ဘယ်ကားမဆို အားနည်းချက် အားသာချက်တွေ ရှိစမြဲ ဆိုပေမယ့် အခု Lamborghini Huracan STO ဆိုတာ ကတော့ ရှားရှားပါးပါး အပြစ်ရှာမရ လောက်အောင် ကောင်းတဲ့ စူပါကားတစ်စီး ဖြစ်ပါတယ်။ ကားရဲ့ တည်ဆောက်ထားတဲ့ အင်ဂျင်နီယာ ပိုင်းတွေအရကို အတော်လေး စွဲလန်းစရာဖြစ်ပြီး လုံးဝ လုံခြုံစိတ်ချရတဲ့ အသွင်ကိုလည်း ပေးထားနိုင် တာပါ။ အခုလို တကယ်ပြီးပြည့်စုံတဲ့ ကားတစ်စီးအဖြစ် ထုတ်လုပ်ပေးထားနိုင် တဲ့ ဆိုပေမယ့်လည်း အလှဆင် ချင်သူ‌ ၊ ပြင်ဆင်ချင် သေးသူတွေအတွက်ကလည်း နေရာရှာလို့ ရစမြဲပါပဲ။ အခုဆိုရင်တော့ အဆိုပါ Supercar အတွက် ပိုကောင်းစေမယ့် အဆင့်မြှင့်တင်‌မှုတွေကို ယခင်လည်း နာမည်ကြီး ဖန်တီးမှုတွေ လုပ်ပေးခဲ့ဖူးတဲ့ Novitec တို့က ထူးထူးခြားခြား စီစဉ်လာတာ တွေ့ရပါတယ်။ ပုံမှန်အတိုင်းပဲ အဆင့်မြှင့်တင် ပေးထားမှုမှာတော့ ပုံပန်းသွင်ပြင် လှပဖို့ ကိုပဲ ပိုဦးစားပေးထားတယ် ဆိုပေ မယ့်လို့ စက်ပိုင်းဆိုင်ရာပါ စွမ်းဆောင်ရည် ပိုကောင်းအောင် စီစဉ်ပေးထား ပြန်တာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အခု မူလ STO ကားမှာတင်ပဲ ၇၅% သော ကာဗွန်တွေနဲ့ ဖန်တီးပေးထားတာ ဖြစ်ပေမယ့် Novitec တို့ ကတော့ သူတို့ရဲ့ ပြန်လည် ပြင်ဆင်ပေးထားတဲ့ Rocker Panels တွေ ထပ်ရောပြီး ပိုကြည့်အောင် လုပ်ပေး လာပါတယ်။ အခု ပစ္စည်းအသစ်တွေကြောင့် စူပါကားကြီးက နဂိုထက် ပိုကြွတက်လာတဲ့ အသွင်ကို ပေးလာ နိုင်ကာ အနောက်ဘက်ဘီးတွေနဲ့အရှေ့က  ပိုကြီးလာတဲ့ Air Intake တွေကိုလည်းကားနဲ့ လိုက်ဖက်အောင် ထပ်ထည့်ပေးထား ပါသေးတယ်။ အထူးသဖြင့် အခုလို ထည့်ပေးထားတာကတော့ ဒီဇိုင်းပိုင်း ကောင်းသွားရုံ တင် မဟုတ်ပဲ အင်ဂျင်ပိုအေးဖို့ပါ အထောက်အကူ ပြုနေပြီး အနောက်ဘက် တံခါးတွေအတွက်လည်း Air Intake တွေ ထပ်ထည့်ပေးထားသေးလို့ အင်ဂျင်အတွက် အတော်လေး အထောက်အကူ ပြုပါတယ်။ ကားရဲ့ ဘက်မှန်တွေ အတွက်လည်း ပိုလှတဲ့ အနက်ရောင် ပြောင် Carbon Fiber တွေကို ရနိုင်ပါသေးတယ်။ ခန့်မှန်းထားတဲ့ အတိုင်း Novitec တို့ ကတော့ ထုံးစံအတိုင်း NL4 Forged Centerlock ဘီးအသစ်တွေကို American Brand Vossen ပေါင်းကာ အခုကားမှာ ထည့်ပေးထားပြီပဲ ဖြစ်ပါတယ်။ အရောင်ပိုင်း ကတော့ အဆိုပါ ဘီးတွေ အတွက်တင် ၇၂ ရောင် အထိကို ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပြီး အရောင် တစ်ရောင်ချင်းစီ ကိုမှ သာမန် Brush အလှလား ပေါ်လစ် တင်ထားတဲ့ ပုံလားဆိုပြီး ရွေးနိုင်ဦးမှာပါ။ လက်မ ၂၀ အရွယ် ဘီးတွေ ကို အရှေ့ဘက်မှာ တပ်ဆင်နိုင်မှာဖြစ်ပြီး ၂၁ လက်မ အရွယ် ဘီးတွေကိုတော့ အနောက်ဘက်မှာ တပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ဘီးတွေကိုမှ ကုမ္ပဏီက နဂိုထုတ်ပေးထားတဲ့ Front Lift System နဲ့ လိုက်ဖက်အောင် Four-Way KW Coilovers တွေကို တပ်ဆင်ပေးထား ပါသေးတယ်။ ဒါကြောင့် ကားရဲ့ အနေအထားကို ပုံစံ ၁၄ မျိုး အထိ အနှိမ့်အမြင့် လုပ်လို့ ရတော့မှာပဲ ဖြစ်ပါတယ်။ ပိုကောင်းတာ တစ်ခုကတော့ Novitec ရဲ့ Sport Springs တွေကိုလည်း တပ်ဆင်လို့ ရသွားတာ ဖြစ်ပြီး ကားကို ပုံမှန်ထက် ၁.၁၈ လက်မလောက် အထိကို နိမ့်ဆင်းသွား စေနိုင်ပါတယ်။ စွမ်းဆောင်ရည် ပိုင်းမှာတော့ ကားရဲ့ အိတ်ဇောစနစ် ပိုကောင်းစေဖို့ အတွက် Stainless Steel ဒါမှမဟုတ် Inconel ဘာကို သုံးမလဲ ဆိုပြီး ရွေးချယ်တပ်ဆင် နိုင်အောင် စီစဉ်ပေးထားလို့ ပိုကောင်းလာဖို့ရှိပါတယ်။ ဒါ့အပြင် ၁၁၁ မီလီမီတာ အချင်းရှိတဲ့ Tips တွေနဲ့အခြားသော Matte ဒါမှမဟုတ် Gloss Carbon Embellishers တွေအပြင် အိတ်ဇော ပိုက်တွေ ကိုပိုကြည့်ကောင်း သွားအောင် ရွှေရောင် လေးတွေနဲ့လည်း အုပ်ပေးထား သေးတာပဲ ဖြစ်ပါတယ်။ ကားအတွက် အခုလို သီးသန့် ထုတ်ပေးလာတဲ့ Package ဈေးနှုန်းကို မသိရသေး ပေမယ့်လည်း ဈေးသက်သက်သာသာ Package တစ်ခု မဟုတ်ဘူး ဆို တာကတော့ သေချာ‌နေပါတယ်။

Ref: carbuzz.com