Reuters သတင်းအရတော့ နာမည်ကြီး Lincoln ကားကုမ္ပဏီအနေနဲ့လာမယ့် ၂၀၂၆ အရောက်မှာလျှပ်စစ် ကား SUV ၅ မျိုး လောက်အထိ ထုတ်လုပ်မယ်လို့ သိရပါတယ်။ မနှစ်က Ford ရဲ့ ပြောကြားချက် အရတော့ သူတို့ရဲ့ လျှပ်စစ် စွမ်းအင် အပိုင်းမှာ ဒေါ်လာ ဘီလီယံ ၃၀ လောက် အထိကို ရင်းနှီး မြုပ်နှံသွားမယ်ဆိုတာ သိထားရပြီး အခု ဆိုရင်တော့ Lincoln Lineup ကြီး တစ်ခုလုံးကိုလည်း လာမယ့် ၂၀၃၀ အမှီ လျှပ်စစ်ကား တွေ အနေနဲ့ပဲ မြင်ရတော့မှာ ပါ။ ပထမဆုံး Lincoln လျှပ်စစ် SUV ကားအသစ်ကိုတော့ အခုနှစ်ထဲမှာတင် စတင်မြင်တွေ့လာရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက အဆိုပါကားသစ်နဲ့ပတ်သက်တဲ့ Teaser တစ်ချို့ ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အရှေ့ဘက် Lighting တွေက ကားအပြည့်ဖြစ်နေတာလေးကိုတော့ အနည်းငယ် လောက် ဖော်ပြထားပါတယ်။ တစ်ချို့သတင်းတွေ အရကတော့ အဆိုပါ Brand ရဲ့ ပထမဆုံးသော လျှပ်စစ် ကားသစ်ကိုလာမယ့် ၂၀၂၄ မှာ စတင်ထုတ်လုပ်လာမယ်လို့သိရပြီး ၂၀၂၅ အစောပိုင်းလောက်မှာ ဈေးကွက် ထဲ စတင်ဝင်ရောက်လာနိုင်ပါတယ်။ အဆိုပါ ကားရဲ့ အရွယ်အစား ကတော့ လက်ရှိ Aviator လောက် ရှိနိုင် ပြီး မနှစ်က ထွက်ခဲ့တဲ့တစ်ချို့သော သတင်းတွေအရကတော့ Aviator ကိုမှ လျှပ်စစ်ကား အနေနဲ့ ထုတ်လုပ် ဖို့ ကတော့ ၂၀၂၄ လောက် အထိ နောက်ဆုတ်သွားနိုင်တယ်လို့ သိထားရတာကြောင့် အခု ကားသစ်က နောက်တစ်မျိုး သပ်သပ်လည်း ဖြစ်လာနိုင်ပါတယ်။
နောက်ထပ် ပိုသေးတဲ့ အရွယ်အစားနဲ့ လျှပ်စစ် ကားတွေလည်း ထုတ်လုပ်ပေးလာဖို့ ရှိပြီး Ford Mustang Mach-E နဲ့ Platform အတူတူ ဖြစ်လာနိုင်တဲ့ ကားတွေလည်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ Platform ကိုမှ အဆင့်မြှင့်တင်ထားတဲ့ ပုံစံနဲ့လည်း ထွက်ပေါ်လာနိုင်ပြီး ဘယ်တော့လောက် ထုတ်လုပ်လာ မလဲ ဆိုတာတွေ ကတော့ မခန့်မှန်းနိုင် သေးပါဘူး။ ဒါတင်မကသေးပဲ Corsair နဲ့ Nautilus တို့ ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတော့မယ့် လျှပ်စစ် ကားအသစ်တွေကိုလည်း လာမယ့် ၂၀၂၅ နဲ့ ၂၀၂၆ လောက် မှာ စတင် မြင်လာရနိုင်ပါတယ်။ အဆိုပါ ကားတွေ ထဲကမှ အမြင့်ဆုံး မော်ဒယ်ကတော့ Navigator လျှပ်စစ် ကား ဖြစ်လာနိုင်ပြီး လာမယ့် ၂၀၂၆ မှာ မှ စတင် လာနိုင်ကာ F-150 Lightning ကားနဲ့ Platform အတူတူ ဖြစ်လာဖို့ ရှိပါတယ်။ လျှပ်စစ်ကားတွေအဖြစ် ကူးပြောင်းတာအနည်းငယ်နောက်ကျတယ်လို့ ယူဆရပေမယ့် လည်းအခုပြောပြခဲ့တဲ့ ထုတ်လုပ်မှု ခုနှစ်တွေအတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ပြိုင်ဘက်တွေနဲ့ အလှမ်း ကွာသွားမှာ မဟုတ်ပါဘူး။ လက်ရှိဇိမ်ခံကား ဈေးကွက်ထဲမှာဆိုရင်လည်း လျှပ်စစ်ကားအဖြစ် အပြိုင်အဆိုင် ပြောင်းလဲထိုးဖောက်နေကြပြီဖြစ်ပြီး မာစီးဒီးတို့ကတော့ အသွက်ဆုံး ဖြစ်နေတယ် လို့ ဆိုလို့ရပါတယ်။ Lincoln ရဲ့ ပြောရေးဆိုခွင့် ရသူကတော့ သူတို့ရဲ့ အနာဂါတ် ကားအသစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောကြားလိုသေးဘူးလို့ပဲ ဆိုထား ပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခုနှစ်ထဲမှာ ထွက်ပေါ်လာတော့မယ့် Lincoln ရဲ့ ပထမဆုံး လျှပ်စစ်ကားကို စိတ်ဝင်တ စား စတင် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ကားနဲ့ ပတ်သက်လို့အသေးစိတ် အချက်အလက်တွေက အစ သိဖို့ လိုအပ် နေသေးပေမယ့်လည်း မြင်ထားရတဲ့ Teaser ပုံရိပ် တစ်ချို့အရတော့ Zephyr Reflection Concept ဆိုတဲ့ ကုမ္ပဏီ က တစ်ခါ ပြသထားဖူးတဲ့ ကားနဲ့ တူညီလာနိုင်ပါတယ်။ သေချာတာကတော့ အဆို ပါ Concept ကားအတိုင်းဆိုရင် ဒီဇိုင်းတွေရော ၊ Infotainment System ပိုင်းတွေကအစ တစ်ခြားသော လျှပ်စစ်ကားတွေနဲ့ သိသိသာသာ ကွဲပြား လာနိုင်တာပဲ ဖြစ်ပါတယ်။
Ref: motor 1.com