နာမည်ကြီး လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ အကြီးအကဲတွေ အဖို့ကတော့သာမန် ဇိမ်ခံကားတွေ ကိုမှ လုံခြုံရေးအတွက် ပိုပြီး အကာအကွယ်ပေးနိုင်မယ့် ကျည်ဆံဒဏ်ခံ ကားတွေကိုပိုလို အပ်ကြပါလိမ့်မယ်။ ဒါကြောင့်လည်း နာမည်ကြီးကားတွေကိုကျည်ဆံဒဏ်ခံနိုင်တဲ့ အကာအကွယ်တွေနဲ့ လိုအပ်တဲ့ လက်နက် တွေတပ်ဆင်ကာ ပြုပြင်မွမ်းမံ ပေးနေမှုတွေကို Inkas Armored Vehicle Manufacturing ဆိုတဲ့ လုပ် ငန်းက ဖန်တီး ပေးနေတာပဲ ဖြစ်ပါတယ်။ Inkas အနေနဲ့ မကြာသေးမီကမှ အခုလို အကာအကွယ် အပြည့်နဲ့ Land Cruiser အသစ် ကို ချပြခဲ့ပြီး အခုဆိုရင်လည်း Land Cruiser အသစ်မရနိုင်တဲ့ အမေရိက ဈေးကွက် အတွက် ရည်ရွယ်ကာ ပိုပြီး လည်းဇိမ်ခံ အရသာ ကောင်းတဲ့ 2022 Lexus LX 600 SUV ကိုပါ ကျည်ကာ ကား အဖြစ် အသွင်ပြောင်းပေးလိုက်ပါပြီ။ Land Cruiser မှာလိုပဲ အခု ကားကလည်း 3.5 Liter Twin-Turbocharged V 6 Engine ကို တပ်ဆင်ထားပြီး 409 hp စွမ်းဆောင်ရည်ကိုမှ Four Wheel Drive နဲ့ အတူ 10-Speed Automatic Gear တို့ ပါ ပါဝင် လာတာပါ။ ဒီ အနေအထား ကတော့ 5.7 Liter V 8 Engine တပ်ဆင်ထားခဲ့တဲ့ ယခင် LX 570 ထက်စာရင် အတော်လေး တိုးတက်လာခဲ့တာ ဖြစ်ပြီး Torque အနေ နဲ့ကလည်း   479 lb-ft Torque အထိ ရှိထားတာကြောင့် ကျည်ဆံဒဏ်ခံ ကားအနေနဲ့ ဆိုရင် အများ ကြီး ပေ့ါပါး နေမှာတော့ မဟုတ်တာ သေချာပါတယ်။

Photo Credit: CARBUZZ

အခု ကားအတွက် ကျည်ဆံဒဏ်ခံ ကာကွယ်နိုင်မှုကိုတော့ CEN 1063 BR 6 Standard နဲ့ ညီမျှအောင် ဖန်တီးပေးထားပြီး ၇.၆၂ မီလီ မီတာ Assault ရိုင်ဖယ်‌ကျည်နဲ့ DM 51 လက်ပစ်ဗုံးတို့ရဲ့ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခံရတာကို တောင် ကောင်းကောင်း ခံနိုင်ရည်ရှိနေမှာပါ။ ပတ်ပတ်လည် ကာကွယ်မှု ပေးထားနိုင် တဲ့ စနစ်ကို သုံးထားပြီး Reinforced Suspension System ကိုပါ ထည့်ပေးထား ပါသေးတယ်။ ဒါ့အပြင် ကားတံခါးတွေမှာ ဆိုရင်လည်း ဘောင် နှစ်ထပ်လုပ်ထားတာ ၊ အင်ဂျင်နဲ့ ဆီထည့်ကန် တွေကိုလည်း ကျည် ကာနိုင်အောင် ပြုပြင်ထားတာတွေ အပြင် ကျည်ဒဏ်ခံနိုင်တဲ့ မှန် ၊ Run Flat တာယာတွေနဲ့ ကိုယ်ထည် အောက် တစ်ထပ်ကာကွယ်မှုတွေကိုလည်း ထည့်ပေး ထား သေးတာကြောင့် အတော်လေးတော့ ပြီးပြည့်စုံ ပါတယ်။ ဝယ်ယူမယ့် သူတွေအဖို့ စိတ်ကြိုက် Add On တွေ ထည့်ကာ ဝယ်ယူနိုင်ဦးမှာ ဖြစ်ပြီး Siren လို့ အရေးပေါ် အချက်ပေးဥဩ ၊ PA စနစ် ၊ မီးတန်းတွေနဲ့ ညဘက်သုံး ကင်မရာတွေ ၊ Heavy Duty ဘီးကြီး တွေနဲ့ တံခါးလုံခြုံရေး စနစ်သစ်တွေ ၊ မီးငြိမ်းသတ်တဲ့ စနစ်တွေနဲ့ အရေးပေါ် ထွက်ပေါက် စတာတွေကအစ ထည့်ပြီးမှာနိုင်မှာပါ။ Inkas ရဲ့ တွဲဖက်တည်ထောင်သူလည်းဖြစ် လက်ရှိ Chairwoman လည်း ဖြစ်တဲ့ Margarita Simkin ကတော့ မျိုးဆက်သစ် SUV မှာ ပြောင်းလဲတိုးတက်လာတဲ့ ဒီဇိုင်းလက်ရာတွေနဲ့ အတူ Inkas ကလည်း ယခင် LX 570 မှာထည့်ပေးထားတဲ့ လုံခြုံရေးစနစ် တွေထက်ပိုသာတဲ့ ကျည်ဆံဒဏ်ခံ နည်းပညာတွေကို အလုံးစုံ ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Simkin ကတော့ သူ့ အနေနဲ့လည်း ဒီကားဟာ Lexus နဲ့ Inkas တို့ရဲ့ အမြဲတမ်း ချပြလေ့ ရှိတဲ့ အရည်အသွေးအတိုင်း လုံခြုံစိတ် ချရမှု အပြည့်နဲ့ တိကျတဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်ပေးနိုင်ဖို့ အတွက်ဒီကားကို ဖန်တီးနိုင်ခဲ့တာ ဖြစ် တယ်လို့ ပြောကြား ထားခဲ့ပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ အတွင်းခန်းမှာတော့ Lexus ရဲ့ ဇိမ်ခံ အရသာတွေ အကုန်လုံးကို မပျက်မကွက် မြင်တွေ့ရမှာ ဖြစ်ပြီး Screen ၂ ခုတွဲ Infotainment Setup ကိုလည်း Apple CarPlay နဲ့ Android Auto တို့လို ကြိုးမဲ့ ချိတ် ဆက်မှုတွေနဲ့ ထည့်သွင်း ပေးထား ပါတယ်။ ဝယ်ယူလိုသူတွေ အနေနဲ့ ၅ ယောက် စီး ၊ ၇ ယောက် စီးနဲ့ VIP ၄ ယောက် စီးအပြင် အဆင်တွေ ဆိုပြီး စိတ်ကြိုက်ရွေးချယ် နိုင်ပါတယ်။ Inkas အနေနဲ့ စွမ်းဆောင်ရည်ပိုင်း မြှင့်တင် ပြောင်းပေးထားတာမျိုးတော့ မရှိ ပေမယ့်လည်း 10 Piston Heavy Duty Brake စနစ်ကိုတော့ အခု နှစ်ကုန်မှာရအောင် ထည့်ပေးနိုင်ဖို့ အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီ နည်းပညာနဲ့ ဆိုရင် တော့ ကျည်ကာကား LX ရဲ့ အလေး ချိန်ကို ကောင်းကောင်း ကိုင်တွယ် ထိန်းကျောင်းရတဲ့ နေရာမှာ ပိုပြီး အဆင်ပြေလာနိုင်ဖို့ ရှိပါတယ်။ Inkas LX 600 ကိုတော့ အခုဆိုရင် ကမ္ဘာ့ ဈေးကွက် အသီးသီးကနေ မှာယူနိုင်ပြီဖြစ်ပြီး အထူးတလည်မှာယူလာတာမျိုး ရှိမယ်ဆိုရင်တော့ ကုမ္ပဏီကနေ လေယာဉ်နဲ့ကို ပို့ဆောင် ပေးဦးမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com