Lexus ကတော့ အခုကျင်းပတော့မယ့် Goodwood Festival Of Speed ပွဲကြီးမှာ LC Coupe ပုံစံ လျှပ်စစ် စွမ်းအင်နဲ့ Lexus EV Sport Concept ကို ချပြတော့မှာပဲ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်‌ဈေးကွက် ကနေ အပြင် ဘက်ကို ထွက်ပြီး အများပြည်သူကို ပထမဆုံး ချပြလာတဲ့ အခိုက်အတန့် တစ်ခုလည်း ဖြစ်လာမှာပါ။ အဆို ပါ ကားကိုတော့ LFA မျိုးဆက်သစ် လျှပ်စစ်ကားအဖြစ် သတ်မှတ်ထားပြီး Lexus ကတော့ ဒီကားကို ဘယ် လိုဖန်တီး ဖြစ်ခဲ့တယ် ဆိုတာ ရှင်းပြသွားမှာပါ။ အဓိက ကတော့ ဒီ ကားသစ်ရဲ့ အသေးစိတ်သော ပုံကြမ်း Teaser လေးတွေကနေ အခုလိုမျိုး အကြမ်းစား Sport EV Concept အဆင့်အထိ ဖန်တီးဖြစ်လာခဲ့တဲ့ အခြေအနေ တွေကိုလည်း ပြောပြ‌လာမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကားရဲ့ ဒီဇိုင်းပုံကြမ်းလေးတွေကို စတင် ဖန်တီးပေးခဲ့ သူကတော့ အမေရိကန် ၊ ကယ်လီဖိုးနီးယား အခြေစိုက် Calty Design Research ရဲ့ Senior Lead Designer ဖြစ်သူ Tom Matsumoto ပဲ ဖြစ်ပါ တယ်။ Lexus ရဲ့ အနာဂါတ် အတွက် ထင်ထင်ရှားရှားနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ Concept လျှပ်စစ် ကား တွေကို ဖန်တီးတဲ့ နေရာမှာလည်း သူ့ရဲ့ ဒီဇိုင်းတွေက အတော်လေး အရေးပါလာ လိမ့်မယ်လို့ Lexus က ဆိုထားပါတယ်။ အခု Concept ကားကိုတော့ ထင်ရှားတဲ့ အချိုးအစားတွေနဲ့ ခပ်နိမ့်နိမ့် ကားကိုယ်ထည် က Lexus ရဲ့ အနာဂါတ် လျှပ်စစ် စွမ်းအင်နဲ့ စွမ်းဆောင်ရည် မြင့် အနာဂါတ်ကို ဖော်ပြနေတယ် ဆိုပြီး Lexus က ဖော်ကျူးထားပါတယ်။ Lexus ကတော့ အခု ကားရဲ့ ဒီဇိုင်းပုံကြမ်း လေးတွေ ကတော့ အတော်လေး ရိုးရှင်းတဲ့ ဘီးတွေနဲ့ မီးလုံးနေရာလေးတွေကနေ အစပြုခဲ့တာ ဖြစ်ပြီး 3 D လက်ရာ နဲ့ ပုံမဖော်ခင်မှာ သာမန် လက်ရေး ပုံရိပ်တွေနဲ့ ပုံကြမ်းလေးတွေ စမြင်ခဲ့ရတာပါ ဆိုပြီး ပြန်လည် ဖော်ကျူးထား ပါတယ်။ Lexus ကတော့ အခု ကား ဒီဇိုင်းကို စဖန်တီး ခါစမှာဆိုရင်တော့ ဒီဇိုင်နာတွေဟာ ကားရဲ့ တကယ့် လက် တွေ့က အရွယ်အစားနဲ့ အနေအထားတွေ ဘာတစ်ခုမှကို ထည့်မတွက်သေးပဲ အလွတ်ကို စိတ်ကြိုက် ဖန်တီး ခဲ့ကြ တယ်လို့ ပြန်ပြောင်း ပြောပြထားပါတယ်။

Photo Credit: CARBUZZ

နောက်ဆုံး အဆင့် ရှင်းပြထားတဲ့ မေးခွန်းကတော့ အတော်လေး အရေးကြီးပါတယ်။ အများစုကတော့ Concept ကားတွေဟာ ပုံ နဲ့ တကယ် လက်တွေ့ ထွက်လာတဲ့ အခါ ဘာလို့များ ကွာခြား သွားကြတာလဲ ဆိုတာ သိချင်ကြလေ့ ရှိပါတယ်။ ဒီနေရာမှာ Hyundai Ioniq 6 EV Sedan ကား နဲ့ ဥပမာပေးရမှာ ဖြစ်ပါ တယ်။ အဆိုပါ ကားတုန်းကလည်း အခုလိုမျိုး ပုံကြမ်းတွေကိုပဲ လက်ရေးနဲ့ပဲ ရေးဆွဲခဲ့ပြီးမှ နောက်ပိုင်း ဒီဇိုင်နာတွေ လက်ထဲ ရောက်ကာ နည်းပညာနဲ့ ပုံကြမ်း ထွက်လာနိုင်တာပါ။ နောက်ပိုင်းမှာတော့ တကယ့် ထွက်လာမယ့် ပုံစံနဲ့ အနီးစပ်ဆုံး ဖြစ်လာတဲ့ 3 D ပုံရိပ် တွေ အဖြစ် ဖန်တီးလာခဲ့ပြီး ဘရိတ် Calipers တွေနဲ့ မှန်တွေကို အသေးစိတ် ထပ်ထည့်လာပါတယ်။ ဒါ့အပြင် အခြားသော စက်ပိုင်း ဆိုင်ရာတွေကိုလည်း တကယ့်လက်တွေ့ ဘဝရဲ့ကားကို ရည်မှန်းကာ ဖန်တီးကြရာမှာတော့ အပြောင်းအလဲတွေ လုပ်လာ ရတော့ တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလည်း မြင်ထားရတဲ့ Concept တွေကို သဘောကျကာ ဒီဇိုင်းတွေကို အတော်လေး ကြွေနေပေမယ့် လက်တွေ့ထွက်လာတဲ့အခါ ဘာတွေပြောင်းလဲ သွားမလဲ ဆိုတဲ့ အပေါ်မှာ တော့ ဒီဇိုင်နာတွေ အပေါ် နားလည်ရတော့မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု Lexus EV Concept ကတော့ လျှပ်စစ် စွမ်းအင် သီးသန့် ဖြစ်တာကြောင့် ယခင် Lexus ရဲ့ LFA V 10 တို့လို အင်ဂျင်သံတို့ကို လွမ်းနေရ တော့မှာ အသေအချာ ပါပဲ။

Ref: carbuzz.com