သက်တမ်းရင့် နာမည်ကျော် ကားတွေထဲ တစ်စီး အပါအဝင်အဖြစ် ဆက်လက် ထုတ်လုပ်နေဆဲ ကားကတော့ Land Rover Defender ကားပဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ကတည်းက လမ်းကြမ်းမောင်း ကားကောင်း တစ်စီး အဖြစ် Amsterdam Motor Show ပွဲကြီးမှာ Series I အနေနဲ့ စတင် ပြသခဲ့တဲ့ အဆိုပါကားဟာ အခုလာမယ့် နှစ် ဆိုရင် နှစ်ပေါင်း ၇၅ နှစ်ကြာအထိ သက်တမ်းရှိလာ ခဲ့ပါပြီ။ အခုလို သက်တမ်းရင့် အမှတ် တရ တစ်ခုအတွက် ကုမ္ပဏီ ကနေ Limited Edition Model တစ်ခု ထုတ်ပေးလိုက်ပြီ ဖြစ်ပြီး တံခါး နှစ်ပေါက်ပါ 90 Version နဲ့ တံခါး လေးပေါက်ပါ 110 Version တွေအဖြစ် ရရှိလာပါလိမ့်မယ်။ အဆိုပါ အထူး ထုတ် ကားအသစ်ကိုတော့ Grasmere Green ဆိုတဲ့ အစိမ်းရောင်လေးအဖြစ် ဖန်တီးပေးထားပြီး အရောင်ကိုတော့ဘီးတွေအပြင် အတွင်းခန်းရဲ့ Dashboard တွေနဲ့ တံခါးတွေမှာ ပါအသုံးပြု ပေးထား ပါတယ်။ Land Rover ကတော့ 75 Years ဆိုတဲ့ အမှတ်တရ စာသား လေးတွေကို အနောက်ဘက် တံခါးလက်ကိုင်အောက်က Tailgate မှာလည်း ထည့်သွင်းပေးထား ပါသေးတယ်။ ထိုင်ခုံတွေကလည်း သူမတူတဲ့ Resist Ebony အရသာတွေနဲ့ အသုံးပြုထားပြီး အလယ် တည့်တည့်က Console ကိုလည်း Robustec Material တစ်မျိုးနဲ့ အုပ်ပေးထားသေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားကိုတော့ သာမန် Defender တွေထဲကမှ ပစ္စည်းနဲ့ ဝန်ဆောင်မှု အတော်လေး စုံစုံလင်လင် ရနိုင်တဲ့ HSE Trim အပေါ် အခြေခံကာ ဖန်တီးထားတာပါ။ အဆိုပါ ကားမှာဆိုရင် Matrix LED ရှေ့မီးကြီး တွေ ၊ ပတ်ပတ်လည် ကင်မရာစနစ် ၊ အပေါ်ဘက် Head Up Display၊ ကြိုးမဲ့ ဖုန်းအားသွင်း စနစ်နဲ့ Three Zone Climate Control အပူချိန် စနစ်တို့အပြင် ပုံစံမှတ်သားထားလို့ရမယ့် ထိုင်ခုံတွေနဲ့ ၁၁.၄ လက်မ အရွယ် Pivi Pro Infotainment စနစ် တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ အမိုး ကတော့ ခေါက်လို့ရမယ့် Standard Fabric အမိုး အနေနဲ့ ရလာနိုင်မှာ ဖြစ်ပြီး Sliding Panoramic အမိုးကိုလည်း ပြောင်းချင် ပြောင်းဝယ်လို့ ရပါသေးတယ်။ လမ်းကြမ်းမောင်း ကားကောင်း တစ်စီးဖြစ်တာနဲ့အညီ လမ်းအနေအထားအလိုက် မျိုးစုံပြောင်းလဲချိန်ညှိလို့ရမယ့် Terrain Response စနစ်ကလည်း ပါဝင်လာသေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ အထူးထုတ် ကားမှာတော့ အလိုအလျောက် အလုပ်လုပ်နိုင်မယ့် Tow Bar နဲ့ ဘယ်လမ်း ဘယ်ရာသီဥတု မဆို အဆင်ပြေမယ့်တာယာတွေကို Land Rover တို့က အသုံးပြုပေးထားပါတယ်။ အင်ဂျင်ပိုင်းမှာ ကတော့ များများ စားစား ပြောင်းပေးထားတာမျိုး မရှိပဲ မူလ SUV ရဲ့ P 400 Gasoline Engine နဲ့ P400e Plug-In Hybrid စနစ်နဲ့ ချိတ်ဆက်ထားတဲ့ D300 Diesel Mild-Hybrid Engine ‌တွေကို ပဲ ရွေးချယ် စရာအဖြစ် ထည့်ပေးထားမှာပါ။ ဈေးနှုန်းတွေ အရတော့ Defender 90 ကို $ 90,000 နဲ့ 110 ကို $ 93,000 လောက်ကနေ စတင် ကျသင့်ပါတယ်။ Special Edition နဲ့ အတူ Land Rover ကနေ Grasmere Green ဆိုတဲ့ အရောင်လေးနဲ့ပဲ Lifestyle Collection တစ်ခုကိုပါ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခုကားကိုလည်း အစီးရေ ဘယ်လောက်အထိ ထုတ်ပေးမယ် ဆိုတာ မသိ ရ သေးပေမယ့် အစောပိုင်းဝယ်ယူချင်တဲ့ သူတွေကို ကြိုတင်မှာယူနိုင်အောင် အမှာစာတွေ လက်ခံနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com