မနှစ်တုန်းကတော့ နာမည်ကျော် ထိပ်တန်း ဇိမ်ခံကားကုမ္ပဏီကြီးတွေကို ကျော်ဖြတ်ကာ ဂျပန် ကုမ္ပဏီ Honda တို့က အံ့ဩစရာတစ်ခုကို ချပြသွားပါတယ်။ အဲ့ဒါကတော့တကယ်ကိုအလုပ်ဖြစ်တဲ့ Level 3အဆင့် မောင်းသူမဲ့စနစ်ပဲ ဖြစ်ပါတယ်။ တကယ်တော့ အဆိုပါ စနစ်ကို Audi က နှစ်အနည်းငယ် ကတည်းက စတင် လုပ်ဆောင်နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ဥပဒေပိုင်းဆိုင်ရာ အရတော့ ကန့်သတ်ချက်တွေ ရှိနေခဲ့တာဖြစ်ပြီး နည်းပညာပိုင်း ကလည်း လက်တွေ့ဘဝမှာ ကန့်သတ်ချက် ရှိနေခဲ့ပါသေးတယ်။ ဒါပေမယ့် အခုဆိုရင်တော့ Level 3 အဆင့်ကိုလမ်းပေါ်သွားနိုင်ဖို့ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တဲ့ Honda အပေါ် အားလုံးက အာရုံစိုက် လာခဲ့ရပြီ ဖြစ်ပါတယ်။ မနှစ်ကပဲ ဂျပန် ပြည်တွင်းမှာလည်း အဆိုပါစနစ်ကို တရားဝင် ခွင့်ပြုပေးနိုင်ခဲ့ကာ နိုင်ငံတွင်း လမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက် မှာ ကောင်းကောင်း အလုပ်လုပ်နိုင်တယ်လို့လည်း သိရပါ တယ်။ အဆိုပါ Level 3 စနစ်ကတော့ လက်လွှတ် ၊ မျက်စိမှိတ်ပြီး ကောင်းကောင်းစိတ်ချလက်ချ မောင်းနိုင် တဲ့ အဆင့်ရောက်ပြီဖြစ်ပေမယ့်လည်း ယာဉ်မောင်းဘက်က အချိန်မရွေး အဆင်သင့် ဖြစ်နေရဦးမယ့် တစ်ချို့ အခြေအနေတွေတော့ ရှိနေပါသေးတယ်။ အခု Honda ကားမှာ ဆိုရင် တော့ Honda Sensing Elite လို့ အမည် ပေးထားတဲ့ စနစ်ဖြစ်ပြီး အထူးသဖြင့် ရပ်လိုက် သွားလိုက် လုပ်နေရတဲ့ ယာဉ်ကြော ကြပ်တည်းတဲ့ နေရာတွေမှာပါ လက်လွှတ်ထားလို့ရမယ့် မောင်းသူမဲ့ စနစ် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ စနစ်ကို ကောင်း ကောင်း အသုံးပြုဖို့ ဆိုရင်တော့ အသုံးမပြုခင် တစ်နာရီကို ၁၈ မိုင် နှုန်းလောက် မောင်းနှင် ထားမှ ရမှာဖြစ် ကာ ၃၁ မိုင်ထက် ပိုရင်လည်း အသုံးပြုလို့တော့ မရသေးပါဘူး။

Photo Credit: motor 1.com

Automotive News ရဲ့ ဖော်ပြချက်တွေ အရတော့ အဆိုပါ စနစ်ကို ရထားတဲ့ Honda Legend Model ကို ဂျပန်ရဲ့ အဝေးပြေး လမ်းမတွေထက် စမ်းသပ်ရာမှာ သိပ်ပြီး အထင်ကြီးစရာ မကောင်းသေးဘူး လို့တော့ သိရပါတယ်။ အဆိုပါ ကားကို မိနစ် ၉၀ စာ စမ်းသပ်မောင်းနှင်ခဲ့ ရာမှာတော့ Parameters အပိုင်းတွေမှာ တစ်ကြိမ်လောက်ပဲ မှန်ကန် ခဲ့တာ ဖြစ်ပြီး တစ်နာရီ ၃၁ မိုင် ကျော်သွားရင်လည်း လုံးဝ အလုပ်မလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ စနစ်ကတော့ အချိုးအကွေ့ ရုတ်တရတ် ကြမ်းလွန်းတဲ့ နေရာတွေမှာ ဆိုရင် စိတ်မချရသေးပဲ Honda ကလည်း အဆိုပါ စနစ်ကို သုံးမယ် ဆိုရင်ယာဉ်မောင်း အနေနဲ့ တစ်ခုခုကို စိတ်ချ လက်ချ စားသောက်ပြီး လွှတ်ထားတာမျိုးတို့ ၊ နောက်ဆုံး နေကာ မျက်မှန်တပ်ထားတာ မျိုး‌တို့ပါ မလုပ်ဖို့ ဆိုပြီးကို အကြံပြု ထားပါသေးတယ်။

Photo Credit: motor 1.com

တကယ်ကတော့  Level 3 အဆင့်ဆိုတာ လုံးဝယုံကြည်စိတ်ချရတဲ့ မောင်းသူမဲ့စနစ်ဖြစ်လာဖို့ အရေးကြီး တဲ့ အခြေခံနည်းပညာပါပဲ။ လက်ရှိ Level 2 အဆင့်စနစ်တွေမှာလည်း ယာဉ်မောင်းရဲ့ ထိန်းချုပ်မှုကို လိုအပ် နေသေးတာ ဖြစ်ပြီးတကယ့် လက်တွေ့ မောင်းသူမဲ့စနစ် အရသာစစ်စစ်နဲ့လည်း အလှမ်းတော့ ဝေးနေဆဲပါ။ Level 4 ရောက်သွား ရင်တော့ လုံးဝကို မောင်းသူမဲ့နီးပါး ဖြစ်ပြီဆိုပေမယ့်လည်း ယာဉ်မောင်းကတော့ အဆင့်သင့်ရှိနေဖို့ လိုအပ် သေးပြန်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Level 3 အဆင့်က အကောင်းဆုံး အဖြေတစ်ခု ဖြစ်နေခဲ့ပေမယ့်လည်း အခု တစ်ခေါက် စမ်းသပ်ကြည့်မှုကြောင့်တော့ သုံးသင့် မသုံးသင့် ဆိုတဲ့ တစ်ချို့ အပြီးသတ် အဖြေတွေရသွား ကြလိမ့်မယ် လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဂျပန် ဈေးကွက်ထဲမှာ လည်း အခုစနစ်နဲ့ ပတ်သက်ပြီး အရမ်းကြီးတော့ တိတိကျကျ အတည်ပြုလို့ မရနိုင်သေးပါဘူး။ လက်ရှိ မှာ ဆိုရင် အဆိုပါစနစ် ပါဝင်ထားတဲ့ Legend ကားမော်ဒယ်တွေ အစီးရေ ၁၀၀ လောက် အထိ ထုတ်လုပ်ထား ပြီး အဆိုပါ ကားတွေထဲက ၈၀ လောက် ကတော့ ရောင်းကုန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခြားသော နာမည်ကြီး ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mercedes Benz ဆိုရင်လည်း မကြာသေးမီက မှ သူတို့ရဲ့ ကိုယ်ပိုင် Level 3 အဆင့် မောင်းသူမဲ့ စနစ်ကို နိုင်ငံတကာ အဆင့် အတည်ပြုနိုင်ခဲ့တာကြောင့် လက်ရှိ Honda ရဲ့ အောင်မြင်မှု ကို ကောင်းကောင်း ယှဉ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com