Lightyear အနေနဲ့ သူတို့ရဲ့ 0 ကား အမျိုးအစား Prototype ကို လှိုဏ်ခေါင်း တစ်ခုထဲမှာ ပထမဆုံးအကြိမ် စမ်းသပ် ခဲ့ပြီး ထွက်လာတဲ့ ရလဒ်တွေကလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ အဆိုပါ ကားရဲ့ Drag Coefficient ပမာဏ က 0.175 ပဲ ရှိခဲ့တာကြောင့် အဆိုပါ လျှပ်စစ်ကားဟာ အရေအတွက် များများစားစား ဈေးကွက်ထဲ ထုတ်ပေးတဲ့ ကားတွေထဲ လေခွင်းအား Aerodynamic အကောင်းဆုံး ကားတစ်စီးအဖြစ် မှတ်တမ်းတင်သွားခဲ့ပါပြီ။

Photo Credit: AllAutoExperts

ကားကိုတော့ WLTP စံနှုန်းတွေအရ သတ်မှတ်ထားတဲ့ Wind Tunnels တွေထဲက တစ်ခုဖြစ်တဲ့ ဂျာမနီနိုင်ငံ ၊ စတုဂတ်မှာ ရှိတဲ့ FKFS စက်ရုံမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ကား‌ရဲ့ ရလဒ်ကလည်း အခြားကားတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို ကောင်းမွန်တာတွေ့ရပြီး နာမည်ကျော် ကားဖြစ်တဲ့ Jeep JL Wrangler တောင်မှ Drag Coefficient ပမာဏက 0.454 အထိ ရှိခဲ့တာပါ။ တစ်ခြားသော Sports Car တွေထဲ ယှဉ် ကြည့်မယ်ဆိုရင် တော့ Lexus LFA ကားက 0.31 အထိပဲ ရှိတာ တွေ့ရမှာပါ။ အခု Lightyear 0 ကားရဲ့ ရလဒ်ကောင်းမွန်မှုတွေကို ကြည့်မယ် ဆိုရင်တော့ လျှပ်စစ်ကားတွေရဲ့ Drag Efficient ပမာဏကို ကောင်း ကောင်း လျှော့ချနိုင်မှုက ပိုပြီး အရေးပါတာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကားမှာ ပိုကောင်းသွားစေတဲ့ Range တွေကတော့ ကားရဲ့ အမိုးပေါ်မှာ သုံးထားတဲ့ ဆိုလာပြားတွေနဲ့ Drag Coefficient ပမာဏ နည်းပါးတာတွေ ကြောင့်ပဲ ဖြစ်ပြန်ပါတယ်။ WLTP ရဲ့ စံနှုန်းတွေ အရတော့ အဆိုပါကားဟာ တစ်ကြိမ်အားသွင်းထားရုံနဲ့ ၃၈၈ မိုင် အထိကို မောင်းလို့ရနိုင်မယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် နေသာ‌တဲ့ နေ့တစ်နေ့ မှာဆိုရင် ကားက နေရောင်ကနေရတဲ့ စွမ်းအင်အရ ၄၃ မိုင် လောက်အထိ Range ပမာဏ အပိုရရှိဦးမှာပါ။ Lightyear ကတော့ အဆိုပါ ကားကို နေသာတဲ့ နေရာတွေမှာသာ  ရပ်ထားမယ် ဆိုရင် တော့ ရက်သတ္တပတ် အတော်ကြာကြာ လောက်အထိ အားသွင်းစရာ မလိုအပ်တော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် အခုလို နည်းပညာတွေ စံချိန်တွေနဲ့ ပြည့်နေတဲ့ ကားတစ်စီးအဖို့ ဈေးတော့ မသက်သာနိုင်တာ သေချာပါတယ်။ ကားသစ်ကို လာမယ့် ၂ လ အတွင်းမှာပဲ စတင် ထုတ်လုပ်တော့မှာ ဖြစ်ပြီး အခြေခံဈေးနှုန်းကတော့ $249,731 ကနေ စတင်မယ်လို့ သိရပါတယ်။

Ref: AllAutoExperts