Stellantis စုပေါင်း ကားကုမ္ပဏီကြီးရဲ့ လက်အောက်မှာတော့ Lancia ကားကုမ္ပဏီဟာ ယခင်ကထက် စာရင်နိုင်ငံတကာ ဈေးကွက်နဲ့ ပိုထိတွေ့ ခွင့်ရလာခဲ့ပြီး အနာဂါတ်တွေလည်း တစ်ကျော့ပြန် တောက်ပလာ တယ်လို့ ဆိုလို့ရပါတယ်။ အဆိုပါ အီတလီ ကားကုမ္ပဏီကတော့ အနာဂါတ်အတွက် အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းတစ်ရပ် အဖြစ် လာမယ့် ၁၀ နှစ်တာကာလ အတွက် သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို ချပြလာခဲ့ပြီး ၂၀၂၄ မှာ မျိုးဆက်သစ် Ypsilon ကားသစ်ကို စတင်ပွဲထုတ်ပြီး စတင်လာတော့မှာပါ။ အခု အစီအစဉ်တွေ အရတော့ ကုမ္ပဏီဟာ လာမယ့် ၂၀၂၈ အရောက်မှာ လျှပ်စစ်ကား သီးသန့်ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီ အဖြစ်ကို ကူးပြောင်းသွားတော့မှာပဲ ဖြစ်ပါတယ်။ Ypsilon ကားသစ် ကတော့ ကုမ္ပဏီ အတွက် ပထမဆုံး သော မျိုးဆက်သစ် ကားဖြစ်လာနိုင်ပြီး ၂၀၂၄ မှာ မိတ်ဆက် တဲ့အခါ လျှပ်စစ် သီးသန့် ကားတစ်စီးအဖြစ် မြင်ရတော့မှာပါ။ Lancia ရဲ့ Lineup တွေထဲ အသေးဆုံး ကားလည်း ဖြစ်ကာ ၄ မီတာ အရှည်လောက် နဲ့ ဥရောပရဲ့  B Segment ကား ဈေးကွက်ထဲ တိုးဝင်လာဖို့ ရှိသလို လျှပ်စစ် သီးသန့် ကားဈေးကွက်ထဲပါ တစ်ပြိုင်တည်း ဝင်လာတော့မှာဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားထွက် အပြီးနောက် ၂ နှစ် အကြာမှာတော့ ၄.၆ မီတာ ရှည်မယ့် Flagship Crossover ကား တစ်စီးကို ပွဲထုတ်လာ နိုင်ပြီး Aurelia လို့ အမည်ရမယ် လို့လည်း သိရပါတယ်။ အဆိုပါ ကားကတော့ ဥရောပရဲ့ အကြီးဆုံး ကားတွေရဲ့ Segment ထဲဝင်လာနိုင်ပြီး Citroen C5 X နဲ့ အသစ် ထွက်လာဦးမယ့် Opel Insignia တို့နဲ့ အတူတူ လောက် ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ လာမယ့် ၂၀၂၈ အရောက် မှာတော့ ကုမ္ပဏီအနေနဲ့ ကြီးကြီးမားမား အပြောင်းအလဲတွေကို စလုပ်ပြီလို့ ဆိုရမှာဖြစ်ကာ မူလကုမ္ပဏီရဲ့ Hatchback ကားပုံစံတွေ ပြန်ထုတ်လာဖို့ ရှိနေပါတယ်။ အဆိုပါ ကားသစ်ကတော့ ၄.၄ မီတာ လောက် အရှည်ရှိနိုင်ပြီး ဥရောပ တစ်လွှားက ကားချစ်သူတွေကို ကောင်းကောင်း ဖမ်းစားနိုင်လိမ့်မယ်လို့ ဖော်ညွှန်း ထား ပါသေးတယ်။ အဆိုပါ ကားသစ် ၃ မျိုးလုံးကတော့ ဥရောပ ဈေးကွက် ရဲ့ ၅၀ % လောက် အထိကို လွှမ်းမိုးထားနိုင် လိမ့်မယ်လို့လည်း Lancia က မျှော်လင့်ထားပါတယ်။

Photo Credit: motor 1.com

အဆိုပါ ၁၀ နှစ် တာစီမံကိန်း အရတော့ လာမယ့် ၂၀၂၆ ကစလို့ လျှပ်စစ် သီးသန့် ကားတွေကိုပဲ ထုတ်လုပ် တော့မယ် လို့ သိရပြီး Aurelia နဲ့ Delta တို့လို ကြိုပြောထားတဲ့ ကားတွေကလည်း ဒီအတိုင်းဆိုရင် လျှပ်စစ် ကားတွေပဲ ဖြစ်လာ ဖို့ များနေပါပြီ။ လာမယ့် ၂၀၂၈ ကစလို့တော့ Lancia ဟာ လျှပ်စစ်ကားတွေချည်းပဲ သီးသန့် ထုတ်လုပ်ရောင်းချ တော့မှာ ဖြစ်ပြီး Hybrid ကားတွေ ကိုတောင် လုံးဝစာရင်း မထည့်တော့မယ့် အထိ ပြောင်းလဲတော့မှာပါ။ အခု မဟာ ဗျူဟာ အတွက်တော့ အသစ်ခန့်အပ်ထားတဲ့ ထိပ်တန်း မန်နေဂျာ ၅ ယောက်က အရေးအပါဆုံး ဖြစ်လာမှာပါ။ ၎င်း တို့ ၅ ယောက်ကတော့ ပြင်သစ်၊ ဂျာမနီ၊ စပိန် ၊ ဘယ်လ်ဂျီယံ ၊ လူဇင်ဘတ် နဲ့ နယ်သာလန် တို့ဆီကို Brand Manager တွေအနေနဲ့တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခု ဆယ်စုနှစ် အကုန်မှာတော့ Lancia ကုမ္ပဏီသာ ဥရောပ တစ်လွှားက မြို့ကြီး ၆၀ လောက်မှာ အရောင်း ကိုယ်စားလှယ် ပေါင်း ၁၀၀ လောက် အထိ ရှိနိုင်ဖို့ အတွက် ပစ်မှတ်ထားနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com