၂၀၁၉ မတ်လတုန်းကတော့ Geneva Motor Show မှာ တကယ့်ကို မင်သက်ဖွယ် ကားတစ်စီးဖြစ်တဲ့ Koenigsegg Jesko ကို မိတ်ဆက်ပြသခဲ့ပြီး နောက်တစ်နှစ်အကြာမှာတော့ အမြင့်ဆုံးအရှိန်နှုန်းကို ပစ်မှတ် ထားတဲ့ Jesko Absolut အဖြစ်ပြောင်းလဲ ဖန်တီးခဲ့ပါတယ်။ အဆိုပါ ကားက အချိန်အနည်းငယ်ကြာမြင့် သွားတာကြောင့် မေ့လောက်ပီ ထင်ရပေမယ့်လည်း တကယ်တော့ ကောင်းမွန်စွာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်နေခဲ့တာပါ။

Photo Credit: AllAutoExperts

အဆိုပါကားက အလှပြကားတစ်စီးသာ မဟုတ်ဘူးဆိုတာကို အခုဆိုရင် Koenigsegg က သူ့ရဲ့ ပထမဆုံး Pre-Production ဖြစ်တဲ့ Grapite Grey အရောင်ကိုမှ လိမ်မော်ရောင် Markings တွေထည့်သွင်းပေးထား တဲ့ Jesko Absolut ကားရဲ့ ပုံရိပ်အသစ်တွေကို ထုတ်ဖော်ပြသလာခဲ့ပါပြီ။ အဆိုပါကားက Jesko Absolut Program ရဲ့ အခြေခံစမ်းသပ်ယာဉ်အဖြစ် အသုံးတော်ခံသွားမှာဖြစ်ပြီး Twin-Turbocharged 5.0 Liter V8 အင်ဂျင်နဲ့ Nine-Speed Gearbox ကိုတွဲဖက်ပေးထားပါတယ်။ Absolut ကားကို မောင်းနှင်ရတာက အရမ်းကို သဘာဝဆန်ကြောင်းနဲ့ အနိမ့်အမြင့်တွေနဲ့ အပြောင်းလဲတွေမှာ အလွန်သိမ်မွေ့စွာ စီးမြောနေတာ ကြောင့် အရာအားလုံးက ပိုမိုမြန်ဆန် လာတယ်လို့ ခံစားရကြောင်း Koenigsegg ရဲ့ စမ်းသပ်ယာဉ်မောင်း ဖြစ်သူ Markus Lundh ကဆိုထားပါတယ်။ အခုကားကို ဖန်တီးနေရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကမ္ဘာ့ အမြန်ဆုံး Production Car ကိုထုတ်လုပ်နိုင်ဖို့ဖြစ်ပြီး E85 လောင်စာဆီကို အသုံးပြုတဲ့အချိန်မှာ Jesko ရဲ့ V8 အင်ဂျင်က 1,600 hp အထိထုတ်လွှတ်နိုင်စွမ်းရှိနေတာပါ။

Photo Credit: AllAutoExperts

Jesko Absolut မှာတော့ Aerodynamic အဆင့်မြှင့်တင်မှုတွေ နဲ့ Nine-Speed Gear စနစ်တွေကြောင့် အမြင့်ဆုံး အရှိန် 330 mph အထိစွမ်းဆောင်နိုင်မယ့် Project တစ်ခုပါဝင်နေပါတယ်။ ကုမ္ပဏီကို တည် ထောင်သူဖြစ်တဲ့ Christian Von Koenigsegg ကတော့ အခုကားက သူတို့ကုမ္ပဏီက ဖန်တီးခဲ့သမျှကား တွေအနက် အမြန်ဆုံးကားတစ်စီး ဖြစ်လာလိမ့်မယ်လို့ ဆိုထားတာပဲ ဖြစ်ပါတယ်။ Koenigsegg Jesko Absolut ကားက 304 mph အမြန်နှုန်းနဲ့ အရပ်မျက်နှာတစ်ခုထဲကို မောင်းနှင်ကာ တရားမဝင် စံချိန်တင် ထားခဲ့တဲ့ Bugatti Chiron Super Sport 300+ ကားထက်တောင် သာလွန်သွားနိုင်တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts