International LoneStar ကားတွေ ဆိုတာကတော့  ဘယ် Semi Truck ကားအမျိုးအစား များကမဆို တော်ရုံယှဉ်နိုင်ဖို့မလွယ်တဲ့ ကားကြီးတွေဖြစ်ကြပါတယ်။ ကားအကြောင်း သိပ်ပြီးစိတ်မဝင်စားကြတဲ့ သူ တွေတောင်မှ ကားကြီးတွေရဲ့ နာမည်ကိုမသိပဲနဲ့ကို တကယ်ကြွေဆင်းသွားကြရတဲ့ ကားတွေ ဖြစ်ပါတယ်။ ကားရဲ့ ကွေးညွတ်ပြီး လှပတဲ့ အချိုး အစားများနဲ့ Grille တွေက ကားရဲ့ အပြင်ပိုင်း အလှကို သိသိသာသာ လှပ နေစေတာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ Grille ရဲ့ ပုံစံကိုက အစအသေးစိတ် ပြန်လည် ဖန်တီးကာ လက်ရာမြောက်နေခဲ့တဲ့ သစ်သားကားကြီး တစ်စီး ကို အံ့အားသင့်ဖွယ် မြင်တွေ့ရတော့မှာပါ။ အဆိုပါ သစ်သားကားကြီးကိုတော့ ထုံးစံအတိုင်းပဲ Youtube ပေါ်က နာမည်ကျော် Woodworking Art ကပဲ ဖန်တီးထားတာ ဖြစ်ပြီး ယခင်မြင်ဖူးထားတဲ့ သစ်သားကား လက်ရာတွေလိုပဲ ပြောင်မြောက် လွန်းလှ ပါတယ်။   Classic Volkswagen တို့လို Rolls-Royce Boat Tail တို့လိုသာ အရွယ်စားရှိမယ်ဆို မောင်းနှင် လို့ တောင်ရမှာပါ ။ ဒါပေမယ့် Video ထဲမှာဖော်ပြထားချက် အရတော့ ဒီကားဟာ Semi -Truck ကားကို လက်မှုပညာသည်တစ်ဦးရဲ့ ပထမဆုံးကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်။ တကယ်လို့သာ ဝင်ရိုးပေါ် အခြေခံ ပြီး မောင်းလို့ရမယ် တကယ့်ကားအစစ်လိုသာ ဆိုရင် ဒီကားဟာ လမ်းမပေါ်မောင်းနှင်လို့ ရနေပြီလို့ ပြောရ မှာပါ။

 

ထူးခြားတာကတော့ ကားရဲ့ အဓိကအပိုင်းဖြစ်တဲ့ Grille ရဲ့ ‌အပွင့်နေရာတွေတင် သူ့ရဲ့ ထောင့်ချိုးတွေ ချိုးကွေ့ ပုံတွေက ဆွဲဆောင်မှုရှိပြီး အတော်လေး ဖမ်းစားနိုင်တာတော့ အသေအချာပါပဲ။ အဓိက ကတော့ လှလှပပ အချိုး အစားလေးတွေ ထည့်ထားတဲ့ Fenders တွေက အင်ဂျင်စက်ဖုံးကြီးနဲ့ လိုက်ဖက်နေတော့ တာ ဖြစ်ပြီး တကယ့် ကားကြီးရဲ့ ဘန်ဘာ အတိုင်းပဲဖြစ်ပါတယ်။ ကားရဲ့ Fender ပေါ်မှာလည်း Teardrop ပုံစံ Headlight တွေ ထည့်ထား ပြီး Cab Mirrors တွေကိုလည်း Grille ပုံစံလိုမျိုးပဲ အတွင်းကို ကွေးဝင် ထားတဲ့ ဒီဇိုင်းနဲ့ ဆန်းသစ်ထား ပါတယ်။ အခု လိုမျိုး ထူးခြားတဲ့ ခေါင်းပိုင်း ဒီဇိုင်းကြီးကပဲ ပင်လယ်ရေနေ သတ္တဝါကြီးလို ခန့်ခန့်ညားညားလှပနေတဲ့ Lonestar ကားကြီးကို ဖြစ်လာစေတာ ဖြစ်ပြီး အခု သစ်သား ကားကလည်း တစ်ထေရာတည်း‌တူအောင် ဖန်တီးနိုင်တာ ကတော့အံ့ဩစရာပါ။ အခု Youtube Video ထဲမှာ တော့သစ်သားကားကြီး ဖန်တီးခဲ့ရတဲ့ အသေးစိတ် ဖြတ်တောက်တာတွေ ၊ ပုံသွင်းတာတွေက အစ ရိုက်ပြထားပြီး Video မှာ ပြောထားတဲ့အတိုင်း နေ့ချင်းပြီး လုပ်လို့ မရတာတော့ သေချာသလိုတော်တော်ကို အနုစိတ်နဲ့ အချိန်ယူ ပြင်ဆင်ခဲ့ ရတာပါ။

Photo Credit: motor 1.com

တကယ့် လက်တွေ့ ဘဝက LoneStar ကုန်ကားကြီး တွေမှာလည်း အခုလိုအလန်းစား Grille ကြီးတွေတင် မကပဲ အသေးစိတ်ကြည့်လေလေ ပိုပြီးထူးခြားတဲ့ Trim ဖွဲ့စည်းပုံတွေကိုပါ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ အင်ဂျင်ကြီး အတွက်လည်း Air Cleaner ၂ လုံးအထိ ပါရှိပြီး Running Lights တွေနဲ့ ပေါင်းစပ် ထည့်ထားကာ ၊ အိတ်ဇော တိုင်ကြီးကလည်း ၂ ခု ၊ ဘေးဘက် ခြေနင်းတွေ ၊ Cab အောက်က ဆီတိုင်ကီ ကြီးတွေနဲ့ ခန့်ညား လွန်းတာ ကြောင့် Semi Truck ဆိုတာကိုတောင် မေ့သွားစေတဲ့ အထိပါပဲ။ အဆိုပါ ကားတွေကတော့ လက်တွေ့ ဘဝမှာ ဘီး ၁၀ ဘီး အထိ ပါဝင်ပြီး Suspension ကောင်းကောင်းနဲ့ တွဲဖက် ထားတာ တွေ့ကြောင့်လည်း Semi Truck တွေ ကြားထဲ နာမည်ကျော် ဘုရင်ကြီးလို့တောင် တင်စားရမလို ပါပဲ။ အဆိုပါ International Lone Star ကားကြီးကိုတော့လွန်ခဲ့တဲ့ ၁၃ နှစ်အကြာ ၂၀၀၉ ခုနှစ် မှာ မိတ် ဆက်ခဲ့တာ ဖြစ်ပြီး အခုချိန်အထိ ကောင်းနေ ခန့်ညားနေဆဲ ကားကြီးတွေပဲ ဖြစ်ပါတယ်။

Ref: motor 1.com