နာမည်ကျော် Lamborghini ရဲ့ Combustion Engine စစ်စစ်ကားတွေကို အခုနှစ် နှောင်းပိုင်းလောက်ကနေစပြီး နှုတ်ဆက်လာတော့မှာဖြစ်လို့ အနာဂတ်မှာတော့ Lamborghini ကို ICE Engine သုံး ကားကောင်း တွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီ အဖြစ်တွဲမြင်ရဖို့က သိပ်မကျန်တော့ဘူးလို့ ဆိုနိုင်ပါတယ်။ လက်ရှိ Huracan နဲ့ Aventador ကားတွေ နေရာ အစားထိုးလာမယ့် မျိုးဆက်သစ်တွေကလည်း Hybrid တွေ ဖြစ်လာတော့မှာ ဖြစ်တယ်လို့ အတည်ပြုပြီး ဖြစ်သလို အသစ် လာဦးမယ့် Urus Facelift ကား ကလည်း လျှပ်စစ်စွမ်းအင် တစ်ပိုင်းတစ်စ စတင် ပေါင်းစပ်လာတော့မှာပါ။ အဆိုပါ Hybrid အမျိုးအစား ကား ၃ စီး စလုံးကို လာမယ့် ၂၀၂၄ လောက်က စမြင်ရတော့မှာ ဖြစ်ပြီး လျှပ်စစ်သီးသန့် Lamborghini ကို မြင်ရဖို့တော့ အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။

Photo Credit: motor 1.com

အခုနှစ် အစောပိုင်းတုန်းက Autocar သတင်းနဲ့ အင်တာဗျူး တစ်ခုမှာ Lamborghini CEO ဖြစ်သူ Stephan Winkelmann ကတော့ ကုမ္ပဏီရဲ့ ပထမဆုံးသော လျှပ်စစ်ကားဟာ ၄ ယောက်စီး အမျိုးအစားဖြစ်လာ နိုင်ပြီး လာမယ့် ၂၀၂၈ မှ ထွက်လာမယ်လို့ ဖြေကြား ခဲ့ဖူးပါတယ်။ Autocar ကတော့ အဆိုပါ ကားကို Urus ထက် ပိုသေးတဲ့ Crossover ကား တစ်စီးအဖြစ် ခန့်မှန်းထားပြီး အတွင်းခန်းမှာကတော့ Urraco ရဲ့ ပုံစံကို ဆက်လက် ယူဆောင်ထားနိုင်မယ်လို့ သိရပါတယ်။ အဆိုပါ ကားဟာ ၁၉၇၂ ခုနှစ်တုန်းက နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့  2+2 လေးယောက်စီး Gran Tourer နောက်ဆုံးသော ကားလည်း ဖြစ်ပါတယ်။ အဆိုပါ ကားက ၁၉၇၉ ခုနှစ် အထိ ဈေးကွက်ထဲ ဆက်ရှိခဲ့ပြီး အစီးရေ ၈၀၀ အောက် လောက်အ‌ထိ ထုတ်လုပ် ရောင်းချခဲ့ရပါတယ်။ အခု ဆိုရင်တော့ အဆိုပါ လျှပ်စစ်သီးသန့် Lamborghini ကားရဲ့ ပုံရိပ် ဘယ်လို ဖြစ်မလဲ ဆိုတာ ကို Revuelto ဆိုတဲ့ နာမည်လေး နဲ့ ဒီဂျစ်တယ် ပုံရိပ်ကြမ်း ဖန်တီး ပေးထားတာ ကိုပါ မြင်ရပြီ ဖြစ်ပါတယ်။ အဆိုပါ နာမည်ကတော့  ဥရောပသမဂ္ဂ EU ရဲ့ Intellectual Property Office ရုံးမှာ Lamborghini တို့ မှတ်ပုံတင်ထားခဲ့တဲ့ နောက်ထပ် နာမည်တစ်ခုလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ပုံကြမ်း ဒီဇိုင်းမှာတော့ ယခင်တုန်းက သီးသန့် Limited Edition အဖြစ် ထွက်ခဲ့ဖူးတဲ့ Sian FKP 37 ဆိုတဲ့ ကားကို ပြန်လည် မှီငြမ်းကာ ခပ်ချွန်ချွန်လေးထောင့် ကျကျ Crossover တစ်စီးအဖြစ် ဖော်ကျူး ကြည့်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယာဉ်သစ်ထွက်လာမယ် ဆိုတဲ့ ၂၀၂၈ က အတော်လေး ဝေးလွန်းနေသေးပြီး ကြားထဲမှာ အပြောင်းအလဲလည်း အရမ်းကြီးများနိုင် လွန်းပါသေးတယ်။ ဒါပေမယ့် သေချာပေါက် မျှော်လင့်နိုင်တာ ကတော့ Electric Car Platform သီးသန့် တစ်ခုပေါ်မှာ ဖန်တီးထားမယ်ဆိုတဲ့ အချက်ဖြစ်ပြီး အထူးသဖြင့် Overhang တွေ ခပ်တိုတိုနဲ့ Wheelbase ရှည်ရှည် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် Lamborghini ဘက်ကတော့ ၄ ယောက် စီး ဆိုပေမယ့် ထိုင်ခုံ ၂ လုံးတွဲစီ ပုံစံမျိုးနဲ့ သီးသန့်ဆန်လာနိုင်ပြီး အနောက်ဘက် ခရီးသည်နေရာက အရမ်းတော့ အကျယ်ကြီး မဖြစ်လာနိုင်ပါဘူး။ အဲ့ဒီအစား ဒုတိယမြောက် မျိုးဆက် Urus မှာသာ ပိုကျယ်တဲ့ အတွင်းခန်းကို မျှော်လင့်လို့ ရလာနိုင်ပြီး Twin-Turbo V8 Engine မပါတော့မယ့် Hybrid Urus ဖြစ်သွားတာကလွဲလို့ နေရာ ပိုကျယ်လာမှာပါ။ အခုလိုမျိုး ကုမ္ပဏီတိုင်းက လျှပ်စစ်စွမ်းအင် ဘက် တစ်နည်းမဟုတ် တစ်နည်းပြောင်းနေကြတဲ့ အခြေအနေ မှာတော့ Lamborghini တို့ကလည်း လာမယ့် ၂၀၃၀ နောက်အစောပိုင်းလောက် အရောက်မှာတင် လျှပ်စစ် သီးသန့်ကား Lineup တွေ ဖြစ်သွားမယ်လို့ ရည်မှန်းထားတာပါ။ ဒါပေမယ့် လတ်တလောမှာတော့ ဂတ်စ် အင်ဂျင် တပ်ထားမယ့် Urus အသစ်ကို မကြာခင် မြင်ရတော့မှာဖြစ်ပြီး အခုနှစ်ကုန်ပိုင်း လောက်မှာတင်ပဲ Huracan Sterrato လို ကားအမြင့်ကို Naturally Aspirated V 10 Engine မျိုးနဲ့ ထွက်လာတာ ဆက်မြင်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com