လက်ရှိ ဈေးကွက်ထဲက စွမ်းဆောင်ရည် အမြင့်ဆုံးနဲ့ ဈေးအကြီးဆုံး SUV ကို ပြပါဆိုရင်တော့ Lamborghini Urus ကို ရွေးချယ်ပြရမှာပါ။ ဒါတောင်မှ တစ်ချို့ဝယ်ယူသူတွေ အတွက် အားရစရာ မကောင်း နေသေးဘူးလို့ ယူဆတာ ကြောင့် အခုထက် ပိုကြမ်းတဲ့ မျိုးကွဲတစ်ရပ်ကို အခုနှစ် နှောင်းပိုင်းမှာ တင် ချပြပေးလာဦးမယ်လို့လည်း သိရပြန်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ အနည်းငယ် စိတ်ကသိက အောက် ဖြစ်စရာ ကောင်းတာက ဒီကားကိုလည်း လျှပ်စစ် ကားအဖြစ် နောက်ပိုင်းမှာ အသွင်ပြောင်းတော့ မှာ ဖြစ်ပြီး အခုလက်ရှိ မျိုးဆက်ထဲမှာတော့ မဖြစ်နိုင်သေးပဲ ထွက်လာ ဖို့ ကတော့ အလားအလာ များနေပြီ ဖြစ်ပါတယ်။ Drive Magazine ကနေ Lamborghini ရဲ့ ဒီဇိုင်းပိုင်းတာဝန်ခံ Mitja Borkert ကို အင်တာ ဗျူးခဲ့ရာမှာတော့ အကြောင်းအရာအစုံ မေးခွင့်ရခဲ့ပြီး အဲ့ဒီအထဲမှာမှ အခုလို SUV ကားတွေရဲ့ လျှပ်စစ်ကား အသွင် ဖြစ်လာနိုင်ဖို့ ရှိမရှိ ဆိုတာကိုလည်း မေးမြန်းနိုင်ခဲ့ပါတယ်။ ဒီမေးခွန်း ကိုတော့ လျှပ်စစ် SUV တွေ သေချာပေါက် ဖြစ်လာမယ်လို့ Mitja ကိုယ်တိုင်က အတည်ပြု ပေးသွားခဲ့တာဖြစ်ပြီး အချိန်ကတော့ ကြာဦး မယ် လို့လည်း ဆိုခဲ့တာပါ။

Photo Credit: motor 1.com

လက်ရှိ ကမ္ဘာပေါ်က ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အတူ လူတိုင်းလိုက်ပါ ပြောင်းလဲနေကြတဲ့ Trend အရတော့ အခု Lamborghini Urus ကားတွေလည်း မရှေးမနှောင်းမှာပဲ လျှပ်စစ်ကားတွေဖြစ် သေချာပေါက် မြင်ရမှာ ပါလို့ ၎င်းက ဆိုခဲ့ပါတယ်။ လက်ရှိ Urus အပြီး နောက်မြင်ရမယ့် မျိုးဆက် လျှပ်စစ် ကားဖြစ်လာ လိမ့်မယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် လျှပ်စစ်ကား အနာဂါတ်ကတော့ ပိုပြီး အဓိပ္ပါယ် ရှိလိမ့် မယ်လို့လည်း ၎င်းကပြောသွားခဲ့ ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတိအကျ မပြောသွားသေးတဲ့ သူ့ရဲ့ စကားကို သေချာပြန်ကောက် ကြည့်မယ်ဆိုရင်တော့ လျှပ်စစ် စွမ်းအင်သုံး Urus က ပေါ်ကို ပေါ်လာဦးမယ် ဆိုတာပါပဲ။ သေချာတာကတော့ အခု မျိုးဆက်သစ် Version မှာ ချပြဖို့ မရှိနိုင်သေးပဲ တွက်ကြည့်မယ် ဆိုရင် ၂၀၂၈ မတိုင်ခင်အထိ အခု ကားရဲ့မျိုးဆက်သစ်ကို မြင်ရဖို့ မရှိနိုင် သေးပြန်ပါဘူး။ တကယ်လို့ လျှပ်စစ်စွမ်းအင်သုံး Urus ကိုမှ မြင်ချင်တယ် ဆိုရင်တော့ အခု ဆယ်စုနှစ် အကုန်လောက် အထိကို စောင့် ကောင်း စောင့်ရနိုင်ဖို့ ရှိပြန်ပါတယ်။

Photo Credit: motor 1.com

Lamborghini ရဲ့ တစ်ခြားသောကား Lineup တွေနဲ့ပတ်သက်လို့တော့ Borkert က ဥပဒေအရ အကျုံးဝင် နေသေးသ၍ အချိန်အထိကို သူတို့ရဲ့ သာမန် အင်ဂျင်သုံး ကားတွေကို ဆက်လက် ထုတ်လုပ်ပေးနေမှာ ဖြစ်တယ် လို့လည်း ဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် လျှပ်စစ်ကား အဖြစ်ကို တစ်ချိန် ချိန်မှာ ကူးပြောင်းရမယ် ဆိုတာကတော့ ရှောင်လွှဲလို့ မရနိုင်တာ သေချာပါတယ်။ ဒီလို အနာဂါတ်နဲ့ ပတ် သက်လို့လည်း Borkert က လက်ရှိမှာ လူ အတော်များများက V10 အင်ဂျင်ကိုမှ ကြိုက်တယ်ဆိုတာမျိုး ဖြစ်နေပေမယ့် နောက်လာမယ့် အနှစ် ၄၀ လောက် အရောက်မှာ ဆိုရင်တော့ မျိုးဆက်သစ် ကလေးတွေက ဒီအင်ဂျင်ကြီးတွေကို ပြန်ကြည့်ပြီး ကြိုက်ချင်မှ ကြိုက်ကြတော့မှာ ဖြစ်တယ်လို့လည် ဆိုထားပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အင်ဂျင်သုံး ကားတွေကို ကြိုက်ပေမယ့် လျှပ်စစ်ကားတွေ အဖြစ်ကူးပြောင်းမယ် ဆိုရင် တော့လည်း ဝန်မလေးဘူးလို့ ဆိုထားတာ ကြောင့် Lamborghini Urus လျှပ်စစ်ကားဆိုတာ ကြီးကိုတော့ အနာဂါတ်မှာ မြင်တွေ့ရဖို့ များနေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com