မနှစ်တုန်းက Goodwood Festival Of Speed ပွဲကြီးမှာ ချပြခဲ့တဲ့ Emira ကားသစ်ရဲ့ အင်ဂျင်ပိုင်းတွေကို မထုတ် ပြသေးတဲ့ Lotus ကတော့ အခုဆိုရင် ဘယ်လိုအင်ဂျင်တွေ ပါလာမယ် ဆိုတာတရားဝင် ဖော်ပြ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်မှာတော့ Mercedes-AMG ရဲ့ M 139 Turbocharged 2.0 Liter Four-Cylinder Engine ကို သုံးပေးထား တော့မှာပါ။ အဆိုပါ အင်ဂျင်ကတော့ မာစီးဒီး ကားတွေမှာတုန်း က ကား အမျိုးအစားတွေပေါ် မူတည်ပြီး 416 hp လောက် အထိကို အမြင့်ဆုံး စွမ်းဆောင် ထားနိုင်တာပဲ ဖြစ်ပါတယ်။ Lotus ကတော့ M 139 ရဲ့ Bespoke Version Engine ကို သုံးထားတာ ဖြစ်ပြီး အခု ကားအ သစ်မှာ အလယ်ဘက်မှာတပ်ဆင်ထားတဲ့ အင်ဂျင် ဒီဇိုင်းနဲ့ ဖြစ်လိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အခု Emira ကားရဲ့စွမ်းဆောင်ရည်က မာစီးဒီးမှာ သုံးတုန်းကထက် 60 hp လောက်အထိ လျော့သွားတဲ့အ ကြောင်း သေချာမပြောပြထားသေးပါဘူး။

Photo Credit: motor 1.com

အဓိက ကတော့ Emira First Edition မှာလည်း သုံးထားတဲ့ စွမ်းဆောင်ရည်မြင့် 3.5 Liter Supercharged V 6 အင်ဂျင် နဲ့ တန်းတူ မဖြစ်နေစေဖို့ အတွက်အနည်းငယ် ဝိတ်လျှော့လိုက်တဲ့ သဘောပါ ပဲ။ အဆိုပါ Toyota ရဲ့ အင်ဂျင်မှာတုန်း ကတော့ 400 hp  အထိ ရှိထားတာဖြစ်ပြီး 309 lb-ft Torque အထိ စွမ်းဆောင် ထားနိုင်တာလည်း ဖြစ်ပါတယ်။ Lotus ကတော့ 2.0 Liter Engine ကို မှ Eight-Speed Dual-Clutch Gearbox နဲ့ တွဲဖက် ‌ထားတာဖြစ်ပြီး Rear-Wheel Drive စနစ်နဲ့ပါ မောင်းနှင်နိုင်အောင် စီစဉ် ပေးထားပါသေးတယ်။ Emira First Edition ကားသစ် တွေကိုတော့ လက်မ ၂၀ အရွယ် Ultra-Light Forged Alloy ဘီးတွေနဲ့ ရရှိမှာဖြစ်ပြီး အဆင့်မြင့် နှစ်ရောင်စပ် အဖြစ်နဲ့လည်း ရွေးချယ် နိုင်ပါသေး တယ်။ ဒါ့အပြင် နောက်ထပ် ရွေးချယ်စရာကောင်း အနေနဲ့လည်း ငွေရောင်နဲ့  Gloss Black ဘီးတွေကို ထည့်သွင်းပေးထားပါသေးတယ်။ ကားရဲ့ အတွင်းခန်းမှာတော့ Two-Piece Calipers တွေကို အနီရောင် ၊ အနက်ရောင် ၊ အဝါရောင်နဲ့ ငွေရောင်တွေအဖြစ် ရရှိနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ အရောင်တွေနဲ့ လိုက်ဖက် မယ့် အပြင်ပိုင်း အရောင်တွေ အနေနဲ့ ဆိုရင်တော့ Seneca Blue ၊ Magma Red ၊ Hethel Yellow ၊ Dark Verdant ၊ Shadow Gray နဲ့ Nimbus Gray တို့ ဆိုပြီး ၆ ရောင် အထိကို ရရှိ နိုင်မှာပါ။

Photo Credit: motor 1.com

ဒါတင်မက သေးပဲ ကားရဲ့ အတွင်းခန်းမှာလည်း Chrome Finish တွေ နဲ့ White Mood နဲ့အတူ အရောင် ကွဲ ၇ ရောင် အထိ ရရှိနိုင်သေးပြီး ထိုင်ခုံတွေကလည်း ပုံစံ ၁၂ မျိုးအထိ ပြောင်းနိုင်မယ့် Power Heated ထိုင်ခုံတွေဖြစ်ကာ Apple CarPlay နဲ့ Android Auto တို့ကိုလည်း အဆင်သင့် ထည့်သွင်းပေးထားပါသေး တယ်။ အခု First Edition ကားသစ်မှာ ဆိုရင်တော့ Drivers Pack ၊ Design Pack နဲ့ Convenience Pack တွေကို ထည့်ပေးထားပြီး Suspension ပိုင်း ၊ တာယာအပိုင်းနဲ့ Privacy Glass တွေ ကားပါကင် Sensors တွေကိုလည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းထားပါတယ်။ Entry Level Four-Cylinder Emira ကတော့ နောက်နွေ‌ရာသီ ‌လောက်မှသာ စတင်ရောင်းချမှာဖြစ်ပြီး V6 အင်ဂျင် ကားကိုတော့ ဇန်နဝါရီ ၂၀၂၃ မှာ စတင် $ 82,900 နဲ့ စတင် ရောင်းချတော့မှာပါ။ အဆိုပါ Entry Level Model နဲ့ ကားကိုတော့ အခု နွေရာသီရဲ့ တစ်ချိန်ချိန်လောက်မှာ အသေးစိတ် အချက်အလက်တွေနဲ့အတူ ချပြလာနိုင်ပါ သေးတယ်။ Lotus Emira First Edition ကားမှာတော့ Four-Cylinder Engine နဲ့ဆိုရင် $ 85,900 ဆိုပေမယ့် Emira ကိုမှ Manual Gearbox နဲ့ ဆိုရင် တော့ $ 93,000 အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ အခု ကားသစ် တွေကိုလိုချင်ကြတဲ့ သူတွေအဖို့ကတော့ လာမယ့် ဧပြီလ ၈ ရက် နေ့က စတင်ပြီးအမှာစာ‌တင်နိုင်ပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com