Lancia ကား ကုမ္ပဏီ အနေနဲ့ လာမယ့် ၆ နှစ် အတွင်းမှာ ကားသစ် ၃ မျိုးအထိ ချပြသွားမှာဖြစ်ပြီး ၂၀၂၄ မှာ Ypsilion ၊ ၂၀၂၆ မှာ Aurelia နဲ့ ၂၀၂၈ မှာ Delta တို့ကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ကားတွေထဲမှာမှ Aurelia ဆိုတဲ့ ကားနာမည်ကိုကြားဖူးပြီးသား ဖြစ်ကြပေမယ့် အခု တစ်ခေါက်ကတော့ ကား ၃ မျိုးထဲ အကြမ်းဆုံးလို့ဆိုရမယ့် အဆင့်မြင့် လျှပ်စစ်ကားတစ်စီး အနေနဲ့ ပြန်လည်ထွက်ပေါ်လာမှာပါ။ လက်ရှိ မြင်ထားရတဲ့ ကားရဲ့ ပုံကြမ်းတွေကို ကြည့်ရုံနဲ့တင် တကယ်ကို ခေတ်လွန် အနာဂတ်ဆန်ဆန် ကားတစ်စီး ဖြစ်လာမယ်ဆိုတာ သေချာနေပါတယ်။ Lancia Lineup အသစ်တွေထဲမှာ အကျယ်ဝန်းဆုံး ကား တစ်စီး ဖြစ်လာဖွယ် ရှိနေတဲ့ အဆိုပါ Aurelia ကတော့ Flagship ကား တစ်စီးအဖြစ်လည်း ပွဲထွက်လာဖို့ များနေပါတယ်။ ကားကတော့ တရားဝင် အတည်ပြုထားချက်တွေအရ ၁၈၁ လက်မ အရှည်အထိကို ရှိမှာ ဖြစ်ပြီး သာမန်ကားနဲ့ SUV ကားတွေအကြား အလယ်အလတ် အချိုးအစားတွေနဲ့ ထွက်လာဖို့ ရှိနေပါတယ်။

Photo Credit: AllAutoExperts

ပုံကြမ်းတွေ အရတော့ အဆိုပါ ကားသစ်ဟာ ယခင် Peugeot 408 ၊ Citroen C5 X တို့ နဲ့ ခပ်ဆင်တင် တူလာနိုင်ပြီး အနာဂတ်မှာ မြင်ရဖို့ရှိတဲ့ Opel/Vauxhall Manta တို့ရဲ့ Crossover တို့လို အချိုးအစား တွေနဲ့ လည်း နီးစပ်နေပြန်ပါတယ်။ ကားရဲ့ ကိုယ်ထည်က ကြည့်လိုက်တာနဲ့ ထင်းနေတဲ့ အသွင်ဖြစ်လာနိုင်ပြီး အပေါ်မှာဖော်ပြထားတဲ့ ကားတွေနဲ့ ဆင်တူနိုင်မယ် ဆိုရင်တောင် အချိုးအစားလောက်ပဲ တူနိုင်ပြီး ကျန်အပိုင်း တွေမှာ သိသိသာသာ ခွဲထွက်လာ နိုင်ပါတယ်။ ယခင် Lancia ကားတွေရဲ့ Design Language တွေအတိုင်း ဖန်တီးလာမယ့် အဆိုပါ ကားမှာ တော့ခပ်ကျယ်ကျယ်နဲ့ လွတ်လွတ်လပ်လပ်ရှိမယ့် အသွင်ကို သုံးပေး လာဖို့ များနေပါတယ်။ အရှေ့ ဘက်မှာတော့ စိန်ပွင့်ပုံစံ LED Headlights တွေနဲ့ Illuminated Grille အသစ်တို့ကို မြင်ရဖို့ရှိပြီး ပိုပြီး တိကျလှပတဲ့ Fenders တွေနဲ့ အမိုးလိုင်းတွေကိုလည်း ပိုကျယ်တဲ့ Bumper Intake တွေနဲ့ ပေါင်းစပ် ဖန်တီး ပေးလာမှာပါ။ ကားရဲ့ ဘီးဖုံးတွေ နေရာနားမှာလည်း ခပ်ငြိမ်ငြိမ်ဒီဇိုင်းနဲ့ ပလတ်စတစ်တွေကို တွဲဖက်ပေးလာ နိုင်ပါသေးတယ်။ ကားရဲ့ အရောင်ပိုင်းမှာ ဆိုရင်လည်း Lancia ရဲ့ ထုံးစံ အတိုင်း နှစ်ရောင်စပ်လေးကို လှလှပပ သုံးလာဖို့ ရှိပြီး အထူးသဖြင့် ဘီး နေရာတွေနဲ့ အမိုးတို့ကို အနက်ရောင်နဲ့ ကွဲထွက်လာစေမှာပါ။

Photo Credit: AllAutoExperts

အတွင်းခန်းမှာတော့ လေဝင်လေထွက် ကောင်းကောင်း ခပ်ကျယ်ကျယ် ဒီဇိုင်းကိုမှ ယခင်ခေတ် အရသာတွေ ကိုလည်း ခံစားနိုင်မယ့် ဒီဇိုင်း အပြင်အဆင်တွေကိုလည်း သုံးလာနိုင်မယ်လို့ သိထားရပါတယ်။ အဆိုပါ အပိုင်းတွေ အကုန်လုံး ကလည်း Classic Lancia ကားတွေနဲ့ အီတလီရဲ့ ပရိဘောဂ လက်ရာတွေအတိုင်း သုံးထားတာ ဖြစ်လာနိုင်ပါတယ်။ Lancia ရဲ့ CEO ဖြစ်သူ Luca Napolitano ကတော့ ကုမ္ပဏီရဲ့ အနာဂတ် ထုတ်ကုန်တွေအတွက် နာမည်ကျော် မာစီးဒီး တို့ကို နမူနာယူ ထားတာကြောင့် ပိုကောင်းပြီး သီးသန့်ဆန်တဲ့ ပစ္စည်းတွေနဲ့ အပြင်အဆင်တွေ ပိုပါလာနိုင်မယ်လို့ အတည်ပြု ပေးထားပါတယ်။ Stellantis ကုမ္ပဏီကြီးရဲ့ အတည်ပြုပေးချက်ထဲမှာတော့ STLA Medium Architecture ကို ကားသစ်တွေမှာ သုံးလာနိုင်ပြီး တကယ်သာ ဆိုရင်တော့ Platform ရဲ့ အမြင့်ဆုံး Range မိုင် ၄၄၀ ကို ဘက်ထရီ ၂ မျိုးနဲ့ တွဲဖက်ကာ ရလာဖို့ ရှိ နိုင်ပါတယ်။ ကားရဲ့ ဒီဇိုင်းပိုင်းအရ လျှပ်စစ်မော်တာ ၁ လုံး ဒါမှမဟုတ် ၂ လုံး Version တွေ အနေနဲ့ မျှော်လင့်လို့ရနိုင်ပြီး 201 hp ကနေ 443 hp အကြားလောက်မှာလည်း စွမ်းဆောင်လာ နိုင်ပါတယ်။ အခု ပမာဏ တွေကလည်း အနာဂတ် Lancia Aurelia လျှပ်စစ်ကားတွေအတွက် စံနှုန်းတစ်ခု ဖြစ်လာနိုင်နေတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts