးရေ ၃ စီးသာ ထုတ်လုပ်ဖို့ ရည်မှန်း ထားပြီး ဒေါ်လာ ၅၀၀,၀၀၀ ဝန်းကျင်ကျသင့်သွားမှာဖြစ်ပါတယ်။
Hennessey က အခုလို Pickup Truck ကားတစ်စီးကို SUV တစ်စီးအသွင် ပြောင်းလဲဖန်တီးတာက ပထမ ဆုံးအကြိမ် မဟုတ်တော့ပဲ ၂၀၁၂ ခုနှစ်တုန်းက Ford F-150 Raptor SUV နဲ့ ၂၀၁၅ ခုနှစ်မှာ Ford F-250 SUV ကား တို့ကို ဖန်တီးခဲ့ သေးတာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority