Lincoln ကတော့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကားကို လာမယ့် ၂၀၂၄ အရောက်မှာ စတင် ချပြလာတော့မှာ ဖြစ်ပြီး လက်ရှိ Aviator ကားရဲ့ အရွယ်အစား ရှိမယ့် SUV တစ်စီး ဖြစ်လာမယ်လို့ သိရပါတယ်။ Lincoln ကတော့ လာမယ့် ၂၀၂၅ အရောက်မှာ လျှပ်စစ် ကားသစ် ၃ မျိုး အထိ ချပြနိုင်မယ်လို့ ကတိပေးထားတာဖြစ်ပြီး ၄ မျိုးမြောက် ကားကိုတော့ ၂၀၂၆ မှာ မြင်ရမှာလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ အရောက် မှာတော့ ကုမ္ပဏီအနေနဲ့ လျှပ်စစ် ကားသီးသန့် ထုတ်လုပ်မယ့် ကုမ္ပဏီအဖြစ်ကို လုံးဝကူးပြောင်း သွားတော့မှာပါ။ လျှပ်စစ်ကား ခေတ်သစ်ကို ကူးပြောင်းနေကြတဲ့ ကုမ္ပဏီ အတော်များများကတော့ ဇိမ်ခံ ကားသစ် တွေကို ရှေ့ကနေ ဦးဆောင် ထုတ်လုပ်မယ့် ပုံစံ သုံးလာကြပေမယ့် Lincoln ကတော့ Ford ရဲ့ အနောက်ကပဲ လိုက်ပြီး ထုတ်လုပ်မယ့် ပုံရှိပါတယ်။

Photo Credit: MotorTrend

အခု ကားအသစ် ကိုတော့ Lincoln Star Concept အနေနဲ့ စတင်မြင်ထားရပြီး နည်းပညာ အတော်လေး မြင့်မားမယ့် အပြင် Ford ရဲ့ Rear-Wheel Drive ၊ All-Wheel Drive တွေရတဲ့ လျှပ်စစ် စွမ်းအင်သုံး Architecture အသစ် ပေါ်မှာပဲ ထုတ်လုပ်သွားမှာပါ။ လက်ရှိ အမေရိက ဈေးကွက် ထဲမှာဆိုရင်တော့ Lincoln ရဲ့ Lineup တွေ ထဲမှာ Crossover ကား ၄ မျိုးအထိ ရှိထားပြီး တရုတ်ဈေးကွက်ထဲမှာ ဆိုရင်တော့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ Lincoln Zephyr Reflection Sedan ဆိုတဲ့ ကား တစ်စီး အပို ရှိပါသေးတယ်။ ‌ဒါကြောင့် နောက် ထွက်လာမယ် ဆိုတဲ့ လျှပ်စစ် SUV ၄ မျိုး လုံး ကတော့ လက်ရှိ ရှိထားပြီးသား ကား ၄ စီး နေရာ သေချာပေါက် အစားထိုး လာနိုင်တယ်လို့ ယူဆရပါတယ်။ ပထမဆုံး အနေနဲ့တော့ လျှပ်စစ်စွမ်းအင်သုံး Navigator အဖြစ် မြင်ရမယ့် Lincoln Aviator EV ဖြစ်လာ နိုင်ပြီး မျိုးဆက်သစ် Full-Size Truck အကြီးစား ဒါမှမဟုတ် SUV EV Platform အသစ်နဲ့ ကားတစ်စီးအဖြစ် စတင် ပွဲထွက်လာမှာပါ။ လက်ရှိ အချိန်အထိတော့ ကားရဲ့စက်ပိုင်း ဆိုင်ရာ အချက်အလက်တွေ မသိရသေးဘူး ဆိုပေမယ့် All-Wheel Drive သုံးလာမယ် ဆိုရင်တော့ လျှပ်စစ်မော်တာ ၂ လုံး လိုအပ်မှာ သေချာပါတယ်။ Mustang Mach-E ကားနဲ့ မတူညီတဲ့ Platform ကို Lincoln တို့ သုံးထားနိုင် ပေမယ့်လည်း ဘက်ထရီတွေကတော့ Mach-E ကားနဲ့ အတူတူ ဖြစ်မယ့် 75.7 kWh နဲ့ 98.8 kWh ပမာဏ တွေ ဖြစ်လာ နိုင်ပါတယ်။ ခြေနင်း တစ်မျိုးတည်းနဲ့ မောင်းရမယ့် နည်းပညာ ကို အဆိုပါ ကားသစ် တွေမှာ မြင်လာ ရနိုင်ပြီး နောက်ဆုံးပေါ် Sync Infotainment စနစ် ၊ LED lighting တွေ လှပအချိုးကျတဲ့ ကားကိုယ်ထည် ၊ Illuminated ဖြစ်လာမယ့် Matrix Grille ကိုလည်း မီးအလင်းဒီဇိုင်း ကောင်းကောင်း Lightwork လေးတွေနဲ့ ပေါင်းစပ်ကာ ခေတ် ရှေ့ပြေးပုံစံ ဖြစ်လာ နိုင်ပါတယ်။

Photo Credit: MotorTrend

အဆင့်မြင့် နည်းပညာတွေထဲမှာမှ အတော်လေး အသုံးတည့်မယ့် နောက်ဆုံးပေါ် ယာဉ်မောင်းအကူ စနစ်တွေ ကိုလည်း မျှော်လင့်လာနိုင်ပါသေးတယ်။ Concept မှာတုန်းက မြင်ရသလောက်ကတော့ အတွင်းခန်း အပြင် အဆင်တွေက အတော်လေးကို ခေတ်ရှေ့ပြေး ခေတ်လွန်ဒီဇိုင်းတွေအဖြစ် တွေ့ထားရတာ ဖြစ်ပါတယ်။ အရှေ့ ဘက် ထိုင်ခုံတွေ ဆိုရင် အနောက်ဘက်က ခရီးသည်တွေနဲ့ အချိန်မရွေး မျက်နှာချင်းဆိုင် လှည့် စကားပြောလို့ ရနိုင်ကာ စုံလည် ပုံစံတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် တကယ်တမ်း ထုတ်လုပ်မယ့် အဆင့်မှာတော့ အခုလောက် အနေအထား တွေအထိ မရောက်လာ နိုင်သေးပဲ B-Pillars တွေ ထည့်ပေးလာနိုင် သေးကာ A-Pillars နဲ့ D-Pillars တွေ ကိုလည်း Concept တုန်းကလို မှန်သားနဲ့ မဟုတ်ပဲ သတ္တုသားနဲ့ပဲ ဖန်တီး‌ပေးလာ နိုင်ပါသေးတယ်။ အနောက်ဘက်မှာတံခါး ကတော့ အပေါ်ကို လှန်ဖွင့်တာမျိုး မဟုတ်နိုင်ပဲ ဘေးနှစ်ဖက်ကို ခွဲဖွင့်ရမယ့် ပုံစံဖြစ်နိုင်တာကြောင့် Tailgate အတွက် နေရာပိုရလာနိုင်ကာ ထုတ်လုပ်တဲ့ အဆင့်မှာလည်း ဒီပုံစံအတိုင်းတော့ ဖြစ်နိုင်ပါတယ်။ ကားရဲ့ ခန့်မှန်းဈေးနှုန်း ကတော့ $ 70,000 ဝန်းကျင် လောက်အထိ ကျသင့်နိုင်ပြီး လာမယ့် ၂၀၂၄ စတုတ္ထ ၃ လ ပတ်လောက် ဒါမှမဟုတ် ၂၀၂၅ ပထမ ၃ လပတ် ကာလလောက်မှာ စတင်မြင်လာ ရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorTrend