Lamborghini ကနေ သူတို့ရဲ့ နာမည်ကျော် Urus Performante နဲ့ Urus S ကားတွေကို စတင်ထုတ်လုပ် ပေးခဲ့ပြီး ကတည်းက Tuners တွေကလည်း အဆိုပါ SUV တွေရဲ့ အပြင်ပိုင်းရုပ်ထွက် အဆင့်မြှင့်တင်မှု တွေကို ပိုလုပ် ပေးလာတာ ဖြစ်ပါတယ်။ အခုလို ပြင်ဆင်မှုတွေထဲကမှ အတော်လေး လှပကြွတက်နေစေမယ့် Tuning ရလဒ် တစ်ခု ကိုတော့ 1016 Industries ဆိုတဲ့ Tuning Company ကနေ Vision 2.0 Kit နဲ့ ပုံဖော် ပေးထားတာက အတော်လေး ကြည့်လို့ ကောင်းနေပြန်ပါတယ်။ ပထမဆုံး အနေနဲ့ ကားရဲ့ ဘန်ဘာမှာ Aero Fins တွေကို ယခင်ကထက် ပိုပြီး ကြွတက် လှပနေအောင် အရောင်တင်ထားတာ ဖြစ်ပါတယ်။ ကားကို ကြည့်လိုက်တာနဲ့တင် ပိုပြီးတော့ ကျစ်ကျစ် လစ်လစ် ရှိတဲ့အသွင် ဆောင်လာပြီး သာမန် Urus S မှာ မြင်ခဲ့ရတဲ့ Inlets တွေအပြင် ဒီဇိုင်း ပြောင်းထားတဲ့ ကားအမိုး နဲ့ Forged Carbon Inserts တွေကိုလည်း တွေ့မြင်ရမှာပါ။

Photo Credit: AllAutoExperts

Urus S ကို ပြင်ဆင် လိုက်ရာမှာတော့ ပိုကျယ်လာတဲ့ Side Sills တွေ ၊ ပိုကြီးလာတဲ့ အနောက်ဘက် တောင်ပံနဲ့အတူ သိသိသာသာကို ပြင်ဆင်ထားတဲ့ Diffuser တို့ကြောင့် Urus Performante နဲ့တောင် သိပ်မကွာ တော့တဲ့ အပြင် အဆင် တွေ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ Diffuser တွေကိုတော့ Forged-Carbon Finish တွေနဲ့ ဖန်တီးထားပြီး ကိုယ်ထည် အရောင်နဲ့ တစ်ထပ်တည်းပဲ တွဲဖက် ပေးထားတာပါ။ 1016 Industries တို့ ကတော့ ကားရဲ့ ဘီး ပုံစံ တွေကို ၂၃ လက်မ ဒါမှမဟုတ် ၂၄ လက်မ အထိကို အမျိုးမျိုး ရွေးချယ်စရာ ပုံစံတွေ ပေးထားပြီး ကားရဲ့ကျန် အပြင်အဆင်တွေနဲ့ လိုက်ဖက်အောင် စီစဉ်ပေးထားတာပါ။

Photo Credit: AllAutoExperts

ကားမှာ နဂို စွမ်းဆောင်နိုင်ပြီးသား 657 hp ပမာဏ ရှိတဲ့ Twin-Turbo 4.0 Liter V8 Engine ကြီးကတော့ မပြောင်းမလဲ ပါဝင်လာခဲ့ပါတယ်။ ကားရဲ့ ကိုယ်ထည်အတွက် ကိုတော့ Twill Carbon သားနဲ့ ဖန်တီးပေး ထားပြီး FRP နဲ့ Forged Carbon Treatment တွေကိုလည်း လှလှပပ လေးထည့်ပေးထားတာပါ။ ထပ်ထည့်ပေးထားတဲ့ FRP ရဲ့ ဈေးတွေကိုတော့ 1016 Industries ကမဖော်ပြထားသေးပေမယ့် ပုံမှန်ထက် ၂ ခု လောက် အထိတော့ အေးဆေး တက်နိုင်မယ့် ပမာဏပဲ ရှိတယ်လို့တော့ သိရပါတယ်။ Twill Carbon တွေအတွက် ဈေးကတော့ $ 37,835 နဲ့ စတင်တာ ဖြစ်ပြီး Forged Carbon အပိုင်း အတွက်ကိုတော့ $ 40,915 အထိ ကျသင့်ပါတယ်။ အခုဆိုရင်တော့ Tuner ဘက်ကလည်း အဆိုပါ Package တွေအတွက် ကြိုတင် အမှာစာတွေကို စတင်လက်ခံနေပြီပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts