လျှပ်စစ် ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Lucid Air တို့ ကတော့ သူတို့ရဲ့ ပထမဆုံးသော ကားကို ပြီးခဲ့တဲ့ လပိုင်း လောက် တုန်းကပဲ စတင် ရောင်းချနိုင်ခဲ့ပြီး အခု ဆိုရင်တော့ ပထမဆုံးအကြိမ် ဈေးကွက်ထဲကနေ ပြန်လည် သိမ်းဆည်းရတဲ့ အဖြစ်ကို ကြုံတွေ့ လိုက်ရပါပြီ။ အဆိုပါ ပြန်လည် သိမ်းဆည်း ရတဲ့ ပမာဏ ကတော့ ကား အစီးရေ ၂၀၃ စီးသာ ဖြစ်လို့ ကားရောင်းချ ရမှုရဲ့ ၁ ရာခိုင်နှုန်းလို့သာ ကုမ္ပဏီဘက်က ဆိုထားပေမယ့် သူတို့ ရဲ့ ကုမ္ပဏီပိုင်ရှယ်ယာတွေကတော့ ၅ % လောက်အထိ ကျဆင်းလာခဲ့ပါတယ်။ NHTSA ရဲ့ အချက်အလက် တွေအရ ဆိုရင်တော့ အခုပြန်လည် သိမ်းဆည်း ရတဲ့ ပြဿနာက အရှေ့ဘက်ကား Damper အပိုင်းမှာ Air Suspension အပိုင်း ချို့ယွင်းချက် တစ်ချို့ရှိနေတာ ကြောင့်လို့ သိရပါတယ်။ အဓိကကတော့ ကားကို ထုတ် လုပ်စဉ်ကတည်းက အဆိုပါ အစိတ်အပိုင်း ပံ့ပိုးပေးသူ ဆီကနေကို မှားယွင်းလာခဲ့ ပုံရပါတယ်။ အခု အစိတ် အပိုင်း ချို့ယွင်းမှုကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတစ်စုံတစ်ရာကို မကြားသိထားရသေးပေမယ့်လည်း Customers တွေကိုတော့ လုံးဝ ကုန်ကျစရိတ် မရှိစေပဲ ပြန်လည်ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။
ကုမ္ပဏီကနေ ကားပိုင်ရှင်တွေဆီပေးပို့တဲ့ အကြောင်းကြာစာထဲမှာဆိုရင်တော့ ဘာကြောင့်အခုလို ပြန်လည် သိမ်းဆည်း ရတယ်ဆိုတဲ့ အချက်အဖြစ် ချို့ယွင်းချက် အသေးစိတ်ကအစ ရှင်းပြထားတာပါ။ စာထဲမှာတော့ ကားရဲ့ Ground Clearance အပိုင်း ပြဿနာ ရှိလာနိုင်တာတွေ ၊ ယာဉ်တုန်ခါမှု ဖြစ်နိုင်တာတွေနဲ့ အရှေ့ ဘက် ဘရိတ်လိုင်းပြတ်တာတွေ နောက်ဆုံး ယာဉ်မတော်တဆမှုတွေအထိ ရှိလာနိုင်လို့ ပြန်လည် ပြုပြင်ပေး မှာ ဖြစ်တယ်ဆိုပြီး ဖော်ပြထား ပါတယ်။ အဓိက ကတော့ ယာဉ်မောင်း အတွက် ကြိုတင်မသိရှိနိုင်ပဲ အဆိုပါ ချို့ယွင်းချက်က ရုတ်တရတ် ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အဆိုပါ Damper ချို့ယွင်းချက်က လျှပ်စစ်နဲ့ ချိတ်ဆက်ထားတဲ့ အပိုင်း ဖြစ်မယ် ဆိုရင်တော့ Suspension Control Fault ဖြစ်ပါတယ်၊ Service Center ကို အကြောင်းကြားပါ ဆိုပြီး သတိ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဘရိတ်အပိုင်း တွေအထိ ထိခိုက်မှု ရှိလာမယ် ဆိုရင်တော့ သတ်မှတ်ထားတဲ့ ဘရိတ်ဆီအဆင့် ၈၁.၉% အောက်ရောက်တာ နဲ့ ဘရိတ်ဆီ နည်းသွားပြီ ဆိုပြီး ယာဉ်မောင်းဆီကို ချက်ချင်း သတိ ပေးစာတွေ ရောက်လာမှာဖြစ်ပါတယ်။
Lucid ဘက်ကတော့ အခု ကားတွေကို ပြန်လည်သိမ်းဆည်း ပြင်ဆင်ရတယ် ဆိုပေမယ့်လည်း ယာဉ်ပိုင်ရှင် တွေအနေနဲ့ အစအဆုံး ပြင်ဆင်မှုကို တစ်နာရီလောက်ပဲ ကြာအောင် စောင့်ဆိုင်းပေးရမှာ ဖြစ်တယ်လို့ ဆို ထား ပါတယ်။ တကယ်လို့ အဆိုပါ ပြန်လည် ပြင်ဆင်နေချိန် တစ်နာရီအတွင်း ကားပိုင်ရှင် သွားစရာ လာ စရာ ပေါ်ပေါက်လာခဲ့ရင်တောင် အစားထိုး ကားငှားပေးတာ ဒါမှမဟုတ် ယာဉ်တစ်မျိုးမျိုး စီစဉ်ပေးတာ တွေအထိ လုပ်ပေး သွားဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ Lucid Air ရဲ့ ကားတွေမှာ ချို့ယွင်းချက် တစ်ချို့ ပါလာခဲ့တာ အခုတစ်ခေါက် က ပထမဆုံးအကြိမ် မဟုတ်ပဲ စစချင်း ရောင်းချခဲ့စဉ်တုန်းကလည်း ကြော်ငြာ ထဲမှာမြင်ခဲ့ရတဲ့ DreamDrive Advanced Driver-Assistant နည်းပညာ မပါဝင်လာခဲ့ဖူးလို့ Dream Edition ကားပိုင်ရှင်တွေ ဆီက သတင်းကြားခဲ့ ရပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ပြဿနာကို OTA Update ပေးပြီး ဖြေရှင်းနိုင်ခဲ့တာပါ။ အခု Air Suspension ပြဿနာကတော့ Software Update နဲ့ ဖြေရှင်း မရတာကြောင့် ကံဆိုးတာပဲဖြစ်ပြီး တစ်ချို့သော ကားပိုင်ရှင် တွေအဖို့ ဆိုင်မှာပြန်သွား ပြင်ရတော့မှာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com