Sport ဆန်ဆန် Grand Tourer ကားကောင်းတစ်စီး ဖြစ်တဲ့ Kia Stinger ကတော့ သက်တမ်းအားဖြင့်လည်း ကြာမြင့် လာသလို ထုတ်လုပ်မှု အဆုံးသတ်ရဖို့ကလည်း နီးလာခဲ့ပါပြီ။ နောက်ပိုင်းမှာ EV6 GT ကားနဲ့ တိုက်ရိုက် အစားထိုးတော့မယ့် အဆိုပါ  ကားအတွက် ပိုပြီးအမှတ်တရ ဖြစ်စေဖို့ ရည်ရွယ်ကာ Tribute Edition ဆိုတဲ့ အထူးထုတ် ကားတစ်စီး ဖန်တီးပေးလာပါတယ်။ အဆိုပါ ကားသစ်မှာတော့ Moonscape Matte မီးခိုးရောင် ဒါမှ မဟုတ် Ascot ဆိုတဲ့ အစိမ်းရောင်တို့ကို ရွေးချယ်ရနိုင်မှာဖြစ်ပြီး ဘေးဘက်ကြည့်မှန်တွေ ၊ ၁၉ လက်မ အရွယ်ဘီးတွေ နဲ့ Brembo ဘရိတ် Calipers တွေ ကိုတော့ အနက် ရောင်နဲ့ပဲ ရနိုင်မှာ ဖြစ်ပါတယ်။ တံခါးတွေကတော့ သီးသန့် Sill Plates တွေအနေနဲ့ ရနိုင်မှာဖြစ်ပြီး လယ်သာ Upholstery တွေကိုလည်း Terracotta အညိုရောင်နဲ့ ထည့်သွင်း ပေးထား ပါတယ်။ အဆိုပါ သတ္တု သားကို ပဲ ကားရဲ့ တံခါးဘောင် တွေ ၊ လက်ကိုင်တွေနဲ့ စတီယာတိုင်တို့မှာ ဆက်ပြီး သုံးပေးထားတာ တွေ့ရမှာပါ။ တံခါးဘောင်တွေနဲ့ Dashboard အပိုင်း တစ်ချို့မှာတော့ Faux Carbon Fiber Trim လေးတွေ ထပ်ထည့်ပေးထားပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ အသေးစိတ် လက်ရာတစ်ရပ်ကတော့ ကားထိုင်ခုံ နောက်မှီ တိုင်းမှာ ထည့်သွင်းပေးထားတဲ့ နားကျယ်ကောင်ပုံစံ သင်္ကေတလေးပါပဲ။

Photo Credit: motor 1.com

အခုကားရဲ့ စက်ပိုင်း ဆိုင်ရာကတော့ နဂိုမျှော်လင့်ထားတဲ့အတိုင်းပဲ GT Model က Twin Turbo 3.3 Liter V 6 အင်ဂျင် ကို သုံးထားပြီး စွမ်းဆောင်ရည် ပိုင်းကလည်း အပြောင်းအလဲမရှိပဲ 368 hp နဲ့ 376 lb-ft Torque အထိကို ရှိလာမှာပါ။ Kia ကတော့ အခု Tribute Edition ကားသစ်က Rear-Wheel Drive သီးသန့်လား ဒါမှမဟုတ် All-Wheel Drive စနစ်ကိုပါရနိုင်မှာလားဆိုတာတော့ အတိအကျ မပြောထား သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Stinger ကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ကတည်းက GT Concept အနေနဲ့ စမြင်ခဲ့ ရပေမယ့် ၂၀၁၇ အထိကို မထုတ်လုပ် ဖြစ်ခဲ့တဲ့ ကားတစ်စီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Kia က ထုတ်ခဲ့သမျှ အကောင်းဆုံး ကားတွေထဲက တစ်စီး ဖြစ်လာခဲ့ပြီးတော့ Audi A5 Sportback ဒါမှမဟုတ် BMW 4 Series Gran Coupe ကားတွေနဲ့တောင် ယှဉ်နိုင်တဲ့အထိ ဖြစ်လာခဲ့တာပါ။ ဘာပဲပြောပြော အခုချိန်မှာတော့ Crossover ၊ SUV ကားတွေနဲ့ လျှပ်စစ်ကားတွေရဲ့လွှမ်းမိုးမှု ကြောင့် ပျောက်ကွယ်ရတော့မယ့် နောက်ထပ် ကားအမျိုးအစား တစ်စီးဖြစ်လာခဲ့ပြီး V6 အင်ဂျင် ကတော့ တကယ်နှမြောစရာ ကောင်းလာမှာ သေချာပါတယ်။ အခု Tribute Edition ကားသစ်ကတော့ ကားကောင်းတစ်စီး ခေတ်သစ်တစ်ခုရဲ့ အဆုံးသတ် ဖြစ်လာခဲ့ပြီး ဈေးကွက်အစုံ အတွက် အစီးရေ ၁,၀၀၀ သာထုတ်လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com