အမိုးဖွင့်နိုင်တဲ့ Land Rover Defender အမျိုးအစားကတော့ Version အသစ်အနေနဲ့ ၂၀၁၉ လောက်က တည်းက စထွက်လာခဲ့တာပါ။ လမ်းကြမ်း မောင်းလို့ နေရာမျိုး မှာမှ အမိုးဖွင့်ပြီး သဘာဝ တရားကို လှလှပပ ခံစားရတာမျိုးက တော့ အတော်ကို ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ အခုလို ကားအရသာမျိုး ကိုတော့ အမေရိက ရဲ့ အခြားသော နာမည်ကြီး ကုမ္ပဏီတွေမှာ ရှိနှင့်နေပြီးဖြစ်ကာ အထူးသဖြင့် Jeep Wrangler နဲ့ Ford Bronco တို့ ဖြစ်ကြပါတယ်။ တကယ်လို့ သင်က အခုလိုမျိုး အမိုးဖွင့်ထားတဲ့ Land Rover ဒီဇိုင်းကို ကြိုက်နှစ်သက်တဲ့ သူဆိုရင် တော့ အခုကစလို့ စတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ အဆိုပါ အမိုးဖွင့်ဒီဇိုင်း Land Rover ကား ခပ်ဆန်းဆန်းကိုတော့ တံခါး ၃ ပေါက်ပါ Defender 90 အမျိုးအစားကို အခြေခံပြီး နယ်သာလန် အခြေစိုက် Heritage Customs က ဖန်တီး ပေးထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၂၀၂၁ မှာ ကတည်းက စတင်ပြီး တဖြည်းဖြည်းချင်း ချပြလာခဲ့တဲ့ အဆိုပါ အမိုးဖွင့် ကားလေး ကိုတော့ ကုမ္ပဏီ ဘက်ကနေ Valiance ဆိုတဲ့နာမည် ခပ်ဆန်းဆန်းလေး ပေးထားပါတယ်။ လက်ရှိ မှာတော့ အရောင် အဓိက ၃ မျိုး နဲ့ အခြား ပေါင်းစပ်ထားတဲ့ အရောင်တွေ ထည့်ကာ Cote D Azur ၊ Solihull Sand နဲ့ Kokkini Paralia တို့ ဆိုတဲ့ နာမည်ရွေးချယ်ခွင့် ပေးထားပြီး လောလောဆယ်တော့ ကား အစီးရေ ၅ စီးပဲ အကန့်အသတ်နဲ့ ထုတ်ပေး ထားဦးမှာပါ။ အဆိုပါ ကားကိုတော့ ကုမ္ပဏီ ဘက်ကနေ အင်္ဂလန် ဒေသရဲ့ ကျေးလက် ဒေသတွေကို ကိုယ်စားပြုကာ ဖန်တီး ထားတယ်လို့ သိရပြီး အရောင်ကလည်း အစိမ်းဖျော့ရောင် ကိုမှ မီးခိုးရောင် ဘန်ဘာတွေနဲ့ ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်ကဖွင့်လို့ ရမယ့် Soft Top အမိုးကလည်း သဲသောင်အရောင် ခပ်ညစ်ညစ်လေးကို သုံးထား တာပါ။ ဒါတင်မကသေးပဲ လက်မ ၂၀ အရွယ် အဖြူရောင် Space Cowboy ဆိုတဲ့ ဘီးတွေကိုလည်း တပ်ဆင် ပေးထား ပြီး Cabin ပိုင်းမှာလည်း ကြေးနီရောင် Accents တွေကိုမှ Classic ဖြစ်တဲ့ ထိုင်ခုံတွေ ၊ စတီယာတိုင်နဲ့ ခေတ်ဟောင်း အရသာ ခပ်လွမ်းလွမ်း ဒီဇိုင်းတွေကိုပါ ရွေးချယ်နိုင်အောင် စီစဉ်ပေးထား ပါသေးတယ်။
ကားကလည်း ဆွဲဆောင်မှုရှိနေသလို ဈေးကလည်း မသေးတာတော့ အမှန်ပါပဲ။ မူလ Defender 90 ကား ကနေ အခု လိုမျိုး အမိုးဖွင့်ကား အဖြစ် ပြောင်းလဲလိုက်တာမျိုး ကတင် $ 97,754 လောက် အထိကို ကုန်ကျ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်း စက်ရုံထုတ်ပြီး သေချာရောင်းချမယ့် အခါမှာတော့ ကားဈေးက $ 150,000 အထိ ဖြစ်သွား တော့မှာပါ။ တစ်ခုရှိတာကတော့ အခုလို ပြောင်းလဲ ထုတ်လုပ်ထားမယ့် အမိုး ဖွင့်ကားမှာ အင်ဂျင်ပိုင်းတွေကို ဝိတ်လျှော့ထားတာတွေဘာတွေ မရှိလာနိုင်တာကြောင့် 518 hp အထိ ရှိတဲ့ Defender V 8 Engine ကို ရွေးချယ်တယ်ဆိုရင်လည်း အဆင်ပြေနိုင်ပါသေးတယ်။ အခုလို စွမ်းဆောင် ရည် မျိုးနဲ့ ကားကိုမှ အမိုးပါ ဖွင့်ပေးထားတာမို့ အတော် ကို အားရစရာ ကောင်းနေတာတော့ သေချာပြီး ကားသစ်ထုတ်လုပ်မှုတွေကိုလည်း အခု နှစ်နှောင်းပိုင်းကနေ စတင် လာတော့မယ်လို့ သိရပါတယ်။
Ref: motor 1.com