အခု ရက်သတ္တပတ်ကတော့ ဂျပန် ကားကုမ္ပဏီကြီး Lexus အတွက် တကယ့်ကိုမှတ်တမ်းကောင်း တစ်ရပ် စိုက်ထူ နိုင်မယ့် အခိုက်အတန့်ပါပဲ။ အကြောင်းကတော့ သူတို့အတွက် ပထမဆုံးသော လျှပ်စစ်ကားကို စတင်ချပြတော့မှာ မို့လို့ပါပဲ။ ဒါပေမယ့်သူတို့ရဲ့ UX 300e လျှပ်စစ်ကားကို ဥရောပမှာ ချပြထားခဲ့ပြီး ဖြစ်ပြီး အမေရိက အတွက် ဖြစ်လာမယ့် 2023 Lexus RZ 450e ကားသစ်ကိုတော့ အခုမှတရားဝင်ချပြမှာ ဖြစ်ကာ အပြင်ပိုင်း ပုံစံကိုတော့ မြင်ပြီး သလောက် ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် ကားရဲ့စွမ်း‌ဆောင်ရည် ၊ Range အပိုင်း ၊ အသေးစိတ် အချက် အလက် တွေနဲ့ ဈေးနှုန်းတွေ ကိုတော့ အများကြီး သိဖို့ လိုအပ်နေသေးကာ အသေးစိတ် ကို တော့ အခု လာမယ့် ဧပြီလ ၂၂ ရက် မှာ တင် သိရှိ နိုင်တော့မှာ ပါ။ အခု RZ ကားကို တရားဝင် စမြင်ရဖို့ အတွက် သိပ်မကျန်တော့ပေမယ့်လည်း ကားသစ်ကို မမြင်ရသေးခင် ပိုပြီး စိတ်လှုပ်ရှားမှုတွေ မြင့်တက်နေ စေဖို့ ရည်ရွယ်ပြီး ကားရဲ့ Teaser ပုံရိပ် တစ်ပုံကိုပါ ချပြလိုက် ပါသေးတယ်။ တစ်ပုံတည်းသော အဆိုပါ Teaser ပုံရိပ်မှာတော့ ကားရဲ့ အနောက်ဘက်ကို အသားပေး ဖော်ပြထားတာ တွေ့ရမှာပါ။

Photo Credit: CARBUZZ

အခု ပုံရိပ်အသစ်နဲ့ ပတ်သက်လို့ ဘာတစ်ခုမှ အသေးစိတ် ချပြထားတာမျိုး မရှိသေးပေမယ့် Lexus ကတော့ အခု ကားကို မောင်းရတဲ့အရသာက တကယ့် လက်တွေ့ကမ္ဘာထဲက အာရုံငါးမျိုးကို ကောင်းကောင်း ထိတွေ့ ခံစားနိုင်စေမယ့် ကား အဖြစ် အမွှန်းတင်ဖော်ပြထားပြီး Voice Of The Earth အဖြစ်လည်း ချီးကျူး ထားပါ သေးတယ်။ တကယ်တော့ အခုလို ဖော်ပြထားတာက ကားကပဲ တကယ်ကို ထူးခြားပြီးသီးသန့် ‌ဆန်တဲ့ အသံတွေ ထုတ်ပေးနေနိုင်လို့လား ၊ ဒါမှ မဟုတ် ပွဲထုတ်မယ့်နေ့မှာ အခုလိုမျိုး ကမ္ဘာမြေနဲ့ဆိုင်တဲ့ Theme တစ်ခုခုနဲ့ ချပြလာမှာလား ဆိုတာကတော့ မသေချာ သေးပါဘူး။ ဒါ့အပြင် တစ်ခု မျှော်လင့်လို့ ရတာကတော့ အခု ကားအသစ်မှာ‌ မောင်းနှင်ပုံ တစ်ခုချင်းစီအလိုက် အသံ တစ်မျိုးစီ ထွက်နိုင်မယ့် စနစ်မျိုး ပါလာနိုင်လိမ့် မယ် ဆိုတာပါပဲ။

Photo Credit: CARBUZZ

အခုလိုသာ ကားရဲ့ သတ်မှတ်အရှိန်နှုန်းပေါ် မူတည်ပြီး အသံပြောင်းလဲတာမျိုးသာ တကယ်လုပ်ပေး နိုင်ခဲ့ ရင် အခု ကား ထုတ်လုပ်မှုရဲ့ တကယ့်အခြေခံ ကားဖြစ်တဲ့ Toyota ရဲ့ လျှပ်စစ်ကား bZ4X ဆီကနေ တော် တော်လေး ကွဲပြား သွား စေနိုင်ပါတယ်။ အဆိုပါ ကား ၂ မျိုးလုံး ကတော့ Toyota ရဲ့ e-TNGA Platform ပေါ်မှာ အခြေခံ ထားတာဖြစ်ပြီး ဘယ်လောက်အထိ ဆင်တူလာမလဲ ဆိုတာကိုတော့ မခန့်မှန်းနိုင်သေးပါ ဘူး။ Toyota ရဲ့ bZ4X ကားမှာတုန်း ကတော့ 201 hp ရှိ လျှပ်စစ်မော်တာတစ်လုံး Version ၊ 215 hp ရှိ တဲ့ လျှပ်စစ်မော်တာ ၂ လုံး ၊ All-Wheel Drive Version တို့ ဆိုပြီး ချပြလာခဲ့တာပါ။ အခု ကားသစ်ရဲ့ Teaser မှာလည်း ကားအနောက်ဘက်မှာ Direct 4 ဆိုတဲ့ တံဆိပ်ကို ရေးထားပြီး Dual-Motor AWD Version ဖြစ်လာ နိုင်မယ်လို့တော့ ယူဆရပါတယ်။ ဒါ့အပြင် အခု ကားကိုပဲ ပိုပြီး ဈေးနည်းနိုင်မယ့် Front-Wheel Drive Version နဲ့ Range ပိုများတဲ့ ကားအဖြစ် မြင်လာရနိုင်မလား ဆိုတာလည်း စောင့်ကြည့် ရဦးမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အသေးစိတ်အချက်အလက်တွေ ကိုတော့ လာမယ့် ၂ ရက် လောက် အတွင်းမှာတင် သိရ တော့မှာ ဖြစ်လို့ စိတ်ဝင်တစား စောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com