မနှစ်က ၂၀၂၁ မှာပဲ နာမည်ကျော် Land Cruiser (J300) Series အသစ်ကို မိတ်ဆက်ခဲ့တဲ့ Toyota ဟာ ၁၉၈၄ ကတည်းက ထုတ်လုပ်ပေးခဲ့တဲ့ မူလလက်ဟောင်း J70 Land Cruiser အတွက်ကိုလည်း ဆက်လက် ဖန်တီး ပေးနေဆဲပါ။ တကယ်တော့ အဆိုပါ ကားကိုပဲ ဝယ်လိုအား များနေသေးတာကြောင့် မှာယူမှုတွေကို ခေတ္တဆိုင်းငံ့ထား ရပါသေးတယ်။ ပိုပြီးစိန်ခေါ်မှု ပြင်းထန်လာတဲ့ အခြေအနေတွေအတွက် တကယ့် နည်း ပညာသစ်တွေနဲ့ ကားသစ် တွေကို မျိုးဆက်အလိုက် ဆက်လက်ဖန်တီးပေးနေဆဲ ဖြစ်ပေမယ့် အဆိုပါ သက်တမ်းရင့် ကားအတွက်လည်း ဆက်လက် အသက်ဆက်နိုင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာပဲ ထူးထူးခြားခြား Land Cruiser ကား တစ်မျိုးကို ကုမ္ပဏီက ဖန်တီးပေးထားပြီး မြင်ဖူးသမျှ  အကြမ်းဆုံး စစ်ဘက်သုံး ယာဉ်တစ်စီးအဖြစ်ကို အသွင် ပြောင်းပေးထားတာ တွေ့ရပါတယ်။ တောင်အာဖရိကရဲ့ Africa Aerospace And Defence Show (AAD2022) ပွဲကြီးမှာ ချပြခဲ့တဲ့ အဆိုပါကားကိုတော့ MAX 3 ၆ ဘီးကားကြီးအဖြစ် ဖော်ပြထားပြီး SVI Engineering ကနေ J79 Chassis အပေါ်မှာ အခြေခံ ဖန်တီးပေးထား တာ ဖြစ်ပါတယ်။ ကားမှာတော့ တတိယမြောက် ဝင်ရိုးအသစ် ထည့်ပေးထားတဲ့အပြင် ဒုတိယဝင်ရိုးကိုလည်း ဘီးတွေနဲ့လိုက်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထား ရပါသေးတယ်။ ဒါ့အပြင် ကားရဲ့ပိုတိုးလာတဲ့ အလေးချိန်နဲ့ ဘီးအပိုတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှ်ိနိုင်စေဖို့ အတွက် ရည်ရွယ်ပြီး အနောက်ဘက်မှာလည်း Disc Brakes တွေနဲ့အတူ အနောက်ဘက် ဝင်ရိုးအသစ် ၂ မျိုးအဖြစ် ထည့်ပေးထားသေးတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

အဆိုပါ ကားကြီးတော့ နောက်အသစ်ထွက်မယ့် Mad Max ရုပ်ရှင်အသစ်မှာ ပါဝင်လာမှာဖြစ်ပြီး ကားရဲ့ ကိုယ်ထည် ကနေ လက်နက် တပ်ဆင်ထားတဲ့ အပိုင်းတွေက အစလုံးဝကို မမှတ်မိတော့လောက်အောင် ဒီဇိုင်းတွေက အစ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ရိုင်ဖယ် သေနတ်တွေအပြင် စိန်ပြောင်းတွေ အထိကို တိုက်ခိုက်တာကို ခံနိုင်ရည် ရှိတဲ့ အဆိုပါ ကားကြီးရဲ့ ကာကွယ်ပေးနိုင်မှုအဆင့်က EN 1063 BR6 ဆိုတဲ့ အဆင့်မှာ ရှိနေကာ လိုအပ်ရင် BR 7 အထိလည်း မြှင့်ပေးလို့ ရပါသေးတယ်။ အနောက်ဘက်မှာ Anti-Roll Bar တွေ ထပ်ထည့်ပေးထားတဲ့ အပြင် Suspension ပိုင်းကိုလည်း ပြောင်းလဲပြင်ဆင်မှုတွေ သေချာလုပ် ပေးထားတဲ့ ကားကြီးတစ်စီး ဖြစ်ပါတယ်။

အင်ဂျင်ပိုင်းကတော့ 4.5 Liter V8 Turbodiesel Engine ကြီး ကို တပ်ဆင်ထားပြီး ကားကြီးကလည်း ၁၂,၁၂၅ ပေါင် အထိကို လေးလာပါတယ်။ အဆိုပါ အလေးချိန်ထဲက တစ်ချို့ တစ်ဝက်တော့ ဒရုန်းပစ်ချနိုင်မယ့် ရေဒါနဲ့ ဒရုန်းပစ် လက်နက်တွေက ယူထားတာ ဖြစ်ပါတယ်။ အဆိုပါ လက်နက်တွေမှာ တပ်ဆင်ထားတဲ့ Sensor တွေကနေ ဒရုန်းတွေ ဟုတ်မဟုတ် ဆိုတာကို အတည်ပြုပြီး လောင်ချာတွေနဲ့ အလိုအလျောက် ချိတ်ဆက်ပေးထားတဲ့ Battle Management System ဆီ အချက်အလက်တွေ ပို့ကာ ပစ်ချပါလိမ့်မယ်။ ပျက်ကျသွားတဲ့ ဒရုန်းကိုလည်း ကားမှာ နဂို ပါဝင်လာမယ့် လမ်းကြမ်းမောင်း ဆိုင်ကယ်ကို ထုတ်မောင်းပြီး သွားသယ်လို့ ရသေးတာက အတော်လေးမိုက်တယ် လို့ ဆိုရမှာပါ။ အဆိုပါ Concept ကားကြီးကတော့ မူလ Land Cruiser Double Cap ကိုယ်ထည်ပေါ် အခြေခံ ဖန်တီးထားတာဖြစ်ပြီး SVI Engineering ရဲ့ အဆိုအရတော့ Single Cab နဲ့ SUV Version တွေ အတွက်လည်း ပြောင်းလဲ ဖန်တီးပေးနိုင်ကာ တပ်သားတွေ လိုက်ပါနိုင်မယ့် ယာဉ်တွေအဖြစ် ပြောင်းပေးလို့ ရတယ်လို့ သိရပါတယ်။

Ref: motor 1.com