Lamborghini ကားတွေရဲ့ ဒီဇိုင်း Boss အဖြစ် ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီကို ပြန်လည်ဝင်ရောက်လာတဲ့ Mitja Borkert ကတော့ ကားတိုင်း သူ့လက်ရာနဲ့ မကင်းသလို နောက်ပိုင်းထွက်လာဦးမယ့် လျှပ်စစ် ကား သစ်တွေကိုလည်း ဖန်တီးဖို့ ရှိနေတာပါ။ လာမယ့်နှစ် မှာတော့ Lamborghini ဟာ သူတို့ရဲ့ V12 ၊ V8 နဲ့ V10 Engine တွေကို Hybrid ကားမော်ဒယ် တွေ အဖြစ် နောက်နှစ်ကစပြီး ပြောင်းလဲတော့မှာ ဖြစ်ကာ ဘယ်လို ကားဒီဇိုင်းတွေ ဖြစ်လာမလဲ ဆိုတာတော့ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် Mitja ကတော့ အနာဂါတ်မှာ ပြောင်းလာမယ့် လျှပ်စစ် တစ်စိတ် တစ်ပိုင်းနဲ့ Lambo တွေကလည်း ယခင်အရသာ အတိုင်း ဆက်ရှိနေဦးမယ်လို့ အတည်ပြု ပေးထား လိုက်ပါပြီ။

Photo Credit: CARBUZZ

Borkert ကတော့ Autocar ကို ပြောကြားရာမှာ စိတ်ခံစားချက်နဲ့ တကယ်ကိုက်ညီ နေမယ့် ကားတွေကိုပဲ ဖန်တီးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ အာကာသယာဉ် တွေလိုမျိုး ခေတ်မှီ ကြည့်ကောင်းနေမှာ ဖြစ်ကာ ဘယ်လို နည်းပညာ သစ်မျိုးမဆို Lambo ကားတွေက စိတ်ကို ညှို့ယူနိုင်နေဦးမှာ သေချာတယ်လို့ မီလန် ကားပြပွဲကြီးမှာ ၎င်းက ပြောကြားထားပါတယ်။ လျှပ်စစ်သီးသန့် ကားတွေအဖြစ် ဘယ်လိုတွေ ပေါ်လာမလဲ ဆိုတာ မသိရသေး ပေမယ့်လည်း သေချာတာ ကတော့ V 12 Engine တွေကို ဆက်ထား ပေးထားမယ်လို့ Lamborghini  က ဆိုထားပါတယ်။ အားလုံး နဲ့ အတူတူ ဖြတ်သန်းနေရတဲ့ လောကတစ်ခု တည်းကပဲ ဖြစ်တာကြောင့် လျှပ်စစ်ကားတွေကိုလည်း အနာဂါတ်မှာ မငြင်းပယ် နိုင်ဘူးလို့ ဆိုထားပါတယ်။ ယခင်တုန်း က Brand ကနေ Hybrid ကားတွေနဲ့ လျှပ်စစ်သီးသန့် ကားတွေ ဖန်တီးမယ့် အခြေအနေတွေနဲ့ ပတ်သက် လို့တော့ အတော်လေး ဝေဖန်ခံကြရတာပါ။ ဒါ့အပြင် နည်းပညာအသစ် အသစ်တွေကိုလည်း သုံးကိုသုံးရ မှာဖြစ်လို့ ဝယ်ယူလိုသူ ပရိသတ် အသစ်တွေလည်း ဆက်ဆက်ပြီး ရောက်လာဦးမှာ ဖြစ်တယ်လို့ Borkert က ဆိုထားပါတယ်။

Photo Credit: CARBUZZ

Borkert ကတော့ သူကိုယ်တိုင်လည်း ဒီဇိုင်းအသစ်တွေ ဆီယူဆောင်လာမယ့် Platform အသစ်တွေကိုပါ ရင်ခုန် နေတယ် လို့ ဆိုထားပြီး Hybrid Model တွေ မှာဆိုရင် Aerodynamic ပိုကောင်းအောင် ဖန်တီး ပေးနိုင်တယ် လို့လည်း ၎င်း က ဆိုထားပါသေးတယ်။ ဘယ်လို ပုံစံမျိုးတွေ ဖြစ်လာမလဲ ဆိုတာက တကယ် စိတ်ဝင်စားဖို့ ကောင်းနေတယ် ဆိုပေမယ့်လည်း သုံးထားမယ့် အဓိက အင်ဂျင်တွေကတော့ Lambo ဆိုရင် ဘယ်တော့မှ စိတ်ပျက်စရာ မကောင်းတာ သေချာပါတယ်။ ဒီဇိုင်နာကတော့ Smart Aero ဆိုတဲ့ နည်းပညာ ကိုသုံးတာ ပိုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ တကယ်လို့သာ Aventador လို ကားမျိုးမှာ အဆိုပါ Smart Aero စနစ် ပါလာမယ်ဆိုရင် ဘယ်လို ရှိနိုင်မလဲ မသိနိုင် ပေမယ့်လည်း တော်တော်တော့ ‌စိတ်လှုပ်ရှားစရာ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Borkert ရဲ့ စကားလုံးတိုင်းကို ကောက်ချက် ချ ကြည့်ရမယ်ဆိုရင် Lambo ဟာ သူ့ရဲ့ အနာဂါတ်ကို အတတ်နိုင်ဆုံး အင်ဂျင်တွေ ပါလာအောင် ဆက်သုံးနိုင်ဖို့ ကြိုးစားသွားမှာ ပဲလို့ ယုံကြည်ရပါတယ်။

Ref: carbuzz.com