နယ်သာလန် အခြေစိုက် Lightyear ဆိုတဲ့ တက်သစ်စ ကားထုတ်လုပ်ရေး ကုမ္ပဏီ အသစ်ကတော့ ခပ်ပါး ပါး Sedan ကားတစ်စီးရဲ့ Concept ကို ၂၀၁၉ တုန်းက ချပြခဲ့ဖူးပါတယ်။ အဆိုပါ ကားမှာ ထူးခြားတာက တော့ ကား အတွင်းမော်တာ တွေအပြင် အပေါ်အမိုးနဲ့ စက်ဖုံးတွေ ပေါ်မှာပါ တပ်ဆင်ထားတဲ့ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ ပြားတွေကြောင့်ပါပဲ။ အခုပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ အဆိုပါ ကားကိုမှ Lightyear 0 လို့ အမည် ပေးထားတဲ့ ထုတ်လုပ်ရေး အဆင့် ပုံစံတစ်ရပ်ကို ချပြလာခဲ့ပြီ ဖြစ်ပြီး လာမယ့် ဆောင်းတွင်းမှာပဲ စတင်ထုတ်လုပ် လာနိုင်ကာ နိုဝင်ဘာ လ မှာတော့ ဝယ်ယူသူတွေ လက်ထဲတောင် ထည့် ပေးနိုင်မယ့် အထိ အာမခံထားပါပြီ။ ကားမှာ တော့ 60 kWh Battery ကို တပ်ဆင်ထားပြီး WLTP Test အရ ဆိုရင်တော့ တစ်ခါ အားပြည့်နေရင် ၃၈၈ မိုင် လောက် အထိကို မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ ဒီ အနေအထား ကတော့ EPA Rating တွေအရဆိုရင် အနည်းဆုံး မိုင် ၃၀၀ အထက် လောက်အထိ ရှိနေနိုင် သေးတဲ့ အခြေအနေပါပဲ။

Photo Credit: MotorAuthority

အခုလို ဘက်ထရီ အသေးလေးကိုမှ အားအပြည့်သွင်းထားရင် ဒီလောက်အထိ မောင်းနိုင်တယ် ဆိုတာမျိုးက တော့ စွမ်းအင်သုံးစွဲ မှု ကောင်းနေလို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Drag Coefficient ပမာဏ မှာတင် 0.19 Cd သာ ရှိနေပြီး ပို စွမ်းအင်ချွေတာနိုင်တဲ့ မော်တာတွေ ၊ အင်ဗာတာတွေနဲ့ တာယာတွေကိုလည်း တပ်ဆင် ပေးထားတာပါ။ ပိုထူးခြားတာ ကတော့ ကားရဲ့ဘီးတွေမှာ တစ်ပါတည်း တပ်ပေးထားတဲ့ မော်တာတွေ ကြောင့် ယခင်လိုမျိုး Transmission တွေ ၊ Driveshaft တွေ အများကြီးသုံးစရာ မလိုတော့ပဲ အလေးချိန် ရော နေရာအသုံးပြုမှု အပိုင်းတွေ ကိုပါ အတော်လေး လျှော့ချပေးနိုင်ပြီ ဖြစ်ပါတယ်။ တာယာတွေ ဆိုရင် လည်း နာမည်ကျော် Bridgestone ဆီကနေ အတော်လေး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ တာယာတွေကို ထည့်ပေး ထားတာပါ။ ကားကတော့ စွမ်းအင်သုံးစွဲမှု အရ ဆိုရင် ၆၂ မိုင် နှုန်းကိုမှ 10.5 kWh ပမာဏပဲ ကုန်ကျမှာ ဖြစ်ပါတာ်။ ဒါကတော့ တကယ့် လက်တွေ့ဘဝမှာ စမ်းသပ်ထားပြီးသား ဖြစ်တဲ့ Mercedes ရဲ့ Vision EQXX Concept နီးပါး လောက်ကို ကောင်းနေတာ ဖြစ်ပြီး အဆိုပါ ကားကတော့ ၆၂ မိုင် ပမာဏ ကို 8.7 kWh အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဆိုလာပြားတွေကို ဘာလို့ တပ်ထား ရတာလဲ ဆိုတာ မေး စရာ ရှိလာပါတယ်။ အထူးသဖြင့် စက်ဖုံးနဲ့ အမိုးပေါ် တပ်ဆင်ထားတာတင် ၅၃ စတုရန်းပေ လောက်ရှိပြီး နေရောင် ခြည်သာ အလုံအလောက် ရမယ်ဆိုရင်တော့ 1.05 kW နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ ဒါက တော့ တစ်နာရီ ကို ၆.၂မိုင်နှုန်း လောက် မောင်းလို့ရမယ့် အနေအထားပါပဲ။

Photo Credit: MotorAuthority

ဒါကြောင့် ကားရဲ့ ဘက်ထရီသာ အပြည့် ဖြစ်နေမယ် ဆိုရင် အခုကားက နောက်ထပ် မီးအားကုန်သွားမှာကို စိတ်ပူ စရာမလိုပဲ လမ်း‌တစ်လျှောက် နေရောင်သာ ကောင်းကောင်း ‌ရနေမယ်ဆိုရင် ရှိထားတဲ့ ဘက်ထရီရဲ့ လျော့သွားသမျှ ပမာဏကို ဆိုလာကနေ ပြန်ဖြည့်ပေး နေနိုင်မှာပါပဲ။ အခု ကားသစ်ရဲ့ ပထမဆုံးသော အစီးရေ ၁၅၀ ကို ဆိုရင် Pioneer Edition ဆိုတဲ့ အထူးထုတ် အနေနဲ့ ချပြပေးမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ $ 159,000 ခန့် ကျသင့်မယ်လို့ သိရပါတယ်။ Limited Edition ထဲက နောက်ထပ် Series တစ်ခုကိုတော့ အခုကတည်းက စတင်မှာယူနိုင်နေပြီ ဖြစ်ပြီး $ 265,000 အထိ ကျသင့်မှာပါ။ ကားထုတ်လုပ်ရေးတွေ ကိုတော့ ဖင်လန် နိုင်ငံမှာရှိတဲ့ မူလ Fisker Karma Sedan ကားထုတ်လုပ်ခဲ့ရာ Valmet Automotive စက်ရုံမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံမှာ ဆိုရင်တော့ အခုကားလိုပဲ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားတွေ ပါလာမယ့် Sono Sion လျှပ်စစ် ကားသစ်တစ်စီး ကိုပါ ထုတ်လုပ် ပေးလာ ဦးမယ်လို့ သိရ ပါတယ်။

Ref: MotorAuthority