၂၀၂၃ မတ်လ ၃ ရက်နေ့မှာတော့ Geely Group Motorsport က ယမန်နှစ်က ချပြခဲ့တဲ့ Lynk & Co 03 အပေါ်အခြေခံ ဖန်တီးထားတဲ့ မျိုးဆက်သစ် Lynk & Co 03 TCR ကားကိုထုတ်ဖော်ပြသလာခဲ့ပါတယ်။ အဆိုပါကားကတော့ Geely Group Motorsport ရဲ့ TCR Program ၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

2023 Lynk & Co 03 TCR ကားကိုတော့ ၂၀၂၂ စက်တင်ဘာလတုန်းက ထုတ်လုပ်ခဲ့တဲ့ ၂၀၂၂ မျိုးဆက် 03 Sedan ကားကိုအခြေခံ ဖန်တီးထားတာပါ။ အဆို ပါ ကားမှာတော့ အရှေ့နဲ့အနောက်ဖက် ဒီဇိုင်းသွင်ပြင် အသစ်တွေကိုမှ Hybrid စနစ်အသစ်နဲ့ပေါင်းစပ်ပေးထားပြီး ၂၀၂၄ မှာ ထုတ်လုပ်လာမယ်လို့ ဆိုထား ပါတယ်။ မော်ဒယ်အသစ်မှာတော့ FIA Safety Standards စနစ် စံအဖြစ်ပါဝင်လာပြီး Crash Structure နဲ့ Roll Cage အသစ်အပြင် အမိုးပေါ်မှာတော့ Hatch တစ်ခုတပ်ဆင်ပေးထားပါသေးတယ်။

Photo Credit: CarNewsChina

စွမ်းဆောင်ရည်ပိုင်းအရဆိုရင်တော့ Geely Group Motorsport ကအဆင့်မြှင့်တင်ထားတဲ့ Lynk & Co Powertrain ကိုအသုံးပြုပေးထားကာ ပထမဆုံး မျိုးဆက် ပြိုင်ကားမှာ တပ်ဆင်ထားတဲ့အတိုင်း 2.0 Liter Four-Cylinder Turbocharged Engine တပ်ဆင်ပေးထားပြီး 340 hp နဲ့ 420 Nm Torque အထိ စွမ်းဆောင်နိုင်မှာပါ။ အဆိုပါကားကိုတော့ Front-Wheel Drive ကိုမှ Six-Speed Sequential Gearbox နဲ့တွဲဖက်ပေးထားပြီး အလေးချိန်ကတော့ ၁၂၆၅ ကီလိုဂရမ်ဝန်းကျင်ရှိတာပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ် Lynk & Co 03 TCR ကား ၄ စီးကိုတော့ ဧပြီလကုန်မှာ ပေါ်တူဂီ နိုင်ငံ Portimao မှာ ကျင်းပ မယ့် TCR World Tour Program အတွက်  Cyan Racing ဆီပို့ဆောင်ပေးသွားမှာပြီး ဈေးနှုန်းကတော့ ယူရိုငွေ 148000 ဝန်းကျင် ကျသင့်မှာပဲ ဖြစ်ပါ တယ်။

Ref: CarNewsChina