Koenigsegg Hypercar ကားသစ်တွေထွက်ရှိလာဖို့က တကယ့်ကိုကြာမြင့်တာဖြစ်ပြီး ကြာချိန်က လပေါင်း များစွာတင်မကပဲ နှစ်ပေါင်းများစွာပါ ကြာမြင့်တတ်တာပါ။ ဒီလို ကြာမြင့်ရတဲ့ အကြောင်းတွေထဲက တစ်ခု ကတော့ ဆွီဒင်နိုင်ငံ ၊ Aengelholm မှာ တည်ရှိတဲ့ Koenigsegg ရဲ့ လက်ရှိစက်ရုံက ထုတ်လုပ်မှုအတွက် အကန့်အသတ် ရှိနေတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ စက်ရုံကတော့ ယခင်တုန်းက ဆွီဒင် လေတပ်ရဲ့ လေတပ်စု ၄ စု ရဲ့ကွင်းလေးကွင်းကို ပေါင်းစပ်ကာ Koenigsegg က စက်ရုံဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့ခေတ်က Hypercars တွေကို တောင်းဆိုမှုမြင့်မားတဲ့အချိန်ဖြစ်တာကြောင့် Koenigsegg က လက်ရှိ စက်ရုံနဲ့ ချိတ်ဆက်ပြီး နောက်ထပ် စက်ရုံအသစ်တစ်ခုကို တိုးချဲ့ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ စက်ရုံသစ် ပြီးစီးမယ့် အချိန်ကို ကြေညာထားခြင်းမရှိသေးပေမယ့်လည်း ၂၀၂၀ ခုနှစ်က ထုတ်ဖော်ပြသခဲ့တဲ့ Gemera Four-Seater ကားကို အဆိုပါ စက်ရုံမှာထုတ်လုပ်သွားဖို့ ရည်မှန်း ထားပြီး အစီးရေ ၃၀၀ အထိ ထုတ်လုပ်သွားမှာ ဖြစ်တာကြောင့် ယခင် မော်ဒယ်တွေထက် ၃ ဆ ပိုမိုများပြား ပါတယ်။ အဆိုပါစက်ရုံသစ်မှာတော့ ရုံးခန်းအသစ်တွေ၊ Showroom နဲ့ Retail Area၊ Customer Lounge တွေပါဝင်လာမှာပါ။ ဒါ့အပြင် ကားတွေကို မဖြန့်ချီမှီ အကြိုစစ်ဆေးဖို့၊ Prototype တွေကို စမ်းသပ်ဖို့နဲ့ ဝယ် ယူသူတွေကိုယ်တိုင် စမ်းသပ်မောင်းနှင်နိုင်ဖို့ စမ်းသပ်ကွင်းတစ်ခု ပါဝင်လာမှာပါ။ ဒါတင်မကသေးပဲ ကာဗွန် ထုတ်လုပ်မှုလျော့နည်းတဲ့ ကုမ္ပဏီဖြစ်စေဖို့အတွက် Solar Panels တွေကိုလည်း တပ်ဆင်သွားမှာ ဖြစ်ပါ တယ်။
Koenigsegg ကတော့ ပရိတ်သတ်တွေဝင်ရောက်ကြည့်ရှုနိုင်ဖို့ Experience Center တစ်ခုကိုလည်း တည် ဆောက်ဖို့ ရည်ရွယ်ထားပြီး အဆိုပါစင်တာမှာတော့ အတိတ်နဲ့ ပစ္စုပ္ပန်က ကားတွေကို ပြသသွားမှာ ဖြစ်သ လို အခြားသောအခမ်းအနားတွေကိုလည်း ကျင်းပသွားမှာပါ။ စက်ရုံအသစ်မှာတော့နေရာမှာတော့ ကြီးထွား လာတဲ့ Koenigsegg ရဲ့ အင်ဂျင်နီယာပိုင်းအတွက်လည်း နေရာတစ်ခုထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Koenigsegg ကတော့ သူ့ရဲ့ မကြာသေးခင်ကမှ ထုတ်ဖော်ပြသခဲ့တဲ့ Power-Dense လျှပ်စစ်မော် တာနဲ့ မော်တာနှစ်လုံးနဲ့ Inverter တစ်လုံးပါဝင်တဲ့ Electric Drive စနစ်ကို ပေါင်းစပ်ထားတဲ့နည်းပညာလို နည်းပညာအသစ် တစ်ချို့ကို လိုင်စင်စတင်ထုတ်ပေးပြီလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ မကြာခင်ကမှ Cam-Less Design နဲ့ အင်ဂျင် တစ်လုံးကို ကုမ္ပဏီက ကြေညာခဲ့ပြီး ဖော်ပြပါ ၂ မျိုးကတော့ မူလက Gemera အတွက် ရည်ရွယ်ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။
Ref: MotorAuthority