Toyota Land Cruiser ကားအသစ်တွေကတော့ တကယ့်ကို တာထွက်ကောင်းပြီး လူကြိုက်များတဲ့ ကားတွေ ဖြစ်ခဲ့ ပါတယ်။ ရောင်းအား ကောင်းလွန်းလို့ တစ်ချို့အကြိုမှာထားတဲ့ ကားတွေဆိုရင်တောင် ကုမ္ပဏီကနေ ပို့ဆောင် ပေးဖို့ အတွက် နောက်လေးနှစ်လောက် အထိ တောင် စောင့်ရဖို့ ရှိနေပါတယ်။ ဂျပန်ကား ဝက်ဘ်ဆိုက် တစ်ခုမှာဆိုရင်တော့ ကုန်ကြမ်းပစ္စည်း ရှားပါးပြတ်လပ်နေမှုတွေကြောင့် ကားသစ် ထုတ်လုပ်ပေးတဲ့နေရာမှာ အခုလို ကြန့်ကြာနှောင့်နှေးပြီး စောင့်ဆိုင်းနေရတဲ့ အပေါ် Toyota က ပြန်တောင်းပန်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မှာ တော့ Land Cruiser အသစ်ကို အခုမှ မှာယူမယ်ဆိုရင် ၂၀၂၆ အထိ ကားကို ရရှိနိုင်ဦးမှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေကို ဖြစ်နေပါတယ်။ ဒါကြောင့်ကြားထဲမှာ အခုလို ကားတစ်စီး လိုကိုလိုချင်တယ် ဆိုရင်တော့ 2023 Sequoia ကားကို အစားထိုးမှာလို့ ရမှာပါ။ ဒါပေမယ့် ကိုယ့်မှာလည်း ယခင် LC ကား တစ်စီးရှိပြီးသား ကားအသစ် နဲ့တူချင်တယ် ဆိုရင်တော့ တရုတ်က Aftermarket Tuning ကုမ္ပဏီ တစ်ခုရဲ့ လက်ရာက အထောက်အကူ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အဆိုပါ ကုမ္ပဏီက ဖန်တီးပေးလိုက် တဲ့ Body Kit အသစ် ကတော့ ယခင် Land Cruiser 200 ကားတွေ အတွက် တော်တော်လေး အဆင်ပြေရင် လုံးဝကို 300 Series နဲ့ တစ်ထေရာတည်း တူညီ သွားစေမှာကို တွေ့ရပါတယ်။

Photo Credit: motor 1.com

အဆိုပါ GBT Body Kits ကို တပ်ဆင်လိုက်တာနဲ့တင် ကားရဲ့ ဘေးဘက်က ကြည့်ကြည့် အနောက်ဘက်က ဘန်ဘာ တွေကပဲ ကြည့်ကြည့် တော်တော်လေးကို ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ LC 300 အတိုင်း အရှေ့ဘက်က Grille နဲ့ Tailgate တစ်ခုလုံး ကြီးက အစ တစ်ထပ်တည်း တူညီလို့ နေပါတယ်။ ဒါ့အပြင် အဆိုပါ Kit မှာ အသစ် ပါဝင်လာတာကတော့ ကိုယ်တိုင် သေချာ ပြင်ဆင်ပေး ထားတဲ့ Headlight တွေ ၊ Taillight တွေနဲ့ Fog Lights တွေပဲ ဖြစ်ပါတယ်။ အဆိုပါ မီးလုံးတွေရဲ့ ဒီဇိုင်းတွေနဲ့ ပုံစံ အချိုးအစားတွေ က လည်း LC 300 ကားအသစ်ရဲ့ ပုံစံတွေအတိုင်းအတူတူပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကားအကြောင်း အသေးစိတ်အရမ်းကြီး မကြည့်တတ် သူတွေဆိုရင်တော့ အခု Body Kit အုပ်ထားတဲ့ LC 200 ကားတွေကို နောက်ဆုံးပေါ် Land Cruiser 300 ကားသစ်ကြီးတွေလို့ပဲ ထင်မြင် မိမှာ သေချာပေါက်ပါပဲ။ ဒါပေမယ့် သေသေချာချာ စေ့စေ့စပ်စပ် ကြည့်တတ်သူတွေ ဆိုရင်တော့ အခု Body Kit ရဲ့ ရှေ့မီးကြီးတွေ နေရာ တွေက LC 200 ရဲ့ Frame ထက် သိသိသာသာ ကြီးနေတာကို သတိထားမိ‌ နိုင်ပါတယ်။ သာမန်မဟုတ်တဲ့ Custom 4×4 ကားကို ကြည့် ရင် ကွဲပြားတာတွေ သေသေချာချာ မြင်နိုင်ပေမယ့်လည်း သိပ်တော့ ဆိုးရွားလှတဲ့ ပြင်ဆင်မှု မဖြစ်နိုင်ပဲ အတော်လေးတော့ ကြည့်ကောင်း သေးတယ်ဆိုတာ သေချာနေပါ တယ်။

Photo Credit: motor 1.com

ဈေးနှုန်း အနေနဲ့ကတော့ အဆိုပါ Package ကို Alibaba မှာ $ 5,500 နဲ့ တင်ထားတာတွေ့ရပြီး တကယ်လို့ Body Kit ၅ စုံကနေ ၉ စုံ အထိ မှာမယ်ဆိုရင် တစ်စုံကို $ 3,500 အထိ ဈေးလျော့သွားမယ်လို့ သိရပါတယ်။ တကယ်လို့ ၁၀ စုံ ကနေ ၄၉ စုံ အထိဆိုရင် $ 3,300 ပဲ ကျသင့်တော့မှာဖြစ်ပြီး အစုံ ၅၀ နဲ့ အထက် တစ်ခါတည်း ဝယ်မယ်ဆိုရင် တော့ တစ်ခုကို $ 3,000 ပဲ ဈေးရှိတော့မှာပါ။ အဆိုပါ Body Kits ကိုတော့ ၂၀၁၆ နောက်ပိုင်း ထုတ်လုပ်ထားတဲ့ Land Cruiser 200 Series တွေ အကုန်လုံးမှာ ကောင်းကောင်းတပ်ဆင်လို့ရမှာ ဖြစ် တာကြောင့် LC 300 ကြီး ရဖို့ လေးနှစ်လောက် စောင့်စရာ မလိုတော့ဘူးလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com