တောင်ကိုရီးယား ကားကုမ္ပဏီ Kia ကတော့ လမ်းကြမ်းပိုင်း အဓိ‌က မောင်းနှင်နိုင်မယ့် စွမ်းဆောင်ရည်မြင့် Sportage X-Pro ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ All-New 2023 Kia Sportage X-Pro အသစ်က တော့ လမ်းကြမ်းကားမောင်း ပြိုင်ပွဲရဲ့ X-Cross Class မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး စိန်ခေါ်မှုတိုင်းကို ယှဉ်ပြိုင်နိုင်ဖို့ အတွက် လိုအပ်တာတွေ အကုန်လုံး သေချာပြင်ဆင် ထားပြီးပြီလို့လည်း သိရပါတယ်။ Sportage ကတော့နဂိုကတည်းက Platform ကောင်းကောင်းပေါ်မှာ ဖန်တီးထားတာ ဖြစ်လို့ အခု X-Pro အဖို့ ယခင်ရှိပြီးသား AWD Range အသစ်ကိုပဲ အဆင့်မြှင့်တင် လိုက်လို့ရနေတာ ဖြစ်ပါတယ်။ သာမန် လမ်းကြမ်းပိုင်း‌အတွက် ပြင်ထားတာကကို ကောင်းလွန်းနေတာကြောင့် အခုပြိုင်ပွဲဝင်မယ့် ကားသစ် မှာတော့ Kia အနေနဲ့ B.F Goodrich All-Terrain တာယာတွေ နဲ့ ၁၇ လက်မ အရွယ် ဘီးအသစ်တွေကို ထည့်ပေးလိုက် ပါတယ်။ ဒါ့အပြင် ယခင်ထက် အခု ကားအသစ် ရဲ့ မြေပြင်ကင်းလွတ် အမြင့်ကိုလည်း ၈.၃ လက်မ အထိ မြှင့်ပေးထားလိုက်တာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အခု ပြိုင်မယ့် လမ်းကြမ်းပိုင်း ကားမောင်း ပြိုင်ပွဲ ကတော့ Kia အဖို့ အောင်မြင်မှု တွေရထား ဖူးတယ်လို့ ဆိုနိုင်ပြီး ၂၀၂၀ တုန်းက ဆိုရင် Telluride ကားနဲ့ ဒုတိယနေရာ ၊ ၂၀၂၁ တုန်းကတော့ 2022 Sorrento PHEV ကားနဲ့ Podium Spots အထိ ကို ရောက်ခဲ့တာဖြစ်ပါတယ်။ အခု ကားအသစ် Sportage X-Pro ကတော့ သေချာပေါက် ထိပ်ဆုံးနေရာ ရောက်ဖို့အတွက် မျှော်လင့်ချင်စရာ ကောင်းနေပေမယ့်လည်း ပြိုင် ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရမှာမို့ ခက်ခဲ ဦးမှာပါ။ ပြိုင်ဘက် တွေထဲမှာတော့ နောက်ထပ် တောင်ကိုရီးယား ကားကုမ္ပဏီ Hyundai ကလည်း Santa Cruz နဲ့ အတူ ပထမဆုံး ဝင်ပြိုင်တော့မှာဖြစ်ကာ အစဉ်အလာ ကြီးမားပြီးသား Ford Bronco Sport နဲ့ Jeep Wrangler တို့ ကလည်း ခပ်မာမာပဲ ထိပ်ဆုံးနေရာတွေရဖို့ ကြိုးစားပြဦးမှာ သေချာပါတယ်။ Kia America ရဲ့ COO နဲ့ EVP ရာထူးရထားသူ Steve Center ကတော့ Kia ရဲ့ Lineup တွေကို အားပေးနေသူ တစ်ယောက်ဖြစ်တဲ့အပြင် လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်တွေ ဘယ်လောက် ကောင်းတယ် ဆိုတာကိုလည်း သိပြီးသားဖြစ်လို့ အခု Sportage X-Pro အသစ် က Rebella Rally လမ်းကြမ်း ပြိုင်ပွဲရဲ့ ဘယ်လိုလမ်းမျိုးကို မဆို ကောင်းကောင်း စိန်ခေါ်နိုင်မှာ သေချာနေပြီလို့ ဆိုထား ပါတယ်။ အခုနှစ် ပြိုင်ပွဲမှာ All-New Sportage က အဆင့်သင့် ဖြစ်နေတယ်လို့ ထင်ရုံမကပဲ တကယ်ကို အရာရာ အတွက် အသင့် ဖြစ်နေတာကြောင့် စိတ်လှုပ်ရှားစရာ ကောင်းနေပြီလို့လည်း Steve က ဆိုထား ခဲ့ပါသေးတယ်။

Photo Credit: CARBUZZ

Rebelle Rally ပြိုင်ပွဲ ရဲ့ တည်ထောင်သူ Emily Miller ကလည်း ဒီပြိုင်ပွဲကို Sportage X-Pro အသစ်နဲ့ ထပ် ရောက်လာတဲ့ Kia ကို စိတ်လှုပ်ရှားစွာ ကြိုဆိုတယ်လို့ ဆိုထားပြီး ပြိုင်ပွဲရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ စိန်ခေါ် မှုတွေ ကြားထဲမှာတော့ Kia ရဲ့ ကားသစ်က ကောင်းကောင်း လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အဆိုပါ ကားပြိုင်ပွဲကတော့ မြန်နှုန်းပိုင်း ပြိုင်ရုံလောက်တင် သာမကပဲ လမ်းကြောင်းမှန်မှန်နဲ့ စိန်ခေါ်မှုတိုင်း ကို ကျော်ဖြတ် မောင်းချင်ကြ သူတိုင်း အတွက် အကြိုက်တွေ့ချင်စရာ ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲကတော့ ၈ ရက်အထိ ကြာမြင့်မှာဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်သူတိုင်းက ပြိုင်ပွဲလမ်းကြောင်းနဲ့ Checkpoint တွေကို ကိုယ်တိုင်ရှာဖွေရမှာ ဖြစ်ကာ သာမန် မြေပုံ ၊သံလိုက်အိမ်မြှောင် နဲ့ လမ်းညွှန်စာအုပ်တွေပဲ သုံးရမှာဖြစ်ပြီး စမတ်ဖုန်းလို အခြားသော နည်းပညာတွေ သုံးလို့ မရပါဘူး။ အဆိုပါပွဲကြီးကိုတော့ အခုလာမယ့် အောက် တိုဘာ လ ၆ ရက် နေ့က နေ ၁၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တာကြောင့် ပွဲကျင်းပဖို့ နီးလာတာနဲ့အမျှ အသင်း တွေ ၊ ကားအကြောင်းတွေနဲ့ ပြိုင်ပွဲပုံရိပ်တွေကို တစ်စတစ်စ မြင်လာ ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com