Lotus ကတော့ ယခင် ထုတ်လုပ်နေကျ ပေါ့ပေါ့ပါးပါး Sports ကား အမျိုးအစားတွေတင်မကတော့ပဲ အခုဆိုရင် Eletre လို့ အမည်ပေးထားတဲ့ စွမ်းဆောင်ရည် အသားပေး ပထမဆုံး လျှပ်စစ် SUV ကားကိုပါ ဖန်တီးလာပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းကပဲ Lotus အနေနဲ့ ကားသစ်ရဲ့ အချက်အလက်တွေကို တရားဝင် မိတ်ဆက်ခဲ့ပြီး ဈေးနှုန်း ပိုင်း ကလည်း အစောပိုင်း ဈေးကွက် အတွက်တော့ စတင်သိရှိလာရပါပြီ။ ကားသစ်တွေကိုတော့ လာမယ့် ၂၀၂၃ အရောက် မှာ ဥရောပ ‌ဈေးကွက်ထဲကနေ စတင်ဖြန့်ချီမှာဖြစ်ပြီး နောက်ပိုင်း အခြားဈေးကွက်တွေထဲ ပို့ဆောင်ကာ ၂၀၂၄ ဆိုရင် အမေရိက ဈေးကွက် အထိပါ ရောက်မယ်လို့ သိရပါတယ်။ ကားရဲ့ မူလဈေးကွက် အခြေစိုက်ရာ ယူကေ နိုင်ငံ မှာတော့ ပေါင် ၈၉,၅၀၀ ($ 102,620) လောက် နဲ့ ဈေးစတင်လာတာတွေ့ရပြီး အမေရိက ဈေးကွက်တွေ အတွက် တရားဝင် ဈေးကတော့ ထုတ်လုပ် လာခါနီးမှပဲ သိရဖို့ ရှိပါတယ်။

