လက်ရှိမှာတော့ လျှပ်စစ် ကားကုမ္ပဏီသစ် Lucid တို့က ကားအစီးရေပေါင်း ၁,၁၁၇ စီး အထိကို ထုတ်လုပ်ပေးခဲ့ပြီး အဆိုပါ ကားတိုင်းက Lucid Air အမျိုးအစားတွေပဲ ဖြစ်ကာ နောက်ပိုင်း SUV ကား Gravity ဆိုရင် ထွက်တောင် မထွက် သေးတာပါ။ ဒါပေမယ့် အခုတော့ အဆိုပါ ကားသစ်ပေါင်း ၁,၁၁၇ စီး လုံးကိုပြန်လည် သိမ်းဆည်းရဖို့ ရှိလာခဲ့ ပြန်ပါတယ်။ အဆိုးဆုံး အချက်ကတော့ အဆိုပါ ကားရဲ့ အတွင်း ခန်းထဲက Screen က ကောင်းကောင်းမွန်မွန် အလုပ် မလုပ်နိုင် ဖြစ်နေရတာပါ။ သာမန် ကြည့်ရင်တော့ Screen မပါလည်း မောင်းလို့ ရကောင်းရနိုင်တယ် ဆိုပေမယ့် တစ်ချို့ ကိစ္စတွေမှာတော့ လုံးဝမဖြစ်နိုင်တာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဆိုပါ ကားတွေ ပြန်လည် သိမ်းဆည်း ဖို့ကိုတော့ မေလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ကုမ္ပဏီ ဘက်က ကြေညာလာခဲ့တာ ဖြစ်ပါတယ်။ အခုလို ပြန်လည် သိမ်းဆည်း ရမယ့် အခြေအနေကို ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ လောက်ကတည်းက အကြမ်းဖျဉ်း သတိပြုလာမိတယ်လို့ ကုမ္ပဏီ ဘက်က ဆိုထားခဲ့ပြီး ထုံးစံ အတိုင်းပဲ အခု ပြန်လည် ပြင်ဆင်ပေးမယ့် အပိုင်းတွေကတော့ လုံးဝ အခမဲ့ပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Lucid ရဲ့ ပြန်လည် သိမ်းဆည်းရခြင်း အကြောင်းရင်းတွေကို ဖော်ပြထားရာမှာတော့ အလယ်နဲ့ ဘယ်ဘက်က Display တွေ ရဲ့ ကြိုးတွေ ကတော့ စတီယာတိုင် နဲ့ မလွတ်တာ ကြောင့် နောက်ပိုင်းမှာ Display ပိုင်း လွတ်သွားတာ တွေ လုံးဝ မမြင် ရတော့တာတွေ ဖြစ်တတ် တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်ကတော့ Lucid Air တွေမှာမှ မေလ ၄ ရက် ၊ ၂၀၂၂ နောက်ပိုင်းထုတ်လုပ်ခဲ့တဲ့ ကားတွေ ဆိုရင်တော့ အခုပြဿနာ ကြုံရမှာမဟုတ်ပဲ အန္တရာယ် ကင်းနိုင်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အဆိုပါ နောက်ပိုင်း ထုတ်လုပ်ထားတဲ့ ကားတွေဆိုတာလည်း ဈေးကွက် ထဲကိုတော့ မရောက်နိုင်သေးပြန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရက်မတိုင်ခင် ထုတ်လုပ်ခဲ့တဲ့ ကားတိုင်း ကတော့ သူတို့ရဲ့ အတွင်းခန်း Cabin ပိုင်းကို သေချာပေါက် ပြန်လည်ပြင်ဆင်ရမှာ ဖြစ်ပြီး Lucid ကလည်း စတီယာတိုင် အခုလို ချိန်ညှိတဲ့ အချိန်မှာ ညိသွားတတ်တာကို သေချာပြင်ပေး ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု သတ်မှတ်ထားတဲ့ရက် နောက်ပိုင်းထုတ်လုပ်ထားတဲ့ ကားတွေမှာကတော့ အဆိုပါဝိုင်ယာကြိုးကို အတိုအနေနဲ့ ဖန်တီးထားတာ ကြောင့် ပြဿနာ မရှိနိုင်ဘူးလို့ ယူဆရတာ ဖြစ်ပြီး တကယ်လို့ မတော်တဆ ရှိနေခဲ့မယ် ဆိုရင်တော့ စုစုပေါင်း ၁ % လောက်ပဲ ရှိနိုင်တာ ဖြစ်ပါတယ်။ ဝမ်းသာစရာကောင်းတာ တစ်ခုကတော့ အခုလိုပြန်လည် သိမ်းဆည်း ပြင်ပေးရမှာက သိပ်မကြာပဲ Lucid ရဲ့ ဖော်ပြထားချက် အရ ဆိုရင်တော့ ကားတွေမှာ စတီယာတိုင်နဲ့ လွတ်မယ့် ဝိုင်ယာကြိုး ပုံစံဖြစ်အောင် ပြင်ပေးလိုက်ရုံပဲဖြစ်လို့ လွယ်ကူတယ်လို့ သိရပါတယ်။ ဒီအတိုင်း ဆိုရင်တော့ နောက်ပိုင်းမှာ နောက်ထပ် ဝါယာကြိုး ငြိတာမျိုးတွေ ထပ်မရှိနိုင် တော့ပါဘူး။ တကယ်သာ ဝါယာကြိုးတွေ ငြိလို့ အစားထိုး အသစ် ပြင်ပေးရမယ် ဆိုရင်တော့ ကားအစီးရေ ၁,၁၁၇ စီးစာ ဝါယာကြိုးဖိုးတွေနဲ့ ကုန်ကြမ်း ထောက်ပံ့မှု နည်းပါး နေမှုတွေ ကြောင့် ကုမ္ပဏီအဖို့ အတော်လေး ဒုက္ခရောက်နိုင်တာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com