လျှပ်စစ် ကား ကုမ္ပဏီသစ် Lucid ကတော့ သူတို့ရဲ့ Lucid Air Lineup တစ်ခုလုံးကို ပြီးပြည့်စုံသွားစေမယ့် Air Pure နဲ့ Air Touring အမျိုးအစားသစ်တွေကို လာမယ့် နိုဝင်ဘာ လ ၁၅ ရက်နေ့မှာ စတင်ချပြ မိတ်ဆက် တော့မယ်လို့ သိရပါတယ်။ အွန်လိုင်း ကနေပဲ Global Launch အဖြစ် ပြသမယ့် အဆိုပါပွဲဟာ Lucid Air Lineup တစ်ခုလုံးကို တစ်စု တစ်စည်းတည်း မြင်တွေ့ရမယ့် ပွဲလည်းဖြစ်ကာ ယခင်ထွက်ခဲ့ဖူးတဲ့ Grand Touring ၊ Grand Touring Performance ကားနဲ့ စွမ်းဆောင်ရည်မြင့် Sapphire တို့လည်း ပါဝင်ပြသမှာဖြစ်ကာ Dream Edition ကားကတော့ ရောင်းထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: InsideEvs

နိုဝင်ဘာ ၁၅ ရက် မှာ ကျင်းပမယ့်ပွဲကိုတော့ “In The Air And Beyond – A Lucid Launch Event” လို့ အမည်ပေးထား ပြီး ကုမ္ပဏီရဲ့ Beverly Hills Studio ပွဲမှာ ကျင်းပမှာဖြစ်တဲ့အပြင် Air Touring ကားရဲ့ ပထမဆုံးအကြိမ် စတင်ပို့ဆောင်ပေးမှု အစီအစဉ်လည်း ပါဝင်လာမှာပါ။ ၂ ရက် အကြာမှာတော့ Lucid Air Pure နဲ့ Air Touring ကားတို့ ကို LA Auto Show ပွဲကြီးထဲက CDN Designer Night မှာလည်း ဆက် လက်ပြသသွားဦးမှာ ဖြစ်ပါတယ်။ ကားသစ် နှစ်စီးထဲက Lucid Air ကားကတော့ Air Lineup ထဲက Entry-Level ဖြစ်ပြီး ဈေးကလည်း $ 87,400 ကနေ စတင် ကျသင့်မှာပါ။ အဆိုပါ ကားမှာတော့ လျှပ်စစ် မော်တာ ၂ လုံး၊ All-Wheel Drive စနစ် ပါဝင်လာမှာဖြစ်ပြီး အချက်အလက် အပြည့်အစုံနဲ့ တစ်ခါအားသွင်းရင် ဘယ်လောက်အထိ မောင်းနှင်နိုင်မလဲ ဆိုတာကိုလည်း အဆိုပါ နိုဝင်ဘာ ၁၅ ပွဲ မှာပဲ ကြေငြာသွားမှာ ဖြစ်ပါတယ်။ Lucid Air Pure ကို အခြားသော Trim Level တွေနဲ့ ကွဲပြားသွားစေမယ့် အချက်ကတော့ သတ္တုအမိုးနဲ့ Mojave PurLux အတွင်းခန်း ဒီဇိုင်းတို့ကြောင့်ပါပဲ။ ဈေးနှုန်း $ 107,400 လောက်ကနေ စတင် ကျသင့်မယ့် Lucid Air Touring ကားကတော့ စွမ်းဆောင်ရည် ကောင်းကောင်း ၊ ဇိမ်ခံ အရသာ ဒီဇိုင်းတို့နဲ့ နေရာကျယ်ကျယ် ရစေမယ့် ကားကောင်းတစ်စီးအဖြစ် ထွက်ပေါ်လာမှာပါ။ ဒါ့အပြင် ကားရဲ့ Windshield လေကာမှန်ကိုလည်း Glass Canopy သီးသန့်မှန်နဲ့ ဖန်တီးပေးလာမှာ ဖြစ်ပြီး Lucid ရဲ့ အဆင့်မြင့် ယာဉ် မောင်းအကူနည်းပညာ DreamDrive Pro စနစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ အသေးစိတ် အချက် အလက်တွေကိုလည်း လာမယ့် နိုဝင်ဘာ လ ၁၅ ရက်ပွဲမှာပဲ ချပြသွားဦးမှာပါ။

Photo Credit: InsideEvs

အဆိုပါ အွန်လိုင်း မိတ်ဆက်ပွဲမှာတော့ ကားသစ် ၂ စီး အပြင် Lucid Business နဲ့ အနာဂတ် ကားမော်ဒယ်တွေ အတွက် ပါ ကြေငြာမှုတစ်ချို့ ချပြသွားမှာဖြစ်ပြီး Air Sedan ကားလိုမျိုး ကုမ္ပဏီရဲ့ ကိုယ်ပိုင်နည်းပညာ တွေနဲ့ Project Gravity SUV လို ကားမျိုးကလည်း ‌‌ပြသလာနိုင်ပါတယ်။ နောက်တစ်ခု စိတ်ဝင်စားစရာ ကောင်းတာကတော့ လက်ရှိမှာ လျှပ်စစ် ကားတွေထဲ မော်တာ ၃ လုံး တပ် AWD စနစ် နဲ့ 1,200 hp အထိ စွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်နေတဲ့ Air Sapphire ကားရဲ့ နောက်ဆုံးသော တိုးတက်မှုတွေကိုလည်း ချပြလာဖို့ ရှိပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ $ 249,900 အထိ ကျသင့်တဲ့ အဆိုပါ Sapphire ကားမှာ တစ်နာရီ မိုင် ၆၀ အထိ နှုန်းကို ၂ စက္ကန့်အတွင်းအရှိန်တင် မောင်းနိုင်မှာ ဖြစ်ကာ ၊ မိုင် ၁၀၀ နှုန်းကိုတော့ ၄ စက္ကန့် အတွင်းမှာတင် စွမ်းဆောင် နိုင်ပါတယ်။ ကားရဲ့ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီ မိုင် ၂၀၀ အထက် အထိကို ‌ရှိမှာလည်း ဖြစ်ပါတယ်။

Ref: InsideEvs