ဟိုးယခင် Land Rover ကားဟောင်း ကားကောင်းတွေကို ပြန်လည် ထိန်းသိမ်းပြင်ဆင်ပြီး Tuning ပိုင်း ပြန်လုပ် ပေးတဲ့ နေရာမှာတော့ E.C.D. Automotive Design တို့က ထိပ်တန်းပါပဲ။ အခုဆိုရင်လည်း Land Rover Defender 110 အမိုးဖွင့် ကားတစ်စီးကို အတော်လေး သစ်လွင်လှပအောင်ပြင်ဆင်ပြီး Project Hutton ဆိုတဲ့ နာမည်နဲ့အတူ ကားသစ်တစ်စီး ဖြစ်လာခဲ့ပါတယ်။ အင်ဂျင်ကတော့ 6.2 Liter Supercharged V8 အင်ဂျင်ကို ပြောင်းတပ်ထားပြီး General Motors ဆီက ရယူထားတာ ဖြစ်ပါတယ်။ E.C.D အနေနဲ့ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ပိုင်းကို မဖော် ပြထားပေမယ့်လည်း ပုံမှန်အားဖြင့် ဆိုရင်တော့ 640 hp အထိကို စွမ်းဆောင်နိုင်တာပါ။

Photo Credit: AllAutoExperts

ထူးခြားတာကတော့ အခုကားရဲ့ အပြင်ပိုင်းမှာ ပြန်သုံးပေးထားတဲ့ အရောင်အသစ်က Porsche ရဲ့ အပြာနုရောင် လေး ဖြစ်နေတာပါပဲ။ အဆိုပါ အရောင်လေးနဲ့ လိုက်ဖက်မယ့် အပြင်အဆင်တွေအဖြစ် E.C.D ကနေ Roll Cage အသစ် ၊ Grille Mesh နဲ့ အရှေ့ဘက် ဘန်ဘာပေါ်က သတ္တု အချိုးအစားလေးတွေ ထည့်ပေးထားပါသေးတယ်။အခု Defender အသစ်မှာတော့ ကားနဲ့ပိုလိုက်ဖက်မယ့် ၃၃ လက်မ အရွယ် BF Goodrich All-Terrain တာယာတွေ ကိုသုံးပေးထား တာပါ။ တာယာနဲ့အတူ ပိုလိုက်ဖက် စေတာကတော့ ၁၈ လက်မ အရွယ် 10-Spoke ဘီးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ Brake Calipers တွေကလည်း အဝါရောင် Ferrari Brembo အမျိုးအစားကို မြင်တွေ့ထား ရပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ အတွင်းခန်းမှာတော့ လယ်သာသားကိုမှ Caressa Silver ငွေရောင်လေးကို ထင်ထင်ရှားရှား ဖြစ်အောင် ထည့်ပေးထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ကားမှာ ယခင်မရှိခဲ့ဖူးတဲ့ Instrument Faces အသစ်တွေနဲ့ ထိုင်ခုံ ခါးပတ်တွေကိုလည်း Ferrari ရဲ့ အဝါရောင် အပြင်အဆင်လေးတွေအဖြစ် လှလှပပ ထည့်ပေးထား ပြန်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာကတော့ ကားအနောက်ဘက်မှာ လေးယောက်အပို ထပ်စီးနိုင်ဖို့ နေရာလေး ပြုလုပ် ပေးထားတာပါပဲ။ ကားအတွင်းမှာ ခေတ်နဲ့အညီ အပိုထည့်ပေးထားတာကတော့ Kenwood eXcelon ဆိုတဲ့ Infotainment စနစ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် USB အပေါက် ၄ ပေါက် ၊ ကြိုးမဲ့ အားသွင်းစနစ် ၊ အရှေ့အနောက်တို့မှ ပါလာမယ့် ကင်မရာစနစ် စသဖြင့် အစုံအလင် မြင်တွေ့ရမယ့် တစ်ကျော့ပြန် Land Rover Defender Sports ကားတစ်စီးလို့ပဲ ဆိုရတော့မှာပါ။

Ref: AllAutoExperts