Lucid ကတော့ Air Grand Touring ဆိုတဲ့ Sedan ကားတစ်စီးကို ထုတ်လုပ်ပေးခဲ့ရာမှာ 819 hp စွမ်းဆောင်ရည် ရှိပြီး တစ်ခါအားသွင်းထားရင်လည်း ၅၁၆ မိုင်အထိကို မောင်းနှင်နိုင်တဲ့ ပမာဏကိုပေးစွမ်းနိုင်ခဲ့ ပါတယ်။ နဂို မူလဈေး $ 154,000 အထိ ရှိထားတဲ့ အဆိုပါ ကားကိုတော့ Lucid တို့က အခု တစ်ပတ်ထဲမှာတင်ပဲ $ 138,000 အထိကို ဈေးလျှော့ရောင်းပေး လိုက်ပါတယ်။

Photo Credit: MotorAuthority

ဈေးသက်သာ သွားတာနဲ့အတူ ကားမှာ နဂိုပါဝင်ထားတဲ့ Standard Features လုပ်ဆောင်ချက် တစ်ချို့ကိုလည်း ဖယ်ထုတ်ထားခဲ့ပြီး လိုချင်တယ် ဆိုရင်တော့ ထပ်ပြီး ဈေးပိုပေးဝယ်ယူရမယ့် ‌ရွေးချယ်လို့ရတဲ့ ပုံစံတစ်ရပ် အဖြစ် ပြောင်းပေးလိုက်တဲ့ သဘောဖြစ်ပါတယ်။ အခုလိုမျိုး မူရင်းဈေးနှုန်း လျှော့ချပြီး ရွေးချယ်ခွင့်ပေးတဲ့ အနေအထားကို တော့ Air Pure နဲ့ Air Touring Grade တွေမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပြီး $ 87,400 နဲ့ $ 107,400 အထိ ဈေးရှိထားတာ ဖြစ်ပါတယ်။ ယခင်တုန်းက Air Grand Touring မှာ ပါထားတဲ့ Standard Features တွေထဲမှာ ဆိုရင်တော့ Dream Drive Pro Driver-Assist နည်းပညာ ပါဝင် ပြီး အခုတစ်ခေါက်မှာတော့ လိုချင်တယ် ဆိုရင် ဒေါ်လာ ၁၀၀၀ နဲ့ ထပ်မံ ပေးဝယ် ရမှာပါ။ ဒါ့အပြင် $ 4,000 တန် Surreal Pro Audio အသံစနစ် ၊ $ 2,000 တန် ၂၁ လက်မအရွယ် Aero Blade ဘီး‌တွေကို လည်း ရွေးချယ် ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီ ဈေးနှုန်းကို အားလုံး လျှော့ချပေးထားတဲ့ ကားတန်ဖိုးနဲ့ ပေါင်းလိုက်မယ် ဆိုရင်တော့ နဂိုကားရဲ့ $ 154,000 ပမာဏ အတိုင်း အတူတူပဲ ပြန်ဖြစ်သွားမှာပါ။

Photo Credit: MotorAuthority

ဒါပေမယ့် တစ်ခု ထူးခြားတာကတော့ သာမန် Dream Drive Driver Assist Package နဲ့ Standard Surreal အသံ စနစ်တို့ကို ဝယ်ယူတဲ့သူတွေ အတွက်ကို Pro Version တွေပါ ရက် ၉၀ အခမဲ့ ပေးသုံးမယ်လို့ သိရတာပါ။ အခုလိုမျိုး Feature တစ်ချို့ကို ရွေးချယ်စရာ အဖြစ်သာ ထားရှိပြီး ဈေးပြန်လျှော့ ပေးလိုက်တာကတော့ ပြီးခဲ့တဲ့ မေလ တုန်းက မူလဈေး $ 139,000 ကနေ $ 154,000 အထိ ဈေးတက်သွားခဲ့တာ ကို ပြန်ပြီး ထိန်းလိုက်ဟန် ပိုတူပါတယ်။ ဒါပေမယ့် အဆိုပါ $ 139,000 ဈေးတုန်းကတော့ Pro Version တွေပါ အပြည့်အစုံ ပါဝင်သေးတာကြောင့် အဆိုပါ အချိန်က ဈေးက သိသိသာသာ ပိုတန်နေတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority