Range အပိုင်းအဆင့်မြှင့်တင်ထားတဲ့ လျှပ်စစ်ကား Leap C11 EREV ကားသစ်ကိုတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အကြိုရောင်းချမှုတွေ တရုတ်နိုင်ငံ အတွင်း စတင်တော့မှာဖြစ်ပြီး အခုနှစ်ရဲ့ ပထမ  ၃ လပတ်အတွင်း စတင်ဖြန့်ချီပေးလာတော့မယ်လို့ သိရပါတယ်။ C11 EREV ကားကိုတော့ 2021 စက်တင်ဘာတုန်းက ထွက်ရှိခဲ့တဲ့ C11 SUV ကားအပေါ် အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Leap ကတော့ တရုတ်ကားထုတ်လုပ်သူ Leapmotor ရဲ့လက်အောက် Brand တစ်ခုဖြစ်ပြီး Leap C11 SUV ၊ Leap C01 Sedan ၊  Leap S01 Sports ကားနဲ့ Leap T03 Hatchback ကားတွေကို ထုတ်လုပ် ရောင်းချနေခဲ့တာပါ။ C11 EREV ကားကတော့ လူ ၅ ယောက်စီးနင်းလိုက်ပါနိုင်မယ့် ကားတစ်စီးဖြစ်ပြီး နှစ်ရောင်စပ်ကိုယ်ထည်၊ Luggage Racks ပါဝင် တဲ့ Suspended Roof နဲ့ မြှုပ်နှံထားတဲ့ တံခါးလက်ကိုင်တွေ ပါဝင်လာကာ အရှေ့ဖက်မှာတော့ Grille အပိတ်ဒီဇိုင်းကိုမှ ပါးလွှာတဲ့ Headlights တွေတပ် ဆင်ပေးထားပါတယ်။

Photo Credit: CarNewsChina

ကားရဲ့အနောက်ဖက်ကတော့ ခပ်လုံးလုံး ပုံစံရှိပြီး Through-Type Taillights တွေထည့်သွင်းပေးထားပါတယ်။ Powertrain ကိုကြည့်မယ်ဆိုရင်တော့ လျှပ်စစ် မော်တာ တစ်လုံးကို ဓါတ်ဆီ အင်ဂျင်နဲ့ ပေါင်းစပ်ပေးထားကာ Ternary Lithium Battery Pack နဲ့ တွဲဖက်ထားတာပါ။ ဓါတ်ဆီ အင်ဂျင်ကတော့ ဘက်ထရီကို အားသွင်းပေးရုံအတွက်သာ အသုံးပြုတာဖြစ်ပြီး ဘီးတွေနဲ့ချိတ်ဆက်ထားခြင်းမရှိပါဘူး။ 1.2 Liter 3-Pot Turbocharged အင်ဂျင်က 131 hp ရှိကာ လျှပ်စစ်မော်တာက 272 hp စွမ်းဆောင်ရည်ရှိပြီး အမြင့်ဆုံး အရှိန်အနေနဲ့ကတော့ 170 km/h အထိ ရှိမှာပါ။ အင်ဂျင်နဲ့ လျှပ်စစ်မော်တာ ပေါင်း စပ် စွမ်းဆောင်ရည်က ကားကို ၁၀၂၄ ကီလိုမီတာ အထိ မောင်းနှင်နိုင်စွမ်းရှိစေမှာ ဖြစ်ပြီး CLTC Range အရ လျှပ်စစ်စွမ်းအင်တစ်ခုထဲနဲ့ဆို 285 km Range သာ ရှိမှာပါ။

Photo Credit: CarNewsChina

အတွင်းပိုင်းမှာတော့ Triple-Screen ဒီဇိုင်းနဲ့အတူ Two-Spoke စတီယာတိုင် တပ်ဆင်ပေးထားသလို L2++ Driving Assistance Fuctions တွေပါဝင် လာမှာပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ လက်ရှိအချိန်အထိ အသိရှိရသေးတာကြောင့် ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina