အလျှင်အမြန် တိုးတက်လာနေတဲ့ လျှပ်စစ် ကားဈေးကွက်ထဲမှာတော့ ကုမ္ပဏီသစ်တွေကလည်း တစ်နေ့တစ်ခြား တိုးတိုးလာနေပါတယ်။ အခုဆိုရင်လည်း ပြီးခဲ့တဲ့နှစ် မတ်လအထိကို မရှိဘူး မကြားဖူးခဲ့တဲ့ စပိန် လျှပ်စစ်ကားကုမ္ပဏီ Liux က အခုဆိုရင် ကားအဆန်းတစ်စီးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဆိုပါ ကားကတော့ Animal ဆိုတဲ့ ကုဒ် နာမည်အဆန်းနဲ့ လျှပ်စစ်သီးသန့် ကားဖြစ်ပြီး Crossover အမျိုးအစားဖြစ် မယ်လို့လည်း သိရပါတယ်။

Photo Credit: AllAutoExperts

Liux ကား ကုမ္ပဏီသစ်ကတော့ စတင် မိတ်ဆက်ခဲ့စဉ်ကတည်းက ပတ်ဝန်းကျင်ကို အထောက်အကူပြု ကာကွယ်ပေးနိုင်မယ့် ခေတ်သစ် နည်းပညာတွေနဲ့ ကုမ္ပဏီသစ်ဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူတို့ဆီက ထုတ်လုပ် မယ့် ကားတိုင်း ရဲ့ ၉၀% လောက်ကလည်း ပြန်လည် အသုံးပြုထားတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် သဘာဝ အပင်တွေက ရတဲ့ ပစ္စည်းတွေနဲ့ပဲ ဖန်တီးထားမယ်လို့ သိရပါတယ်။ အထူးသဖြင့် ကားရဲ့ အပြင်ပိုင်း၊ အတွင်းပိုင်းနဲ့ Chassis ရဲ့ အစိတ်အပိုင်း တစ်ချို့ကို အော်ဂဲနစ် ဖိုက်ဘာတွေ ဆီကရတဲ့ Bio-Polymer သားတွေနဲ့ပဲ ထုတ်လုပ်ထားမှာပါ။ ဒါ့အပြင် ကားအတွင်းက ဖော့တွေ ၊ လီနင်သားတွေ ၊ အောက်ခံဆေးတွေနဲ့ အပေါ်ဆေးသားတွေကိုလည်း Amphibian တွေရဲ့ အရေပြားနဲ့ပဲ ဖန်တီးထားမယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

ဒါကြောင့်လည်း Animal လို့ အမည်ပေးထားပုံရတဲ့ အဆိုပါ ကားသစ်မှာတော့ လျှပ်စစ်မော်တာတစ်လုံး တပ်ဆင် ထားနိုင်ပြီး 237 hp လောက် အထိ စွမ်းဆောင်နိုင်ပါတယ်။ ဒါ့အပြင် တစ်နာရီ မိုင် ၆၀ မြန်နှုန်းကို ၅ စက္ကန့် လောက် အတွင်းမှာတင် အရှိန်တင်နိုင်မှာဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းကတော့ ၁၂၄ မိုင် အထိ ရှိနိုင်ပါတယ်။ ကားမှာ သုံးထားမယ့် ဘက်ထရီတွေကို ဘယ်လို ပစ္စည်းတွေနဲ့ ဖန်တီးထားမလဲဆိုတာ မသိရသေးပေ မယ့် ပုံစံပြောင်းနိုင် ၊ ချဲ့နိုင်ဖြုတ်လဲ နိုင်မယ့် Modular Battery Pack ပုံစံတွေ သုံးပေးသွားမယ်လို့လည်း သိရပါတယ်။ ကားသစ်ကတော့ တစ်ကြိမ်အားသွင်းထားရုံနဲ့တင် ၃၇၃ မိုင်အထိ မောင်းနှင်နိုင်မယ်လို့သိရပြီး ဘက်ထရီ ပမာဏကတော့ 170 kW အထိ ရှိလာမှာပါ။ အဆိုပါ ကားသစ်ရဲ့ ပထမဆုံး ချပြလာမယ့် အမျိုးအစားကတော့ $ 40,274 ပမာဏလောက် ကျသင့်နိုင်တဲ့ Habitat Edition ဖြစ်ပါတယ်။ အဆိုပါ ကားသစ် ကို အခုဆိုရင်ပဲ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်ကနေ တရားဝင် မှာယူနိုင်ပြီ ဖြစ်ပြီး အမြင့်ဆုံး စွမ်းဆောင်ရည် 190 hp ၊ တစ်နာရီ မိုင် ၁၁၂ မိုင်အထိနဲ့ တစ်ခါ အားသွင်းထားရင် ၁၈၆ မိုင် အထိ မောင်းနိုင်တဲ့ စွမ်းဆောင်ရည် တွေ ပါဝင်လာမှာပါ။

Ref: AllAutoExperts