Lamborghini Huracan ကိုမှ လမ်းကြမ်းပိုင်းအတွက် ပိုကြမ်းလို့ကောင်းမယ့် စူပါကားတစ်စီးကို ချပြလာမယ်လို့ Lamborghini တို့ အတည်ပြုရင်း ပုံရိပ်သစ်တွေပါ ချပြခဲ့ဖူးပါတယ်။ အဆိုပါ ကားတစ်စီးလုံးရဲ့ Concept နဲ့ နာမည် တို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက Huracan Sterrato Concept ဆိုတဲ့ နာမည်နဲ့ စတင်ချပြခဲ့ဖူးပြီး အခုဆိုရင် တော့ စမ်းသပ်နေပြီဖြစ်တဲ့ ထုတ်လုပ်တဲ့ အဆင့်ကား Spy Shots တွေပါ ထပ်မံ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Lambo တွေထဲမှာမှ အမြင့် Version ဖြစ်လာမယ့် အခုကားကို လမ်းမတွေထက် စတေကာတွေအုပ်ပြီး စမ်းသပ် နေတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြင်ဘက်မှာ အနက်ရောင် တိပ်တစ်ချို့ကပ်ထားတဲ့ နေရာလေးတွေက လွဲလို့ ကျန်အပိုင်းတွေမှာ သိပ်ဖုံးကွယ်ထားစရာ မရှိတဲ့ပုံပါပဲ။ လမ်းကြမ်းပိုင်း ပုံစံယူထားတဲ့ Supercar မှာတော့ လက်မ ၂၀ အရွယ် ဘီးတွေ ကို ကုပ်အားပိုကောင်းတဲ့ ဆောင်းတွင်း သီးသန့်သုံး တာယာတွေနဲ့ ပေါင်းစပ်လာဖို့ ရှိပါတယ်။ ဒါ့အပြင် အရှေ့မှာလည်း အတော်လေးကြီးမားတဲ့ အင်ဂျင်စက်ဖုံးကို တပ်ဆင်ပေးထားတာကြောင့် လျှပ်စစ်မဟုတ်သေး ပဲ အင်ဂျင်နဲ့ပဲ ဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းလို့ ရနိုင်ပါတယ်။

Photo Credit: motor 1.com

Huracan Evo ကားပေါ်မှာ အခြေခံထားတာ ဖြစ်တဲ့အတွက် အခုကားမှာ ကိုယ်ထည်ပိုင်း အပြောင်းအလဲတွေ ကိုဆက်လုပ်ထားပြီး တာယာအကြီးစားတွေနဲ့ လိုက်ဖက်မယ့် Lifted Suspension စနစ်ကိုလည်း ပြောင်းပေးထား လိုက်ပါတယ်။ V10 Engine ရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း Four-Wheel Drive ပါ မောင်းလို့ရသလို ကားရဲ့ Drive Mode တွေထဲမှာတော့ သာမန်ထက် ပိုကောင်းတဲ့ Driving Mode လမ်းကြမ်း ပိုင်းအသားပေး တစ်မျိုး ပါလာဖို့များ‌ နေပါသေးတယ်။ Sterrato Concept တုန်းက မြင်ခဲ့ရတဲ့ကားနဲ့ လက်တွေ့ကိုယှဉ်ကြည့်မယ် ဆိုရင်တော့ အခု တကယ် ထုတ်လုပ်တဲ့အခါမှာ Standard Huracan ထက် 1.85 လက်မလောက် ပိုမြင့်လာပါတယ်။ ဒါ့အပြင် အဆိုပါ Concept ကားမှာကတည်းက 640 hp ရှိတဲ့ V10 Engine နဲ့ Torque Vectoring ၊ All-Wheel စတီယာတိုင်တို့ ပါဝင် တဲ့ All-Wheel Drive စနစ် တွေကို ချပြထားခဲ့တာပါ။ ဒါကြောင့်လည်း အခုလိုစနစ်အတော်များများကို တကယ့် ထုတ်လုပ်တဲ့ အဆင့်ကားမှာပါ ချပြလာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ရပါတယ်။

Photo Credit: motor 1.com

ကားရောင်းချဖို့ ဆိုရင်တော့ Lamborghini က အဆိုပါကားကို စုစုပေါင်း အစီးရေ ၁,၀၀၀ သာ ထုတ်လုပ် ရောင်းချ ဖို့ ရည်မှန်းထားတာပါ။ လက်ရှိမှာ ကားသစ်ကို ဘယ်တော့လောက် ချပြမလဲ မသိရသေးပေမယ့် လတ်တလော မြင်ထားရတဲ့ Teaser ပုံရိပ် သစ်တွေအရ ဆိုရင်တော့ အခုနှစ်မကုန်ခင် လောက်မှာတင် ကားကို မြင်လာရနိုင်မယ် လို့တော့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com