အိန္ဒိယရဲ့ Jeep Wrangler လို့ လူသိများထားကြတဲ့ Mahindra Thar ကားကတော့ ယခင်က 4WD အနေနဲ့ပဲ ရရှိထားခဲ့ ရာမှ အခုဆိုရင် ဈေးပိုသက်သာမယ့် Rear-Wheel Drive Version ကားသစ်ကို ထုတ်လုပ်ပေးလာပြီ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကတော့ $ 12,243 လောက်ပဲ ကျသင့်မှာ ဖြစ်တာကြောင့် သူ့ကားတန်းမှာတော့ ဈေးအသက်သာ ဆုံး လို့ပဲ ဆိုရမှာဖြစ်ကာ 1.5 Liter ဒီဇယ်အင်ဂျင်ကြောင့် လည်း ဖြစ်နိုင်ပါတယ်။

Photo Credit: AllAutoExperts

နှိုင်းယှဉ်ကြည့်ရမယ် ဆိုရင်တော့ ယခင် 4WD ကား ရဲ့ ဈေးအနည်းဆုံးဖြစ်တဲ့ ဓာတ်ဆီ သုံးအင်ဂျင်နဲ့ ကားမှာဆိုရင် $ 16,641 အထိ ကျသင့်တာဖြစ်ပြီး ဈေးအကြီးဆုံး 4WD ဒီဇယ်အင်ဂျင်မှာဆိုရင် $ 19,947 အထိ ကျသင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့တောင်မှ သီးသန့် ထုတ်ပေးထားတဲ့ Jeep Wrangler Unlimited Edition နဲ့ ယှဉ်မယ်ဆိုရင်တော့ $ 70,871 အထိ ကျသင့်နေတာကြောင့် တော်တော်လေး သက်သာသေးတဲ့ ပုံစံကို မြင်ရမှာပါ။ အခု RWD Version အသစ် မှာတော့ Mahindra အနေနဲ့ ယခင် 4WD ကား နဲ့ ဒီဇိုင်း ပုံအတူတူကို ပဲသုံးပေးထားကာ သိသာတာဆိုလို့ 4×4 Logo လေး မပါလာတော့ပဲ ရှိပါတယ်။ အခု Thar Model RWD ကားသစ်ကတော့ အမိုးမာ တစ်မျိုးတည်းနဲ့ပဲ ရနိုင်မှာဖြစ်ပြီး အမိုးပျော့ Version ကတော့ 4WD ကားမှာပဲ ရနိုင်ဦးမှာပါ။ဒါပေမယ့် အခုကားသစ်အတွက် အင်ဂျင်ရွေးချယ်စရာ ၂ မျိုး အထိတော့ ရလာနိုင်ပါသေးတယ်။

Photo Credit: AllAutoExperts

1.5 Liter ဒီဇယ် အင်ဂျင်ကိုမှ Six-Speed Manual ဂီယာနဲ့ အတွဲအဖက်ကတော့ 117 hp နဲ့ 221 lb-ft Torque စွမ်းဆောင်ရည်ကို ရနိုင်မှာပါ။ ‌ဒီထက် ပိုကောင်းတဲ့ ရွေးချယ်စရာကတော့ 2.0 Liter ဓာတ်ဆီ အင်ဂျင်ဖြစ်ပြီး Six- Speed Torque Converter Automatic ဂီယာကြောင့် 150 hp နဲ့ 236 lb-ft Torque အထိ ရှိလာမှာပဲ ဖြစ်ပါတယ်။ 4WD Version မှာ တုန်းကလည်း 2.0 Liter ဓာတ်ဆီ အင်ဂျင်ကို ရခဲ့ဖူးပြီး 130 hp စွမ်းဆောင်နိုင်တဲ့ 2.2 Liter ဒီဇယ် အင်ဂျင်ကိုလည်း ရနိုင်ပါသေးတယ်။ အခု ဇန်နဝါရီ ၁၄ ရက် နေ့မှာတော့ အဆိုပါ Mahindra Thar Lineup အသစ်ကို စတင် ချပြလာမှာဖြစ်ပြီး အခုဈေး တွေ အတိုင်းကိုတော့ ပထမဆုံးမှာယူသူ အစီးရေ ၁၀,၀၀၀ အတွက်ပဲ သတ်မှတ် ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AllAutoExperts