Lincoln ကတော့ သူတို့ရဲ့ ကားပရိသတ်တွေအတွက်  အတွေ့အကြုံသစ်တွေကို ခံစားလို့ရနိုင်အောင် Mobile Vehicle Spa ဆိုတဲ့ အစီအစဉ်သစ် တစ်ခု စီစဉ်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဝန်ဆောင်မှုကို Houston ဒေသ တစ်ခုမှာပဲ ရရှိနိုင်သေးပြီး ယာဉ်ကို အသေးစိတ် ကြည့်ရှုသန့်ရှင်းနိုင်မှာ လည်း ဖြစ်ပါတယ်။ Lincoln Mobile Spa ဆိုတဲ့ အစီအစဉ်ကတော့ Get Spiffy Inc. ဆိုတဲ့ လုပ်ငန်းတစ်ခု နဲ့ ပူးပေါင်းလုပ်ဆောင်ထားတာ ဖြစ်ပြီး အဆိုပါ လုပ်ငန်းကတော့ ကားကို လိုအပ်တဲ့နေရာတွေ အကုန်သန့် ရှင်းရေးလုပ်ဆောင်ပေးတာ ၊ နည်းပညာပိုင်းစတဲ့ ဝန်ဆောင်မှု တွေကို ဖန်တီးပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ အခု အစီအစဉ်မှာ အကျုံးဝင်မယ့် Lincoln ပိုင်ရှင်တွေကတော့ အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ် ဖြစ် ဘယ်ပဲရောက်ရောက် သူတို့ရဲ့ Lincoln ကားကြီး တွေကို အတွင်း ရော အပြင်ဘက်မှာပါ သန့်ရှင်းနေ အောင် ထားပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားကို သန့်ရှင်းရေးလုပ်ဖို့ ပို့ထားပြီး ပြန်ယူရင် တောင် ဆီအပြည့်ထည့်ပေးထား ဦးမှာပါ။

Photo Credit: motor 1.com

Lincoln မြောက်အမေရိက ရဲ့ ဒါရိုက်တာဖြစ်သူ Michael Sprague ကတော့ သူတို့အနေနဲ့ Lincoln ကား ကို ဝယ်ယူ အားပေးထားသူ ပရိသတ်တွေ အတွက် ဘယ်နေရာပဲ ရောက်ရောက် ကားကို သန့်ရှင်းနေအောင် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရေးကြီးဆုံးကတော့ ကား ပိုင်ရှင်တွေ အဆင်ပြေစေဖို့နဲ့ စောင့်ဆိုင်းချိန်လျော့ချနိုင်ဖို့ဖြစ်ပြီး နောက်ပိုင်း ကားဝန်ဆောင်မှုတွေ ကိုလည်း အခု နည်းလမ်း‌အတိုင်း လုပ်ဆောင် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Lincoln Mobile Vehicle Spa အစီအစဉ်ကတော့ လက်ရှိမှာ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိနေသေးပေမယ့် အခြားသော မြို့တွေအထိကို ချဲ့ထွင်ဖို့လည်း စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လောက်အထိ စီစဉ်ပေးသွားမှာလည်း ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပဲ လောလောဆယ် ဝန်ဆောင်မှု ရယူလိုတဲ့ ကားပိုင်ရှင် တွေကတော့ Lincoln Way App ကနေ တစ်ဆင့် ကြိုတင် ချိန်းဆို ထားနိုင်မှာပါ။

Photo Credit: motor 1.com

အခုလိုမျိုး လိုအပ်ချက်တွေတိုင်း သန့်ရှင်းပေးနိုင်မယ့် ကားဝန်ဆောင်မှု အပြင် Lincoln အနေနဲ့ Lincoln Access Rewards Visa စနစ်နဲ့ All-New Concierge Program ကိုလည်း အခု မတ်လ အတွင်းမှာ မိတ် ဆက်ပေးထား ပါသေးတယ်။ Access Reward Visa စနစ် ဆိုတာကတော့ ဝန်ဆောင်မှုတွေကို သုံးသူတိုင်း လတ်တလောမှာ အကျိုး ခံစားခွင့် ကောင်းကောင်း ပြန်ရနိုင်အောင် စီစဉ်ပေးထားတဲ့ ဝန်ဆောင်မှု တစ်ခုဖြစ် ပြီး အဆိုပါ ကဒ်မန်ဘာ ဝင်ထားသူတွေ အဖို့ သုံးလိုက်တဲ့ ဝန်ဆောင်မှုတိုင်း အတွက် အမှတ်တွေ ပြန်လည် ရရှိနေမှာပါ။ အဆိုပါ အမှတ်တွေနဲ့ ပဲ နောက်ပိုင်း လိုအပ်တာတွေနဲ့ ပြန်လည် လဲလှယ်ယူနိုင်မယ့် အစီအစဉ် ကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါ့အပြင် Concierge Program ဆိုတာကလည်း ပိုင်ရှင်တွေရဲ့ Lifestyle တွေနဲ့ ပတ်သက် ချိတ်ဆက် ထားတဲ့ ဝန်ဆောင်မှုတွေ ကို အသုံးပြုနိုင်မှာဖြစ်ပြီး ကော်ဖီအသစ်တွေကို ဦးဆုံး သောက်သုံးခွင့်ရတာတွေ ၊ နေရာအသစ်တွေ ထူးခြား ဆန်းပြားတဲ့ သမိုင်းဝင် နေရာတွေကို Tour Guide တစ်ယောက်လိုမျိုး လမ်းညွှန်ပေးနိုင်တဲ့ လက်‌တွေ့ဘဝ ဇိမ်ခံ ဝန်ဆောင်မှုတွေ အတော်များများ ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: motor 1.com