ကမ္ဘာပေါ်က အကောင်းဆုံးသော ကားပြတိုက်တွေထဲက တစ်ခုဖြစ်တဲ့ အမေရိကန်က ပီတာဆန် ကားပြ တိုက် မှာ တော့ ထူးထူးခြားခြားနဲ့ အကောင်းဆုံးဆိုတဲ့ ကားတွေကိုချည်း အမှတ်တရ ပြသထားတာ ဖြစ်ပါ တယ်။ အဆိုပါ ပြတိုက်မှာ ဆိုရင် Hypercar တွေကအစ တကယ်ကို အမှတ်တရ ရှိလွန်းလှတဲ့ ဂန္ဓဝင် Ford Model T တို့ကအစ တွေ့မြင်နိုင်ပါတယ်။ အတိတ်နဲ့ လက်ရှိကာလက ကားတွေအပြင် အနာဂါတ်မှာ မြင်ရ မယ့်ကားတွေကိုပါ ပြသထားလေ့ ရှိတာကြောင့် အခုလည်း အနာဂါတ်ရဲ့ ကားတစ်စီးကို ဒီပြတိုက်ကြီးထဲမှာ စတင်မြင်တွေ့ရဖို့ ရှိနေပါတယ်။ အခုမြင်ရမယ့် ကားကတော့ ကမ္ဘာ့ပထမဆုံး‌သော စီးပွားဖြစ် အသုံး ပြုနိုင် မယ့် ကားပျံပါပဲ။ အတောင်ပံ တင်ပဲ ပေ ၃၀ လောက် ရှိတဲ့ ကားပျံတစ်စီး ဖြစ်တာကြောင့် Aeromobile ဆိုတဲ့ ကုမ္ပဏီနဲ့ ကားနာမည်အတူ ယာဉ် လေးက Petersen ရဲ့ အရှေ့ခန်းမှာ မိန့်မိန့်ကြီး နေရာယူထား လိုက်ပါပြီ။

 

အခု လက်ရှိ ကြည့်မယ် ဆိုရင်တော့ ကားက Concept တစ်စီး အဆင့်အနေနဲ့သာ ပိုတူနိုင်ပေမယ့်လည်း အတွင်း ခန်းထဲက ထိုင်ခုံ အလန်းစားတွေကို လှမ်းမြင်ကြည့်ရသလောက် ဆိုရင်တော့ အလှပြထားတဲ့ ကား တစ်စီး ဆိုတာ ထက် အများကြီး ပိုနေပါတယ်။ ဒါ့အပြင် နောက်ထပ် အထင်ကြီးစရာ ကောင်းနေတာက တော့ ကားပျံရဲ့ အတောင်ပံ တွေဖြစ်ပြီး ပိုပြီး ထူးခြားတာကတော့ အခု ကုမ္ပဏီက ဒီ Concept အတွက် နာမည်ကျော် Rolls-Royce အပြင် Lockheed Martin တို့လို လေကြောင်းကုမ္ပဏီ တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင် ခဲ့တာပါ။ Rolls-Royce လို့ သိလိုက်ရင် တော့ လူအတော် များများက နာမည်ကျော် ဇိမ်ခံကား တွေပဲ ထုတ်လုပ်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လေယာဉ်အတွက် အင်ဂျင်တွေကိုလည်း ထုတ်လုပ် ပေး ခဲ့ဖူးတဲ့ သမိုင်းမှတ်တမ်းတွေ ရှိထားဖူးပါတယ်။ ဒါ့အပြင် အခုကားပျံရဲ့ အခြားသော စက်ပိုင်းဆိုင်ရာတွေ နဲ့ လိုအပ်ချက် အတော်များများအတွက်ကို BMW ၊ Aston Martin နဲ့ McLaren တို့နဲ့ပါ ပူးပေါင်းခဲ့ပုံ ရပါ တယ်။ ဒ့ါအပြင် အခု Aeromobile ဆိုတဲ့ ကုမ္ပဏီ အနေနဲ့ Mercedes AMG F 1 အသင်း နဲ့ Scuderia Ferrari တို့ နဲ့လည်း လက်တွဲလုပ်ဆောင် ခဲ့ပါသေးတယ်။ အခု ကားပျံရဲ့ အချက်အလက် တစ်ချို့ အနေနဲ့ တော့ မြေပေါ်ဆိုရင် မိုင် ၆၀၀ လောက် Range ရှိထားပြီး လေပေါ်မှာဆိုရင်တော့ မိုင် ၃၂၀ အထိ ရရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေပြင်မှာတော့ ၁၀ စက္ကန့် လောက် အတွင်းတစ်နာရီ ၆၂ မိုင် အထိ အရှိန်တင်နိုင် သလို မြေပြင်မှာလည်း တစ်နာရီ မိုင် ၁၀၀ အထိ အမြင့်ဆုံး တင်နိုင်ပါတယ်။

Photo Credit: CARBUZZ

ကယ်လို့ အတောင်ပံတွေကို ခေါက်သိမ်းထားမယ် ဆိုရင်တော့ ၇ ပေ လောက် ကျယ်ပြီး ယခင် သိထားခဲ့ တဲ့ သာမန် ကားပျံ အယူအဆတွေ ၊ အရွယ်အစား နဲ့ လက်တွေ့ အသုံးကျမှုတွေကို အခု ကားမှာ ကောင်း ကောင်း ပြောင်းလဲထား ပြနိုင်ခဲ့ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုကားပျံလေးကတော့ တကယ်ကို လက်တွေ့ နဲ့ ပိုနီးစပ်ကောင်းမွန်တဲ့ Concept အဖြစ် မြင်တွေ့ထားရတာကြောင့် အခုပြတိုက်ထဲ ထည့်ထားရကျိုးနပ်မှာ တော့ သေချာပါတယ်။ တကယ်လို့ အမေရိကန် ၊ ကယ်လီဖိုးနီယား ပြည်နယ်ထဲက လော့အိန်ဂျလိပ်စ် မြို့ ကြီးထဲ ရောက်သွားခဲ့မယ်ဆိုရင် အခု ကားပျံအပြင် အခြားသော ထူးခြား ကောင်းမွန်လွန်းတဲ့ ကားတွေလည်း တန်းစီရှိနေတဲ့ ပီတာဆန် ကားပြတိုက်ကြီး ထဲကိုတော့ သေချာပေါက်ကို သွားရောက်လည်ပတ်သင့်‌နေ ပါပြီ။

Ref: carbuzz.com