ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကပဲ ရုရှားအခြေစိုက်ကားကုမ္ပဏီ Lada ကနေ သူတို့ရဲ့ထုတ်လုပ်ခဲ့ဖူးသမျှအကြမ်း ဆုံး Off- Road ကားကောင်း တစ်စီးအဖြစ် Niva Bronto ကို ချပြခဲ့ ဖူးပါတယ်။ ဒါပေမယ့် ပိုကောင်းတာ တစ်ခုကတော့ Niva ကား Platform က စက်ရုံက ထုတ်လုပ်ပေးလိုက်တာထက် အများကြီး ပိုကောင်းသွား အောင် Tuning လုပ် ပြင်ဆင် လို့ ရနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားတွေကို အမျိုးမျိုး ပြန်လည် ပြင်ဆင် ကြတဲ့အထဲ အကောင်းဆုံး ဥပမာတစ်ခု ကို ပေးရမယ်ဆိုရင်တော့ ဂျာမနီအခြေစိုက် ZUBR ဆိုတဲ့ ကုမ္ပဏီ ကနေ ပြန်လည် ဖန်တီးထားတဲ့ ကားကို ပြသရတော့ မှာပါ။ အဆိုပါ ကားကိုတော့ လက်ရှိမှာ အားလုံးပြန် လည်ပြင်ဆင်ထားပြီးဖြစ်လို့ ရောင်းချဖို့ အသင့် ဆိုပေမယ့် ဈေးနှုန်းကတော့ တကယ်ကို မနည်းလှတာ တွေ့ ရပါတယ်။
အခု မြင်ရတဲ့ ကားကတော့ Niva Monster ကားကို အခြေခံကာ Suspension ပိုင်း ကောင်းကောင်း မြှင့် တင်ထားတာ ဖြစ်ပြီးသာမန်မူလ ကားထက် ၅.၉ လက်မလောက် ပိုပြီး မြင့်ပါတယ်။ ဒါကြောင့် ကားရဲ့ မြေ ပြင်ကင်းလွတ် အမြင့် ကလည်း ၉.၂၅ လက်မ အထိတောင် ရှိနေတာပါ။ ဒီ အနေအထားကတော့ Ford Bronco Raptor နဲ့ ဆိုရင်တောင် ဘယ်လိုမှ လိုက်ဖက်ယှဉ်ဖို့ မလွယ်တဲ့ကား အခြေအနေ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားတာယာ ကြီးတွေ ကလည်း တကယ်ကို ကြီးမားတဲ့ Dynapro MT တာယာတွေကို သုံးပေးထားပြီး Snorkel လည်း တပ်ဆင် ထားသေးတာ ကြောင့် ဘယ်လောက် လမ်းကြမ်းကြမ်း ကောင်း ကောင်း မောင်းလို့ ရနေမှာပါ။ ကားကို ကြည့်လိုက်တာ နဲ့တင် မူလအရသာ မမြင်ရတော့တာ သေချာပြီး လမ်းကြမ်း သုံးတာယာတွေနဲ့ လိုက်ဖက်နေအောင် ပိုကျယ်တဲ့ Wheel Arches တွေနဲ့ပါ တွဲဖက် ပေးထား တာဖြစ်ပြီး အနက်ရောင် Matte ဘန်ဘာတွေကလည်း ကားရဲ့ ထောင့်ချိုးတွေကို ပိုကြည့်ကောင်းနေစေပါ တယ်။ ဒါတင်မကသေးပဲ Full Size တာယာအပို ထည့်ထားဖို့အတွက် နေရာကိုလည်း စိတ်ကြိုက် ဖန်တီး ပေးထား ပါသေးတယ်။ အပြင်ဘက် ကားအရောင်ကတော့ Matte အစိမ်းရောင် ဖြစ်ပြီး ဖုန်းတွေ ရွှံ့တွေက နေ လည်း ကောင်းကောင်း ကာကွယ်ပေးနိုင်မယ့် အလွှာတစ်ခု ထပ်မံအုပ်ပေးထားသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားအရှေ့က အဝိုင်းပုံစံ LED Headlight တွေကတော့ ကားရဲ့ မူလအရသာ မပျက်စေဖို့ ထည့် ပေးထားတာ ဖြစ်ပြီးမြင်ကွင်း ပိုကောင်းစေမယ့် မီးလုံးကြီးတွေလည်း ဖြစ်ပါတယ်။
ကားရဲ့ ပုံစံတွေ အတော်ပြောင်းသွားပေမယ့်လည်း အင်ဂျင်ပိုင်းကတော့ မူလအတိုင်းပဲ ဆက်ရှိနေမှာ ဖြစ်ပြီး Archaic 1.7 Liter Naturally Aspirated Engine ပဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Four-Cylinder ဆိုတဲ့ ရုန်းအားကြောင့် 82 hp နဲ့ 95 lb-ft Torque အထိ မောင်းနှင်နိုင်ပါလိမ့်မယ်။ ကားကတော့ All-Wheel Drive စနစ် နဲ့ ဖြစ်ပြီးဂီယာ ပိုင်းမှာလည်း Five-Speed Manual Gearbox ကိုပဲ တပ်ဆင်ပေးထား သေးတာ ဖြစ်ပါတယ်။ အခုလို သေသေချာချာ ပြန်လည် ပြုပြင် ပြင်ဆင်ထားတဲ့ ကားအသစ်ကိုတော့ ဂျာမနီ ဈေးကွက်ထဲမှာ ဝယ်ယူနိုင်မှာဖြစ်ပြီး $ 49,018 လောက် အထိ ကျသင့် မှာပါ။ ဒါက ဈေးများတယ် ဆိုပေ မယ့်လည်း ပိုပြီးထူးခြားတဲ့ အစီအစဉ် တစ်ခုကတော့ ZUBR ကုမ္ပဏီ အနေနဲ့ တကယ်လို့ သင်တို့က သီးသန့် အရောင်နဲ့ လိုချင်တယ်ဆိုရင် ကိုယ့်အတွက် စိတ်ကြိုက် ဒီဇိုင်းဆွဲပြီး ဖန်တီးပေးမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ကားလိုချင်သူတွေ အဖို့ကတော့ အချိန် ၃ လ လောက် စောင့်ဆိုင်းပေးရမှာပါ။
Ref: motor 1.com