၂၀၂၁ ကုန်ခါနီးလေးမှာပဲ လျှပ်စစ်ကား အနာဂါတ်တွေနဲ့ ပတ်သက်လို့ Toyota နဲ့ Lexus ကုမ္ပဏီတို့က အသီးသီး ချပြလာ ခဲ့ကြပါတယ်။ ဒါပေမယ့်ထုတ်လုပ်ရေးအဆင့်ကား တွေကိုတော့ မမြင်ရသေးပဲ Concept တွေ အနေနဲ့ ပဲမြင်တွေ့ရသေးတာ ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းတာက Lexus ကားသစ်တွေဖြစ်ပြီး Wagon တွေ ၊ အမိုးဖွင့်ကားတွေနဲ့ Hypercar တွေအထိ ပါဝင်လို့ နေတာပါ။ ဒါပေမယ့် ကုမ္ပဏီကတော့ ထုံးစံအတိုင်း Crossover နဲ့ SUV တွေအတွက်လည်း ချန်မထားခဲ့ပြန်ပါဘူး။ အခုနှစ်ထဲမှာ Lexus RZ 450e ကားအသစ် ထွက်လာမယ် ဆိုပေမယ့် လည်း အဆိုပါ ကားက တစ်စီးတည်းသော လျှပ်စစ်ကားဖြစ်လာမှာ မဟုတ်ပဲ အဆိုပါ ကားထက်ပိုပြီး အဆင့်မြင့် တဲ့ ကားသစ်တစ်စီး ထွက်လာဖို့ ရှိနေပါသေးတယ်။ အဆိုပါ ကားကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းကမှ အနည်းငယ် လေး လှစ်ဟပြခဲ့ဖူး တဲ့ အနာဂါတ် ကားသစ် ၇ မျိုးထဲက တစ်မျိုးဖြစ်နိုင်ပြီး အရွယ်အစားကို မခန့်မှန်းနိုင်သေးပေ မယ့်လည်း RZ 450e ထက်တော့ ပိုကြီးနိုင် ပါတယ်။ ဒါပေမယ့် Range အမြင့်ဆုံး SUV တော့ မဖြစ်နိုင်လောက် သေးပဲ သူ့ထက်မြင့်တဲ့ ကားလည်း လာနိုင်ပါသေးတယ်။
အခု မြင်တွေ့ရတဲ့ SUV Concept မှာတော့ နောက်ပိုင်း ကုမ္ပဏီရဲ့လျှပ်စစ်ကားတွေမှာ မြင်ရမယ့် Spindle Grille ဒီဇိုင်းကိုပဲ အသုံး ပြုပေး ထားပါတယ်။ နောက်ဆုံးမြင်တွေ့ထားရတဲ့ ပုံတွေထဲမှာတော့ ကားရဲ့ အနောက်ဘက် ၃ ပုံ တစ်ပုံလောက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ ထားရပါတယ်။ ကားရဲ့ အရှေ့ဘက် အပိုင်းကတော့ မြင်နေကျ အတိုင်း ရင်းနှီးတဲ့ ပုံစံပဲ ဖြစ်ဖို့ များပြီး အနောက်ဘက်ကလည်း ခပ်ရှင်းရှင်း ပါပဲ။ အနောက်ဘက် ဘန်ဘာ မှာတော့ Vent က ပိုကြီးလာပြီး ကားအနောက်ကို အပြည့်ပတ်ထားတဲ့ Taillight Bar ကိုလည်း မြင်ထားရ ပါတယ်။ အဆိုပါ Taillight Bar ကတော့ ကားအနောက်ဘက်တင်မကပဲ အနောက်ဘက် Fenders တွေနဲ့ တာယာပေါ်တွေအထိ ပြေးထား တာ ကို မြင်ရမှာပါ။ ဒီပုံစံနဲ့တင်ပဲ အတော်လေးဆွဲဆောင်မှုရှိလွန်းနေတဲ့ SUV တစ်စီးဆိုတာ သိသာနေစေပေမယ့် တကယ်တမ်း ထုတ်လုပ် တဲ့ အဆင့်ရောက်လာခဲ့ရင်လည်း ပိုတောင်ပြောင်းလဲ ပေးလာနိုင်ပါသေးတယ်။
Toyota နဲ့ Lexus တို့ကတော့ အခုဆယ်စုနှစ် အကုန်လာမယ့် ၂၀၃၀ လောက် မှာ လျှပ်စစ်ကားအသစ် ပေါင်း ၃၀ လောက်အထိ ထုတ်လုပ် မယ်လို့ ရည်မှန်းချက် ထားထားတာ ဖြစ်ပါတယ်။ အခု ခရီးရှည်ကိုတော့ Lexus တို့က RZ 450e နဲ့ စတင်တော့မှာဖြစ်ပြီး အခုနှစ်ထဲ တစ်ချိန်ချိန်မှာ ပွဲထုတ်လာနိုင်ပါတယ်။ အဆိုပါ ကားမှာဆိုရင်တော့ Platform အနေနဲ့ Toyota bZ4X နဲ့ Subaru Solterra တို့ နဲ့အတူတူ သုံးထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားပြီးရင် နောက်ပိုင်း ဆက်လက် မြင်တွေ့ရတဲ့ Lexus ရဲ့ SUV အကြီးစားတွေထဲမှာရော အခုလို Platform ကိုပဲ ဆက်သုံးမသုံး ဆိုတာကတော့ ဆက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com