ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်အထိကိုပဲ နာမည်ကြီး Toyota/Lexus တို့ဆီကနေ လျှပ်စစ်ကားသစ်တွေ ထွက်လာမယ်ဆိုတဲ့ သတင်းက အခြားကုမ္ပဏီတွေလို မဟုတ်ပဲ ကြားရခဲ နေခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ရုတ်တရက် ဆိုသလို လျှပ်စစ်ကား Concept အသစ် ၁၆ မျိုး အထိကို ရုတ်တရက် ချပြခဲ့ပြီး Toyota bZ4X နဲ့ Platform တူတူ ဖြစ်လာမယ့် Lexus RZ 450e ကားလည်း ပါဝင်လာခဲ့ ပါတယ်။ RZ ကား ကတော့ အမေရိက ဈေးကွက် အထိကို ရောက်လာမယ့် Lexus ရဲ့ ပထမဆုံးသော လျှပ်စစ်ကားဖြစ်ပြီး အဆိုပါ ကားပြီး ရင် ဘယ်လို လက်ရာကားသစ်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကတော့ ပိုစိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ နောက်ဆက်တွဲ ကားသစ်တွေနဲ့ ပတ်သက်တဲ့ Teaser တစ်ခုကို ချပြလာခဲ့ပြီး All-Electric LFA ရဲ့ နောက်မျိုးဆက် ဖြစ်လာနိုင်တယ်လို့ ထင်ရတဲ့ ကားတစ်စီးကိုလည်း မြင်ထားရပါတယ်။ Tease Video ထဲမှာ တော့ ကားကို အရှေ့ဘက်ကပဲ မြင်တွေ့ရသေးတယ် ဆိုပေမယ့် Lexus ကတော့ သူတို့ရဲ့ ဂျပန်ဘာသာနဲ့ Facebook လူမှုကွန်ရက်မှာတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကားကတော့ တရားဝင် နာမည် အသစ်ကိုတောင် ရထားတာဖြစ်ပြီး Lexus Electrified Sport ဆိုတဲ့ နာမည်နဲ့အတူ မြင်ထားရတာ ဖြစ်ပါ တယ်။

Photo Credit: CARBUZZ

ဒါပေမယ့် Lexus ချပြချင်တဲ့ အနာဂါတ် လျှပ်စစ်ကားသစ်တွေကတော့ အဆိုပါ Electrified Sport ကားတစ်စီး တည်း မဟုတ်သေးပါဘူး။ ပုံတွေ အရဆိုရင်တော့ Lexus Electrified Sedan တစ်စီးကိုလည်း မြင်ရပါသေးတယ်။ ကုမ္ပဏီ အဆိုပါကားကို စွယ်စုံရတဲ့ ခရီးတစ်ခုရဲ့ အစလို့ ဖော်ပြထားတာ တွေ့ရပြီး Lexus IS Sedan ကားရဲ့ လျှပ်စစ် မျိုးဆက် ဖြစ်လာဖို့တော့ များနေပါတယ်။ အဆိုပါ သာမန် Sedan ကားကတော့ ပြီးခဲ့တဲ့ 2021 Model Year အတွက် ကမှ Facelift Version ကို ရထားခဲ့ပါသေးတယ်။ အဆိုပါ Concept မှာ မြင်ရသ လောက်ကတော့ ကားက သာမန် အင်ဂျင်သုံး IS ရဲ့ အခြေခံပုံစံ အတိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိသာတဲ့ တစ်ချက်ကတော့ ခေတ်လွန် ဒီဇိုင်းနဲ့ အနာဂါတ် ပိုဆန်နေခဲ့ကာ Tesla Model 3 တို့လို ကားမျိုးတွေနဲ့ ကောင်းကောင်းကို ယှဉ်နိုင်မယ့်အသွင် ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် အဆိုပါ ကား ၂ စီး အပြင် နောက်ထပ် စိတ်ဝင်စားစရာ အနေနဲ့ Lexus Electrified SUV ဆိုတာကိုလည်း ပိုကြီးတဲ့ ကားတစ်စီး အနေနဲ့ မြင်ထားရပါသေးတယ်။ လက်ရှိ သာမန်အင်ဂျင်သုံး RZ ကားနဲ့ အတူတူ အနေအထား လောက် ရှိမယ်လို့ ထင်ရပါတယ်။ ဒါပေ မယ့် RZ က တကယ်ကို Compact ဖြစ်သေးပြီး အခု လျှပ်စစ်ကားသစ် ကတော့ အရွယ်အစား အလယ်အလတ် SUV ပိုဖြစ်နိုင်ကာ ထိုင်ခုံ ၃ တန်းနဲ့ ဖြစ်လာနိုင်ပါတယ်။ သေချာတာ ကတော့ အဆိုပါ SUV က ၂၀၁၅ လောက်ကတည်းက တစ်ကျော့ပြန် ခြေလှမ်းတွေ သွက်နေခဲ့ တဲ့ သာမန် အင်ဂျင်သုံး Lesux RX ကားနေရာမှာ တိုက်ရိုက် အစားထိုးလို့ ကောင်းမယ့် ကားတစ်စီးပဲ ဖြစ်ပါတယ်။ ယခင် LFA ကားရဲ့ မျိုးဆက် ကားအသစ်ကို စတင်ချပြခဲ့စဉ်တုန်းကတော့ အမိုးဖွင့်လို့ရတဲ့ Low-Slung Hatchback အနေနဲ့ မြင်ခဲ့ ရတာပါ။ အဆိုပါ ကား မော်ဒယ်တွေကို ဒီထက်ပိုပြီး အသေးစိတ်မြင်ရဖို့ လိုသေးတာကြောင့် ကုမ္ပဏီဘက်က မကြာမီ ချပြလာတာတွေကို ဆက်လက် စောင့်ကြည့် ကြရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com