သီးသန့်အနေနဲ့ အစီးရေ ၂၅၀ သာအထူး ထုတ်လုပ်ပေးမယ့် Land Rover Defender Trophy Edition ဆိုတဲ့ ကားသစ် တစ်စီး အကြောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ Land Rover ကအမှတ်မထင် ချပြခဲ့ပါတယ်။ ဒါ့အပြင် ဝယ်ယူမယ့် သူတွေကိုလည်း မနှစ်က ထုတ်ခဲ့ဖူးတဲ့ Trophy Edition အထူးထုတ် ကားတွေနဲ့ လမ်းကြမ်းမောင်းကားပြိုင်ဖို့ပါ ကုမ္ပဏီ က ဖိတ်ခေါ်လိုက်ပါသေးတယ်။ အဆိုပါ Edition အသစ်ကတော့ ပြီးခဲ့တဲ့ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ယှဉ်ပြိုင်ခဲ့ကြဖူးတဲ့ Camel Trophy ဆိုတဲ့ လမ်းကြမ်းမောင်း ကားပြိုင်ပွဲကို အမှတ်ရ ဖန်တီးထားတာပါ။ စီးကရက် ကုမ္ပဏီ Camel ရဲ့ အဓိက စပွန်ဆာပေးခဲ့တဲ့ အဆိုပါ ပြိုင်ပွဲတစ်လျှောက်ပါ Land Rover တို့က အဝါရောင် ကားတွေ နဲ့ ယှဉ်ပြိုင်ပြီး ပြိုင်ပွဲမှာလည်း လွှမ်းမိုးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ဆိုရင်လည်း အထူးထုတ် ကားတွေမှာ အဆိုပါ ပြိုင်ပွဲတွေ တုန်းကလိုမျိုး အဝါရောင်တွေကို လှလှပပ သုံးပေးထား ပြီး မူလ ကားအနေနဲ့ကတော့ 2023 Land Rover Defender 90 P400 X-Dynamic SE ကားကို အခြေခံထားမှာ ဖြစ်ပါတယ်။ မနှစ်တုန်းက အဆိုပါ အထူးထုတ် ကားတုန်းကတော့ Defender 110 P400 ကားကို အခြေခံထားခဲ့တာ ဖြစ်ပြီး အဆိုပါ ကား ၂ မျိုးလုံးကတော့ 3.0 Liter Inline-6 Engine တွေ သုံးထားပြီး Mild Hybrid Setup လည်းဖြစ်တာကြောင့် 395 hp လောက် အထိ စွမ်းဆောင်ရည်တူညီ ကြပါတယ်။ Trophy Edition အသစ် မှာကိုပဲ သာမန် Defender ကားရဲ့ အမျိုးမျိုးသော Package တွေနဲ့ ထပ်ပြင်ချင်သေးတယ် ဆိုရင်လည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အနောက်ဘက် အနက်ရောင် ဒီဇိုင်း Pack  ၊ Cold Climate Pack ၊ လမ်းကြမ်းသီးသန့် Off- Road Pack နဲ့ Advanced Off-Road ဆိုတဲ့ ပိုကောင်းတဲ့ Pack တွေကိုပါ သုံးနိုင်ပါသေးတယ်။ ဒါ့အပြင် Air Suspension စနစ် ၊ Tow Hitch Receiver ၊ Expedition Roof Rack အမိုးကိုင်းအသစ်တွေနဲ့ အတူ နဂိုပါဝင်လာ ဦးမယ့် Air Compressor ကို ပိုကောင်းအောင် လုပ်တာတွေလည်း ဖန်တီးနိုင်ဦးမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ကားကို ဝယ်ယူမယ့်သူတွေ အဖို့ နောက်ထပ် ထူးခြားတဲ့ အစီအစဉ်ကတော့ လာမယ့် အောက်တိုဘာ လ ၈ ရက် ၊ မန်ချက်စတာမှာ ရှိတဲ့ Vermont ဆီက Land Rover Experience Center မှာ ကျင်းပမယ့် လမ်းကြမ်း ကားမောင်း ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ ရနေတာပါပဲ။ ပထမဆုံး စာရင်းသွင်းမယ့် ၂ ယောက်တွဲ တစ်ဖွဲ့ဆီကို ပြိုင်ပွဲ ၆ ခု အဖြစ် Land Rover တို့က ဖန်တီးပေးထားပြီး ပြီးခဲ့တဲ့ 2021 Defender Trophy ပွဲက ပြိုင်ပွဲဝင် တွေလည်း ဝင်ကြေး $ 5,000 ပေးပြီး ပြန်လည် ယှဉ်ပြိုင်နိုင်ပါသေးတယ်။ အနိုင်ရတဲ့ အသင်းကတော့ လာမယ့် ၂၀၂၃ နွေဦးမှာ ကျင်းပမယ့် ယူကေရဲ့ Classic Land Rover Trophy ပြိုင်ပွဲကြီးမှာကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အခု အထူးထုတ်ကားတွေ ကို တော့ အစီးရေ ၂၅၀ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး အစီးရေ ၂၂၀ ကို အမေရိက ဈေးကွက် အတွက်နဲ့ အစီးရေ ၃၀ ကိုတော့ ကနေဒါ ဈေးကွက် အတွက် ထုတ်လုပ်ပေးမှာ ဖြစ်ကာ ဈေးနှုန်းကတော့ $ 96,000 ကနေ စတင်မယ်လို့ သိရပါတယ်။

Ref: MotorAuthority