Lego အရုပ်တွေကို ဖန်တီးပေးနေတဲ့ Technic Kit တော့ အခုနောက်ဆုံး အလန်းစား လုပ်ပေးလိုက်တာက Ferrari ရဲ့ မကြာသေးမီကမှ ပွဲထုတ်ပေးလိုက်တဲ့ နာမည်ကြီး ကားတစ်စီးကို ဖြစ်ပါတယ်။ အဆိုပါ ကား ကတော့ Daytona SP3 ကို ဖန်တီးထားတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ လကတည်းက Ferrari တကယ့် Icon ကား Series တစ်ခု ဖြစ်လာခဲ့ တာပါ။ အခုပုံစံတူ Lego ကားအရုပ်လေးကိုတော့ ကော်ဖီစားပွဲတင် အရွယ် အထူးထုတ် စာအုပ်လေး တစ်အုပ်အနေနဲ့ တွဲရောင်းမှာ ဖြစ်ကာ Lego အရုပ်ကတော့ အခုရေ ၅,၀၀၀ အထိပဲ အကန့်အသတ်နဲ့ ထုတ်လုပ်ပေးမှာလည်း ဖြစ်ပါတယ်။ Lego အခုရေ ပေါင်း ၃,၇၇၈ ခု အထိ ကို ပါဝင်တဲ့ Ferrari ကားပုံစံတူလေးကတော့ ၅.၅ လက်မ အမြင့်ရှိပြီး ၊ အရှည် ၂၃ လက်မနဲ့အတူ အကျယ် ကတော့ ၉.၅ လက်မ အထိ ရှိနေတာပါ။ တစ်ခြားသော Lego နာမည်ကျော် ပုံတူ အရုပ်လေးတွေလိုမျိုးပဲ အခု Lego ကလည်း အတွင်းရော အပြင်ပါ အသေးစိတ်ကျကျ ဖန်တီးထားတာ ဖြစ်ကာ သာမန် လူတွေ မမြင်နိုင်တဲ့ နေရာတွေအထိ သေချာပြုလုပ် ပေးထားပါတယ်။

Photo Credit: motor 1.com

ထူးခြားတာကတော့ တကယ် အလုပ်လုပ်တဲ့ 8-Speed Sequential ဂီယာနဲ့အတူ V12 အင်ဂျင်ကိုပါ တကယ် လှုပ်ရှားနိုင်တဲ့ Piston လေးတွေ အနေနဲ့ ထည့်ပေးထားတာပါပဲ။ ဒါ့အပြင် တကယ်ကို ကြံ့ခိုင်တဲ့ Suspension ကိုမှ Brake Discs တွေ ၊ Springs တွေကိုလည်း ကားနဲ့ လိုက်ဖက်ပြီး တကယ်အလုပ် လုပ် နိုင်အောင် ထည့်ပေးထားတာ ကတော့ တကယ်အံ့အားသင့်စရာပဲ ဖြစ်ပါတယ်။ အတောင်ပံလို အပေါ် လှန် ဖွင့်ရတဲ့ တံခါးဒီဇိုင်းကြောင့် အခု အရုပ် လေးရဲ့ အတွင်းခန်းကို သေချာမြင်ထားရပြီး စတီယာတိုင်မှာက အစ Ferrari Logo လေးပါဝင်နေတဲ့ အထိ အသေးစိတ် လွန်းလှပါတယ်။ အပြင်ဘက်မှာတော့ Ferrari ရဲ့ ငွေရောင်ဘီးလေးတွေနဲ့ Center Caps လေးတွေကို မြင်ရမှာ ဖြစ်ပြီး Lego Group CEO ဖြစ်သူ Niels.B.Christiansen ကတော့ အခုလို သေးငယ်တဲ့ ပုံစံ‌တူလေးထဲမှာ Lego အရုပ်လေး တစ်ရုပ် အနေနဲ့ အသေးစိတ် ထည့်ရတာကတော့ တကယ်ကို လက်ဝင်ပြီး အံ့ဩစရာပဲလို့ ဆိုထား ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ပုံစံတူ ကားလေးကိုတော့ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စတင် ရောင်းချမှာဖြစ်ပြီးကမ္ဘာတစ်လွှားက တရားဝင် Lego အရောင်းဆိုင်တွေမှာလည်း ဩဂုတ် လ ၁ ရက်နေ့လောက် မှာစတင် ရရှိလာနိုင်ပါတယ်။ ဈေးနှုန်းကတော့ $ 399.99 နဲ့ ရမှာဖြစ်ပြီး ၁၈ နှစ် အထက်လူငယ်ကြိုက် ပိုဖြစ်လိမ့်မယ်လို့ ယူဆထားပါ တယ်။ အရုပ်လေးနဲ့ အတူ တွဲပါလာမယ့် Lego Technic Ferrari Daytona SP3: The Sense Of Perfection” ဆိုတဲ့ စာအုပ်လေးကိုလည်း ဇွန် ၁ ရက် ကလို့ $ 79,99 နဲ့ စတင်ရောင်းတော့မှာဖြစ်ကာ အရေ အတွက် ကန့်သတ်ထားပါတယ်။ အဆိုပါ အထူးထုတ် စာအုပ် ထဲမှာတော့ ကားလေးကို ဒီဇိုင်းဆွဲခဲ့ရတာ၊ ထုတ်လုပ်တာတွေ စတဲ့ အကြောင်းတွေကို အသေးစိတ် ဖော်ပြထားမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၅၉၉ စီးထဲ သီးသန့် ထုတ်လုပ်မယ့် တကယ့် Daytona SP 3 ကားအစစ် ထက်စာရင် ဒီ Logo ကားလေးကတော့ ပို လွယ်ကူ နိုင်ပါလိမ့်မယ်။ Ferrari ကတော့ အဆိုပါ ကားလေးကို Aerodynamic အကောင်းဆုံး ကားတစ်စီး အဖြစ် ညွှန်းဆိုထားပြီး 828 hp နဲ့ 514 lb-ft Torque အထိ စွမ်းဆောင် ထားနိုင်တာ ဖြစ်ပါတယ်။ အင်ဂျင် ပိုင်းမှာလည်း 6.5 Liter V 12 Engine ကို သုံးပေးထားတာဖြစ်လို့ တကယ်လန်းတဲ့ Supercar တစ်စီးဖြစ် ပြီး လောလောဆယ် မှာတော့ ဈေးအများကြီးသက်သာတဲ့ ပုံစံတူ Logo ရုပ်လေး ဖန်တီးရင်း အပန်းဖြေနေ လို့ ရကောင်းရနိုင်ပါတယ်။

Ref: motor 1.com