Lamborghini ရဲ့ Huracan ကား နေရာမှာ အစားထိုး ဝင်ရောက်လာမယ့် ကားသစ်အကြောင်းကို မသိရသေးပေမယ့် Entry-Level Coupe တစ်စီးဖြစ်တဲ့ Huracan ကတော့ ၂၀၁၃ ကတည်းက ထွက်ရှိခဲ့တာဖြစ်လို့ ဆက်ပြီး မထုတ်တော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ မသေချာသေးပေမယ့်လည်း ၂၀၂၄ အရောက် မှာ အဆိုပါ ကား နေရာကားသစ် တစ်စီး အစားဝင်လာမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပြီး Auto Express ရဲ့ ဖော်ပြချက် အရ Lamborghini အနေနဲ့ နောက်ကားသစ်မှာ Plug-In Hybrid အနေနဲ့ ရလာနိုင်မယ်ဆိုပြီး အတည်ပြု ပေးလိုက်တယ်လို့ သိရပါတယ်။ Auto Express ရဲ့ သတင်းအရတော့ အဆိုပါ PHEV ကားသစ်ကို လာမယ့်နှစ်မှာ အစောဆုံး အနေနဲ့ ထုတ်လုပ်ပေးလာနိုင်တာ ဖြစ်ပါတယ်။ Lamborghini ရဲ့ CTO ဖြစ်သူ Rouven Mohr ကလည်း အခုကားအသစ် အတွက်ကို လျှပ်စစ်မော်တာနဲ့ အတူ ၆ လုံး ထိုးထက်သာပြီး ၁၂ လုံး ထိုးထက်တော့ မပိုမယ့် အင်ဂျင် နဲ့ တွဲဖက် ပေးလာလိမ့်မယ်လို့ အတည်ပြု ပေးခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ အင်ဂျင်ကတော့ Lamborghini အတွက် Bespoke Engine အသစ်လည်း ဖြစ်လာတော့မှာပါ။ ဒါပေမယ့် Mohr ကတော့ ဒီကားအင်ဂျင်သစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အတည်ပြုပေးဖို့တော့ လိုဦးမယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: motor 1.com

Lamborghini ကတော့ လာမယ့် ၂၀၂၄ အဆုံးသတ်မှာ သူတို့ရဲ့ ကားတိုင်းကို Hybrid Engine အနေနဲ့ ရွေးချယ် လို့ရအောင် ထည့်ပေးလာနိုင်ဖို့ စီစဉ်နေပါ တယ်။ လျှပ်စစ်သီးသန့် ကားအပိုင်းကိုလည်း ရင်းနှီးမြုပ်နှံ နေခဲ့တဲ့ Lamborghini ဟာ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်သီးသန့်ကားကို အခု ဆယ်စုနှစ်ရဲ့ ဒုတိယပိုင်း လောက်မှာပါ ချပြလာနိုင်ပြီး အဆိုပါ ကားသစ်ကတော့ လေးယောက် စီး GT Car ဖြစ်လာလိမ့်မယ်လို့ သိထားရပါတယ်။ နောက်ထပ် Hybrid ကားအသွင် ပြောင်းပေးနိုင်မယ့် Lamborghini ကားကတော့ Urus ဖြစ်ပြီး အခု ပထမဆုံးအနေနဲ့ ၂၀၂၃ အရောက်မှာ Aventador မျိုးဆက်သစ်ကားကို အရင်ပြောင်းပေး တော့မှာပါ။ အခုလ အစောပိုင်း တုန်းကတော့ အဆိုပါ ကားသစ်ကို Crossover အနေနဲ့ Spy Shots တွေရခဲ့ပြီး Porsche ရဲ့ မူလ Twin-Turbocharged 4.0 Liter V 8 Hybrid အင်ဂျင်သုံးထားနိုင်ပါတယ်။ အဆိုပါ အင်ဂျင်ကိုတော့ Panamera Turbo S E-Hybrid ကားမှာတုန်းက လည်းမြင်ခဲ့ ရပြီး 689 hp အထိ စွမ်းဆောင်ထားနိုင်တာကို တွေ့ခဲ့ရတာပါ။ ဒါ့အပြင် အခြားသော အတည်မပြု နိုင်သေးတဲ့ သတင်းတွေအရတော့ အဆိုပါ အင်ဂျင်ကိုသာ ဒီကားမှာ တကယ်သုံးနိုင်ရင် 820 hp အထိ ရှိမယ်လို့ ခန့်မှန်းထား ကြပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် သတင်းတွေ အရတော့ Lamborghini ဟာ အဆိုပါ Bespoke Engine အသစ်ကို ကုမ္ပဏီမှာပဲ ကိုယ်တိုင် ဖန်တီးမယ်လို့လည်း ကြားသိနေရပြီး တကယ်သာဖြစ်လာခဲ့မယ် ဆိုရင်တော့ 850 hp အထိ စွမ်းဆောင်လာ နိုင်ပါတယ်။ ဒီစွမ်းဆောင်ရည်နဲ့သာ ဆိုရင်တော့ အဆိုပါ အင်ဂျင်အသစ်က လက်ရှိကား ထက် အတော်လေးကို တိုးတက်လာနိုင်ပြီး ကားကို 5.2 Liter V 10 Engine နဲ့ လျှပ်စစ်မော်တာ ပေါင်းထားတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။ Huracan ရဲ့ မျိုးဆက်သစ် Hybrid အင်ဂျင်နဲ့ ကားကိုတော့ အစောဆုံး အနေနဲ့ဆိုရင် လာမယ့် နှစ်မှာ မြင်တွေ့ ရနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဆို ပါ ကားရဲ့ နောက်မျိုးဆက်သစ်အနေနဲ့ ထွက်လာမှာ လား အသစ်တစ်စီး အနေနဲ့ အစားထိုးဝင်ရောက်လာမှာလား ဆိုတာက‌တော့ အတိအကျ မသိရသေးပါဘူး။ ဒီကြားထဲမှာတော့ နောက်ဆုံးသော ICE အင်ဂျင် နဲ့ Huracan ကားကို အခုနှစ်အတွင်း ထွက်လာဦးမှာဖြစ်ပြီး ဘယ်တော့လောက် ဆိုတာတော့ အတည်မပြုနိုင် သေးတာကြောင့် သေချာစောင့်ကြည့် ရဦးမှာပါ။

Ref: motor 1.com