Photo Credit: MotorAuthority

ကားသစ်ကိုတော့ Base Eletre ၊ Mid-Range Eletre S နဲ့ Range အမြင့်ဆုံး Eletre R တို့ဆိုပြီး ခွဲခြားထုတ်လုပ် လာပါတယ်။ Base နဲ့ Mid-Range Model မော်ဒယ်တွေမှာတော့ စက်ပိုင်းဆိုင်ရာ  အတူတူသုံးပေး ထားပြီး လျှပ်စစ် မော်တာ ၂ လုံး၊ All-Wheel Drive Setup တွေ ပါဝင်လာကာ ဂီယာကတော့ Single-Speed Transmission စနစ်ဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုင်းက 603 hp လောက် ရှိလာမှာပါ။ အမြင့်ဆုံး Eletre R ကတော့ 2-Speed Transmission ဂီယာနဲ့ အတူ 905 hp အထိ ရှိလာပြီး 62 mph မြန်နှုန်း ရောက်ဖို့ကိုလည်း ၃ စက္ကန့်အောက်ပဲ ကြာမြင့် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ဆုံး မြန်နှုန်းကပါ 165 mph အထိရှိတာ ဖြစ်ပါတယ်။ ဒါ ပေမယ့် Base Model နဲ့ S Grade တွေမှာ ဆိုရင်တော့ 0-62 mph ပမာဏကို ၄ စက္ကန့်အောက် ကြာမြင့်ကာ အမြင့်ဆုံး မြန်နှုန်းက မိုင် ၁၆၀ အထိ ရှိမှာပါ။ ဘက်ထရီကတော့ အားလုံးမှာ 112 kWh ကိုပဲ သုံးပေးထားပြီး ၁၀% ကနေ ၈၀% အထိ ရောက်ဖို့ကိုတော့ မိနစ် ၂၀ ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ Base Model နဲ့ S Grade မှာဆိုရင် တစ်ခါ အားသွင်းထားတာနဲ့ ၃၇၃ မိုင် အထိ မောင်းနှင်နိုင်ပြီး R Model ကတော့ ၃၀၄ မိုင် အထိ ရှိနေမှာပါ။ ယခု ကားသစ်မှာတော့ Electric Premium Architecture ဆိုတဲ့ EV Platform ကို အသုံးပြု ဖန်တီးထားပြီး ယခင် မျှော်လင့်ထားတဲ့ အတော်လေး ပိုကြီးတာလည်း တွေ့ရပါတယ်။ ၂၀၀.၉ လက်မ အထိရှည်တဲ့ အခုကားကတော့ Range Rover ထက်တောင် ပိုရှည်နေတာဖြစ်ပြီး Full- Size ဇိမ်ခံ Sedan တွေလောက်အထိ ရှိပါတယ်။ ကားရဲ့ အလေးချိန်ကိုတော့ မဖော်ပြထား ပေမယ့် အင်ဂျင်နီယာတွေ ကတော့ ၄,၄၀၀ ပေါင် လောက်ကို ရည်ရွယ် ဖန်တီးခဲ့တယ်လို့ ဆိုထားပါ တယ်။ ဒီ အပိုင်းမှာတော့  Audi E-Tron နဲ့ Tesla Model X တွေထက် ပေါင် ၉၀၀ လောက် ပိုပေါ့သွားတဲ့ အခြေ အနေ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ကားမှာတော့ Standard Features တွေအနေနဲ့ Air Suspension စနစ်၊ Torque Vectoring ၊ Matrix LED မီးတွေ ၊ Active Grille Shutters တွေ နဲ့ ၂၂ လက်မ အရွယ်ဘီးတွေ ပါဝင်လာပါတယ်။ဒါ့အပြင် အတွင်းခန်းမှာလည်း လျှပ်စစ် ပစ္စည်းတွေအတွက် ကြိုးမဲ့ အားသွင်းစနစ် ၊ ၁၂ မျိုး အထိ ပုံစံပြောင်းလို့ရတဲ့ အရှေ့ဘက် ထိုင်ခုံတွေ ၊ Four-Zone Automatic Climate Control စနစ်၊ Apple CarPlay နဲ့ Android Auto စနစ်တို့ကိုမှ ၁၅.၁ လက်မ အရွယ် Infotainment System တို့ကိုပါ သုံးပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ စနစ်မှာကိုပဲ Lotus ရဲ့ ကိုယ်ပိုင် Lotus Hyper OS စနစ်ကို လည်ပတ်ပေးထားပြီး စပီကာ ၁၅ လုံး ပါဝင်တဲ့ KEF အသံ စနစ်ကလည်း Dolby Atmos Surround အသံ အထိကို Support ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ကားက နဂို ထိုင်ခုံ ၅ လုံး ပါတာဖြစ်ပေမယ့် ၄ ယောက်စီး ထိုင်ခုံ ၄ လုံး Version ကို ရနိုင်မယ်လို့ သိရပါတယ်။ Standard အနေနဲ့ နောက်ထပ် ပါဝင်လာမှာတွေ ကတော့ Lotus ရဲ့ အနာဂတ်မောင်းသူနဲ့ စနစ်အတွက် Lidar Sensor တွေ ဖြစ်ပါတယ်။ Lotus ကတော့ လောလောဆယ်မှာ ဂျာမနီရဲ့ Nurburgring  အပါအဝင် အခြားသော နာမည်ကျော် ပြေးလမ်းတွေအတွင်း မောင်းသူမဲ့ မောင်းနိုင်ဖို့အတွက် ပြင်ဆင်ပေးနေတယ်လို့ ဆိုထားပါတယ်။ ကားသစ်တွေကိုတော့ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့က ကုမ္ပဏီရဲ့ စက်ရုံသစ်ကြီးမှာ စတင် တပ်ဆင်ထုတ်လုပ်သွားမှာပါ။

Ref: MotorAuthority