Alfa Romeo တို့ကတော့ 4C Sports Car မရှိတော့ ကတည်းက လက်ရှိမှာ ကုမ္ပဏီရဲ့ Sports Car စစ်စစ် ဆိုတာ မရှိ ဖြစ်နေပြီး Brand ရဲ့ ပိုင်ရှင် Jean-Philippe Imparato ကတော့ အနာဂါတ်မှာ အပြောင်းအလဲ ရှိလာလိမ့်မယ်လို့ ဆိုလိုက်ပါပြီ။ သူ့ အနေနဲ့ကတော့ အကန့်အသတ်နဲ့ ထုတ်လုပ်ပေးလာမယ့် Sports Car တစ်ချို့ကို စဉ်းစားနေတယ် လို့လည်း ဆိုလိုက်ပါတယ်။ Imparato ကတော့ လက်ရှိမှာတော့ ကားတွေရဲ့ တန်ဖိုး ၊ စွမ်းဆောင်ရည် နှုန်းထားတွေ အပေါ်မှာ အဓိကထားနေပြီး နောက်ပိုင်းမှာ ဆိုရင်တော့ သီးသန့်ဖြစ် တဲ့ One-Off Project တွေကိုလည်း လုပ်လာဖို့ ရှိတယ်လို့ ဆိုထားခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ Duetto နဲ့ Tipo 33 ကားသစ်တွေက ဖြစ်လာနိုင် ချေရှိတယ် လို့လည်း ယူဆထားတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

အခု မြင်ရတဲ့ ပုံရိပ်တွေထဲကကားကတော့ Alfa Romeo Disco Votante Convertible အမိုးဖွင့်ကား ဖြစ် ပြီး Carrozzeria Touring Superleggera က ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကုမ္ပဏီအနေနဲ့ တိတိကျကျ ချပြနိုင်တာမျိုး မရှိသေးပေမယ့်လည်း အနာဂါတ် အတွက် ကြီးမားလွန်းတဲ့ ရည် ရွယ်ချက်တွေရှိနေတာ သေချာသိရမှာဖြစ်ပြီး တကယ်တမ်း လုပ်ငန်းကြီးတစ်ခုအနေနဲ့ကတော့လျှပ်စစ်ကား လောက ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဦးစားပေးရမှာတွေလည်း ရှိသလို တစ်ချိန်တည်းမှာပဲ အနာ ဂါတ် အတွက်ကိုလည်း အများကြီး လုပ်သွား ရမယ်လို့ ကုမ္ပဏီ ကရည်ရွယ် ထားတာပါ။ Alfa Romeo ရဲ့ ၂၀၁၈ ကတည်းက ချမှတ်ထားခဲ့တဲ့ ထုတ်ကုန် ရေရှည် အစီအစဉ်မှာ ဆိုရင် GTV နဲ့ 8C ဆိုတဲ့ ကားအသစ် တွေကို ၂၀၂၂ ထဲမှာ မြင်ရဖို့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ကားတွေကို ကုမ္ပဏီကနေ နောက်ပိုင်းမှာ Cancel လုပ်ခဲ့ပြီး Stellantis နဲ့ ပူးပေါင်းကာ FCA နဲ့ PSA ကားတွေ အဖြစ် ရှိလာဖို့ ဆုံးဖြတ်ခဲ့ ဟန်တူပါ တယ်။

Photo Credit: motor 1.com

GTV MODEL အနေနဲ့ ကလည်း Coupe ခပ်ပါးပါး တစ်စီးအနေနဲ့ ရှိခဲ့တာဖြစ်ပြီး Hybrid နည်းပညာနဲ့ အတူ 2.9 Liter Twin-Turbo V 6 Engine ကို သုံးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ ကားမှာ တုန်းကဆိုရင် 600 hp အထက် လောက် အထိကို စွမ်းဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဆိုပါ ကားရဲ့ အမိုးဖွင့် Version လည်း ရောက်လာ ဦးမယ်လို့ သတင်းတွေ ထွက်ထားခဲ့ပြန်ပါတယ်။ 8C ကားအသစ်အနေ နဲ့ကတော့ Supercar ကောင်း တစ်စီးဖြစ်ပြီး ကာ‌ဗွန်ဖိုက်ဘာ ပြင်ဆင်မှုတွေနဲ့ အတူ လျှပ်စစ်မော်တာ ၊ Twin-Turbo Engine တို့ကြောင့် 700 hp အထက် အထိ ရှိခဲ့တဲ့ ကားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တကယ်သာ စွမ်းဆောင်ရည် အကုန်သုံးမယ်ဆိုရင် 800 hp အထိ ရှိနိုင်တဲ့ အလန်းစား ကားတစ်စီးလည်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အစီအစဉ်အရ ဆိုရင်တော့ Giulietta နဲ့ Crossover အသစ်တို့ကိုလည်း Stelvio ကားရဲ့ အထက် မြင့်တဲ့ နေရာမှာ ပွဲထွက်လာနိုင်ပြီး လာမယ့် ၂၀၂၂ လောက်မှာ ရောက်လာနိုင်တဲ့ ကားတွေ ဖြစ်တာကြောင့် ဘယ်လို အခြေအနေရှိမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: motor 1.com