Toyota ရဲ့ Land Cruiser အသစ်စက်စက် 300 ပဲ ဖြစ်ဖြစ် ပိုပြီး ဒီဇိုင်း ပြောင်းပေးထားတဲ့ GR Sport တွေ ပဲ ဖြစ်ဖြစ် Showroom မှာထားထားတာကို လှမ်းကြည့်လိုက်မယ်ဆိုရင် တော်တော်ကြီးကိုလန့်စရာ ဖြစ်နေ လောက် ပါတယ်။ အထူးသဖြင့် ကားသစ်တွေရဲ့ တကယ့်ကို စပါယ်ရှယ် ကြီးမားလွန်းတဲ့ Grille တွေက ပိုသိသာနေတာပါ။ ဒါပေမယ့် အခု Body Kit အသစ် နဲ့ Land Cruiser ဆိုရင်တော့ အကြည့်တွေ မခွာနိုင် အောင်ကို ဆွဲဆောင်မှု ရှိနေဖို့က သေချာ ပါတယ်။ Land Cruiser အသစ်ကတော့ ထွက်လာက တည်းက လှပခန့်ညားတယ် ဆိုပေမယ့် အရမ်းကြီးတော့ ခပ်ကြမ်းကြမ်း အသွင်မျိုး မဟုတ်တာကြောင့် အဲ့ဒီလို အရ သာမျိုး ခံစားချင်သူတွေအတွက် အခုဆိုရင် Khann International ဆိုတဲ့ Tuning ပိုင်းကနေ ပိုကြမ်းတဲ့ Body Kit တစ်ခုကို ဖန်တီးပေးလိုက်ပါပြီ။ အဆိုပါ Body Kit ကတော့ LC 300 ကားအသစ်အတွက် အရှေ့ ကနေ အနောက်အထိ အပြည့်အုပ်ပေးထားမယ့် Full Body Kit ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကိုယ်ထည် အပြည့် Performance Body Kit ဖြစ်တာကြောင့် ပိုချဲ့ပေးထားတဲ့ Fender Flares တွေက ကားရဲ့ ခပ်ကားကား ကိုယ်ထည်ကို ပိုခံ့ညား သွားစေတာ တွေ့ရပါတယ်။ အဆိုပါ Fender Flares ဈေးနှုန်း ကတော့ $ 2,500 ရှိတယ်လို့ သိရပါတယ်။ ကားရဲ့ အရှေ့ ဘက် မှာ ဆိုရင်လည်း အင်ဂျင်စက်ဖုံး နဲ့ Radiator Grille တို့ အတွက် Carbon Fiber တွေလည်းပါဝင် ပါသေးတယ်။ အဆိုပါ အပိုင်းတွေအတွက် ကိုလည်း $ 5,210 နဲ့ $ 2,060 အသီးသီး ကျသင့်မယ် လို့ သိရပါတယ်။ ကားရဲ့ ဘေးဘက်ဘက်ကြည့်မှန် တွေကိုလည်း Carbon Fiber အုပ်ထားတဲ့ မှန်တွေအဖြစ် ပြောင်းလဲ ပေးထားပြီး အဆိုပါ အပိုင်းတွေကို တော့ $ 1,440 ကျသင့် မှာပါ။ ဒါ့အပြင် ၂၂ လက်မ အရွယ် KW-LT2 R 22/ET Forged Rims ‌ဘီးတွေကို လည်း အပိုဝယ်ချင်သေးတယ် ဆိုရင် $ 8,600 ပေးပြီး ဝယ်နိုင်ပါသေးတယ်။ ကားရဲ့ အနောက် ဘက်မှာ တော့ Trunk Lid Spoiler ကို ကာဗွန်ဖိုက်ဘာနဲ့ပဲ လုပ်ပေးထားပြီး ဝယ်ချင်တယ် ဆိုရင်တော့ $ 1,350 ကျသင့် ဦးမှာပါ။

Photo Credit: motor 1.com

အခု ဖော်ပြထားတဲ့ ဈေးနှုန်းတွေကတော့ ပစ္စည်းတွေရဲ့ နဂိုမူလ ဈေးတွေပဲ ရှိသေးပြီး ဈေးကွက်အလိုက် သင်္ဘော ပို့ခ တွေ အခြား အခွန်အခတွေ မပါသေးပါဘူး။ ဒါကြောင့် ကားတစ်စီးလုံးစာ Body Kit ကို ဝယ် မယ်ဆိုရင်တော့ ဝယ်ချင်သူတွေ အတွက် အတော်လေးကို ကုန်ကျစရိတ်များမယ် ဆိုတာတော့ သေချာပါ တယ်။ အထူးသဖြင့် Land Cruiser အသစ်ကို တရားဝင် မရောင်းထားသေးတဲ့ အမေရိက ‌ဈေးကွက်လိုမျိုး ဆိုရင် ပိုလို့တောင် ဈေးကြီးသွားနိုင်ပြီး ထုတ်လုပ်ရေးအခက်အခဲတွေကြောင့် ၄ နှစ် လောက်အထိ စောင့်ရဦး မယ်ဆိုတဲ့ တစ်ခြားသော ကမ္ဘာ့ဈေးကွက် တွေမှာဆို ပိုတောင်ဆိုးနိုင် ပါသေးတယ်။ တကယ်လို့ လောလော ဆယ်မှာ Land Cruiser 200 ကားကို ပိုင်ထားတဲ့ သူဆိုရင်တော့ Land Cruiser 300 ပုံဖြစ်သွားအောင် Land Cruiser 200 ကနေ 300 ပြောင်း ပေးနိုင်တဲ့ ထူးထူးခြားခြား Conversion Kit လည်း ရှိပါသေး တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် LC 300 မဝယ်နိုင်သေးရင်တော့ ဒီနည်းလမ်းက အဆင်ပြေ ပါလိမ့်မယ်။

Ref: motor 1.com