တကယ့်ကို အဆုံးစွန်သော ဇိမ်ခံကားတွေအတွက် Tuning အပြင်အဆင် ကောင်းကောင်းကို ဖန်တီး ပေးနေတာ  ကတော့ Mansory ရဲ့ လက်ရာ တစ်ရပ်ပါပဲ။ အခုဆိုရင်လည်း တံခါး ၄ ပေါက်ပါ Lamborghini Urus ကားကို တံခါး ‌၂ ပေါက်ပါ ခပ်မြင့်မြင့် SUV ကားတစ်စီးအဖြစ်ကို SUV က အသွင်ပြောင်းပေး လိုက်ပြန်ပါတယ်။ အခု ကား အသွင်ပြောင်းပေးနိုင်ဖို့အတွက် အချိန်ကာလ တစ်နှစ်ခွဲလောက်အထိ အချိန်ယူခဲ့ရပြီး  ထွက်လာတဲ့ ရလဒ် ကိုတော့ Venatus Coupe Evo C အဖြစ် နာမည် ပေးထားပါတယ်။ သိသာတဲ့ တကယ့် အပြောင်းအလဲတွေ ပါဝင် လာတဲ့ အဆိုပါ ကားသစ်မှာတော့ B-Pillar အနေနဲ့ ၇.၈၇ လက်မ ပမာဏလောက်ကို ရှိလာခဲ့တာပါ။ ကားရဲ့ အရှေ့ ဘက် တံခါးကတော့ နဂိုပါလာပြီးသား Safety Features အစုံအလင်နဲ့အတူ Y ပုံစံ Wrinkle ကိုလည်း အပြင်ဘက်မှာ ပါ ထည့်ပေးထားပါတယ်။ 

Photo Credit: AllAutoExperts

အဓိက ပြောင်းလဲလာခဲ့တာကတော့ ဘေးဘက်က ခပ်ကြီးကြီး လေဝင်ပေါက် Intake တွေဖြစ်ပြီး C-Pillar အသစ် ကိုလည်း မြင်ရဦးမှာပါ။ ဒါ့အပြင် အနောက်ဘက် Fenders ကလည်း ယခင်ထက် ပိုပြီး ရှည်လာခဲ့ကာ အတော်လေး ပြည့်စုံတဲ့ အသွင်ပြောင်း Package ထဲ အရှေ့ဘက် Fascia အသစ် ၊ အတောင်ပံခပ်ကြီးကြီးနဲ့ Diffuser အသစ်တို့ ကတော့ ပြောစရာတောင် မလိုတဲ့ သိသာ ထင်ရှားမှုတွေပါပဲ။ 

Photo Credit: AllAutoExperts

အခု Venatus Coupe Evo C အထူးထုတ် ကတော့ Mansory ရဲ့ ယခင်အောင်မြင်ခဲ့ဖူးတဲ့ Venatus Evo S အတိုင်း ဆက်လက် ထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု တံခါး ၂ ပေါက် နဲ့ ကားသစ်မှာလည်း 900 hp 811 lb-ft Torque စွမ်းဆောင်ရည် ရှိမယ့် အင်ဂျင်ကိုပဲ အသုံးပြုပေးထားမှာပါ။ အဆိုပါ အင်ဂျင်အရတော့ တစ်နာရီ ၆၂ မိုင် နှုန်း ကို ၂.၉ စက္ကန့် အောက်မှာတင် ရောက်အောင် မောင်းနိုင်မှာဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီကို မိုင် ၂၀၀ အထိ ရှိလာခဲ့ပါပြီ။ Mansory Tuning နဲ့ ဆိုရင်တော့ အခု Lamborghini အထူးထုတ် ကားရဲ့ အတွင်းခန်းတိုင်းကိုလည်း စိတ်ကြိုက် အသေးစိတ် ပြင်ဆင်လို့ရမှာကတော့ မဆန်းတော့ပါဘူး။ အခု ကားရဲ့ မူလ Lamborghini ကားတောင် မှ ဒေါ်လာ ၂၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေတာကြောင့် အခုလို သေချာပြင်ဆင်ထားတဲ့ အထူးထုတ် မျိုးဆိုရင် သေချာပေါက် ဈေးမနည်းနိုင်တာတော့ သေချာပါတယ်။ 

Ref: AllAutoExperts