ကားထုတ်လုပ်ရေးတွေရဲ့ နာမည်ကျော် ကုန်ကြမ်း ‌နည်းပညာထောက်ပံ့ပေးသူ ဖြစ်တဲ့ Magna ကုမ္ပဏီက တော့ မီး‌အလင်းရောင်နဲ့ ပတ်သက်တဲ့ Hardware နည်းပညာသစ် တစ်ရပ်ကို ချပြလိုက်ပါတယ်။ အဆိုပါ နည်းပညာ ကတော့ ကားရဲ့ ကိုယ်ထည် Panel တိုင်းကို မီးအလင်းရောင် ပေးနိုင်တဲ့ နေရာတွေ အဖြစ် အလွယ်တကူ ပြောင်းလဲ ပေးမှာပါ။ ဒါ့အပြင် အဆိုပါ နည်းပညာသစ်ကိုတော့ လာမယ့် ၂၀၂၃ မှာတင် စတင် ထုတ်လုပ် ပေးနိုင်တော့မယ် လို့လည်း သိရပြန်ပါတယ်။ ထုတ်ကုန်ရဲ့ နာမည်ကိုတော့ Breakthrough Lighting လို့ အမည်ပေးထားပြီး ကားရဲ့ Litgate ပေါ်မှာ Thermoplastic Liftgate အပြားလေးတွေ ကပ် ပေးထားတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ ကားတစ်စီးရဲ့အခြားသော အစိတ်အပိုင်းတွေက လည်း အခုလိုမျိုး Thermoplastic နဲ့ပဲ ဖန်တီးထားတယ်ဆိုရင် တော့ အခု နည်းပညာကို ကားတစ်စီးရဲ့ ဘယ်နေရာမှာမဆို သုံးနိုင်မှာပါ။ အခု နည်းပညာကို သရုပ်ပြထားတဲ့ ပုံအရတော့ ရုတ်တရက် ကြည့်လိုက် မယ် ဆိုရင် သာမန် Conventional Taillight တွေရဲ့ ပုံစံအတိုင်းပဲ မြင်ရနိုင်တယ် ဆိုပေမယ့် တကယ်တမ်း မှာတော့ အသုံးမပြုတဲ့ အချိန်မှာ လုံးဝဖုံးကွယ် ထားနိုင်ပြီး ကားရဲ့ ကိုယ်ထည်လို့ပဲ ထင်နေရမှာပါ။ ဒါ့အပြင် အခု နည်းပညာသစ်ကနေ ကြိုက် တဲ့ သီးသန့် အရောင်တွေ ထုတ်ပေးနိုင်တဲ့ အထိလည်း Customers တွေ က ရွေးချယ်နိုင်ဦးမယ်လို့ Magna က ဆိုထားပါတယ်။ အခု Breakthrough Lighting စနစ် ဆိုတာက တော့ အနာဂါတ် ကားဒီဇိုင်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာ နိုင်ပြီး အခုလို မျိုး အလင်းရောင် ပိုင်းတွေကို ဒီဇိုင်းအလှဆင်ဖို့ အဓိက သုံးလာကြ လိမ့်မယ်လို့လည်း Magna က ရည်မှန်းထားပါတယ်။ ကားတစ်စီးရဲ့ မီး အရောင် ထုတ်ပေးနိုင်တဲ့နေရာက ယခင်လိုမျိုး အကန့်အသတ် မရှိတော့ပဲ ကြိုက်တဲ့နေရာ ကနေ မီးရောင် ထွက်နိုင်မယ့် နည်းပညာကြောင့် ဖန်တီးသူ ဒီဇိုင်နာတွေ အတွက်လည်း သေချာပေါက် ပိုပြီး လွတ်လွတ် လပ်လပ် ဖန်တီးလာနိုင်မယ် ဆိုတာ သေချာပါတယ်။

ဒါ့အပြင် အခု နည်းပညာကို အလှဆင်ဖို့ သပ်သပ်တင် မဟုတ်ပဲ ကားနဲ့ လမ်းအသုံးပြုသူ ပတ်ဝန်းကျင်အ ကြား ချိတ်ဆက် ပေးနိုင်ဖို့ အတွက်ပါ အသုံးတည့်လိမ့်မယ်လို့လည်း Magna ဘက်က ယူဆထားတာပါ။ အထူးသဖြင့် လမ်းအသုံးပြုသူတွေ နဲ့ အခြားသော ယာဉ်တွေ အတွက်လည်း ကားတစ်စီးရဲ့ ကိုယ်ထည်ကနေ အချက်ပြ‌မီး တွေ သုံးကာ ဆက်သွယ်ခြင်းဖြင့် ပိုပြီး လုံခြုံစိတ်ချရတဲ့ အခြေ‌အနေတွေကို တိုးတက်စေလိမ့် မယ်လို့လည်း ယုံကြည် ရတာဖြစ်ပါတယ်။ အထူးသဖြင့် မောင်းသူမဲ့ ကားတွေမှာ ဒါမျိုးတွေ သုံးမယ် ဆိုရင် တော့ ပိုအဆင်ပြေနိုင်ပြီး လက်ရှိ လူသားတွေ မောင်းနှင်နေရတဲ့ ကားတွေမှာတော့ တစ်ခါတစ်လေ လက် ဟန်ခြေဟန်တွေ ပြနေရတာ ထက်စာရင် အခု လိုမျိုး ကြိုက်တဲ့ နေရာက မီးရောင် ထုတ်ပြနိုင်တာမျိုး က တော့ နောက်ထက် ဆက်သွယ်ရေး နည်းအသစ်တစ်မျိုးပါ ဖြစ်လာ နိုင်ပါတယ်။ ယခင်တုန်းကတော့ အခုလို နည်းပညာမျိုးကို အမေရိက မှာသာစပြီး အသုံးပြုဖို့ တီထွင်ခဲ့မယ် ဆိုရင် ကန့်သတ်ချက် တစ်ချို့ကြောင့် အဆင်မပြေ ဖြစ်ကောင်း ဖြစ်နိုင်မှာပါ။ ဒါပေမယ့် အခု အခြေအနေကတော့ Adaptive Matrix LED Headlight တွေ အသုံးပြုဖို့ကို NHTSA က အခုနှစ် အစောပိုင်းတုန်းက ခွင့်ပြုလိုက်ပြီ ဖြစ်တာ ကြောင့် တစ်ခြားသောကား ဈေးကွက်တွေနဲ့ ဖန်တီးမှုမှာ အတူတူလုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တဖြည်း ဖြည်းနဲ့ အခုလိုမျိုး ခပ်ဆန်းဆန်း နည်းပညာတွေကိုပါ ကားသစ်တွေမှာ ဆက်ပြီး မြင်တွေ့ လာရတော့မယ် ဆိုတာသေချာနေပြီ ဖြစ်ပါတယ်။

Ref: MotorAuthority